NUAC တွင် Computer Arts ဒီပလိုမာသင်တန်းကို အချိန်ပိုင်း ဖွင့်မည်

 

အမျိုသားယဉ်ကျေးမှုနှင့် အနုပညာတက္ကသိုလ် (ရန်ကုန်) တွင် ဖွင့်လှစ်မည့် အချိန်ပိုင်း အနုပညာကွန်ပျူတာ ဒီပလိုမာသင်တန်းကို အထက်တန်း တက်ဖူးသူများနှင့် ကွန်ပျူတာအခြေခံ တက်ကျွမ်းသူများ လျှောက်ထားနိုင်သည်။ အဆိုပါသင်တန်းတွင် Graphic Design ၊ Video Editing ၊ Audio Engineering ၊ 3D/4D Modeling and Animation၊ Broadcasting တို့အပါအဝင် ဘာသာရပ် (၁၀) ခု သင်ကြားရပါမည်။ 

 

ပညာအရည်အချင်းသတ်မှတ်ချက်

  • အခြေခံပညာအထက်တန်း ၁၂ တန်း (သို့မဟုတ်) ၁၀ တန်း တက်ရောက်ခဲ့သူဖြစ်ရမည်။ 
  • ကွန်ပျူတာ အခြေခံတက်ကျွမ်းရမည်။

 

လျှောက်လွှာပုံစံရယူခြင်း

အမျိုးသားယဉ်ကျေးမှုနှင့် အနုပညာတက္ကသိုလ်(ရန်ကုန်)၊ သင်တန်းရေးရာဌာန၌ လျှောက်လွှာပုံစံများကို ၄-၁၁- ၂၀၂၄ ရက်မှ စတင်ရယူကာ ၁၉-၁၁- ၂၀၂၄ ရက်နေ့ နောက်ဆုံးထား လျှောက်ထားရမည်။

လျှောက်လွှာနှင့်အတူ အခြေခံပညာအထက်တန်း ၁၂ တန်း (သို့မဟုတ်) ၁၀ တန်း တက်ရောက်ခဲ့ကြောင်း၊ (သို့မဟုတ်) အောင်မြင်ကြောင်း ထောက်ခံချက်မိတ္တူ၊ ပတ်စ်ပို့အရွယ် ဓာတ်ပုံ (၅) ပုံတို့ကို ပူးတွဲ လျှောက်ထားရမည်။

 

သင်ကြားမည့်ဘာသာရပ်များ

(၁) Computer Basic (Word, Excel, Powerpoint)

(၂) Desktop Publishing (InDesign)

(၃) Graphic Design (Photoshop, Illustrator)

(၄) Additional Subjects (IPR, Color Theory, Typography, DBMS and GIS)

(၅) Video Editing and Special Computer Effect (Premier Pro, After Effect)

(၆) Audio Engineering (Recording, Creation, Mixing and Mastering)

(၇) Additional Subjects (Fundamental DJ, LED Management Software (Vimix) , Open Broadcaster Software (OBS Studio), Capcut Pro, Canva Pro, AI Tools) 

(၈) 3D,4D Modeling and Animation (Blander)

(၉) Professional Color Grading and Correction (DaVinci Resolve)

(၁၀)  Additional Subjects (Digital Midia Encoding,Al Tools for Media, Digital Branding And Social Media Skill)

 

သင်တန်းကာလ 

Level (၃) ခု တက်ရောက်ရမည်ဖြစ်ပြီး Level (၁) ခုလျှင် (၃) လ၊ စုစုပေါင်း (၉) လကြာမြင့်ပါမည်။ 

(၁) Level (I) - ၂၀၂၄ ခုနှစ်၊ နိုဝင်ဘာလ တတိယပတ်မှ ၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီလ တတိယပတ်အထိ

(၂) Level (II) - ၂၀၂၅ ခုနှစ်၊ မတ်လ၊ မေလမှ ဇွန်လ အထိ

(၃) Level (III) - ၂၀၂၅ ခုနှစ်၊ ဇူလိုင်လမှ စက်တင်ဘာလ အထိ

 

ရွေးချယ်နိုင်သည့် သင်တန်းချိန်များ (Level I)

Section - 1 (တနင်္လာ၊ ဗုဒ္ဓဟူး၊ သောကြာ) - နံနက် (၇) နာရီမှ (၉) နာရီ

Section- 2 (တနင်္လာ၊ ဗုဒ္ဓဟူး၊ သောကြာ) - နံနက် (၁၀) နာရီမှ (၁၂) နာရီ

Section- 3 (တနင်္လာ၊ ဗုဒ္ဓဟူး၊ သောကြာ) - နေ့လယ် (၁) နာရီမှ (၃) နာရီ

Section- 4 (စနေ၊ တနင်္ဂနွေ) - နံနက် (၉) နာရီမှ (၁၂) နာရီ

Section- 5 (စနေ၊ တနင်္ဂနွေ) - နေ့လယ် (၁) နာရီမှ ညနေ (၄) နာရီ

 

သင်တန်းသားဦးရေ

Section (၁) ခုလျှင် သင်တန်းသားဦးရေ (၄၀) ဦး လက်ခံသွားမည်ဖြစ်သည်။

 

ပေးအပ်မည့် ဒီပလိုမာလက်မှတ်

Part Time Diploma in Computer Arts (Dip.CA)

 

ဝင်ခွင့်ကြေညာမည့်ရက်နှင့် သင်တန်းဖွင့်လှစ်မည့်ရက်

၂၀ - ၁၁ - ၂၀၂၄ ရက်တွင် ဝင်ခွင့်ရရှိသူများကို ကြေညာပေးမည်ဖြစ်ပြီး ၂၁ - ၁၁ - ၂၀၂၄ ရက်တွင် သင်တန်း စတင်ဖွင့်လှစ်မည်ဖြစ်သည်။ Level တစ်ခု ပြီးမြောက်ပါက သင်တန်းပြီးမြောက်ကြောင်းလက်မှတ် ပေးအပ်မည်ဖြစ်ပါသည်။ Level သုံးခုလုံး ပြီးမြောက်သူသည် အခြေခံပညာ အထက်တန်း အောင်မြင်ပြီးသူဖြစ်ပါက ဒီပလိုမာလက်မှတ် အပ်နှင်းမည် ဖြစ်ပါသည်။

 

သင်တန်းနှင့်ပတ်သက်၍ အသေးစိတ်သိရှိလိုပါက သင်တန်းရေးရာဌာန ဖုန်း၊ ၀၉-၄၂၁၀၁၂၈၀၈၊ ၀၉-၇၈၈၁၈၉၁၈၀ တို့ကို ရုံးချိန်အတွင်း ဆက်သွယ်စုံစမ်းနိုင်ပါသည်။

============================

ပညာရေးဆိုင်ရာ သတင်းအချက်အလက် အစုံအလင်ကို
Telegram နှင့် Viber မှာလည်း အလွယ်တကူ ဖတ်ရှုနိုင်ပါတယ်။

https://t.me/eudcationguide (Telegram)

https://invite.viber.com/? (Viber)

နှစ်ပတ်တစ်ကြိမ် ပေးပို့နေတဲ့ Education Bulletin ကို
ရယူဖို့လည်း Subscribe လုပ်ထားနိုင်ပါတယ်။

https://shorturl.at/ktCaP

 

Latest Post Local News University / College Read 496 times