Sales Hotline : 09448001653       Download App



ရေကြောင်းအင်ဂျင်နီယာအရာရှိအဆင့် (၃) နှုတ်ဖြေစာမေးပွဲဝင်ရောက်ဖြေဆိုမည့်သူများအား အသိပေးခြင်း

၁။ ရေကြောင်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန၊ ရေကြောင်းအင်ဂျင်နီယာဌာနခွဲသည် ရေကြောင်းအင်ဂျင်နီယာအရာရှိ အဆင့်(၃) နှုတ်ဖြေစာမေးပွဲကို ၂၀၂၀ ပြည့်နှစ်၊ ဒီဇင်ဘာလအတွင်း ကျင်းပစစ်ဆေးရန် လျာထားဆောင်ရွက်လျက်ရှိပါသည်။

၂။ နှုတ်ဖြေစာမေးပွဲ ဖြေဆိုရန်အတွက် မျက်စိစစ်ဆေးခြင်းမှတ်တမ်းအား တင်ပြရမည်ဖြစ်ပြီး သက်တမ်းကုန်ဆုံးသွားသူများအနေဖြင့် ကြိုတင်ဆောင်ရွက်ထားရန် လိုအပ်ပါသည်။

၃။ သို့ဖြစ်ပါ၍ စာမေးပွဲ ဝင်ရောက်ဖြေဆိုမည့်သူများအနေဖြင့် ရေကြောင်းအင်ဂျင်နီယာဌာနခွဲသို့ ဆက်သွယ်အကြောင်းကြားရန် အသိပေးအပ်ပါသည်။

Latest Post News Read 523 times