အမျိုးသားစီမံခန့်ခွဲမှုပညာဒီဂရီကောလိပ်တွင် Diploma in Tourism Studies and Management (ခရီးသွားလုပ်ငန်းပညာနှင့် စီမံခန့်ခွဲမှုဆိုင်ရာ ဘွဲ့လွန်ဒီပလိုမာသင်တန်း) နှင့် Diploma in Public Policy (ပြည်သူ့ရေးရာ မူဝါဒဆိုင်ရာ ဒီပလိုမာသင်တန်း) တို့ကို ဖွင့်လှစ်ပါမည်။
အဆိုပါဒီပလိုမာသင်တန်းများအား အသိအမှတ်ပြုတက္ကသိုလ်တစ်ခုခုမှ ဘွဲ့ရရှိပြီးသူများ လျှောက်ထားနိုင်သည်။ DTSM နှင့် DPP တို့၏ သင်တန်းကာလသည် (၁) နှစ်ဖြစ်ပြီး သင်တန်းကြေးမှာ (၂) သိန်းကျပ် ဖြစ်ပါသည်။
သင်တန်းများအား ၂၀၂၆ ခုနှစ်၊ မတ်လ (၂၆) ရက်နေ့တွင် စတင် ဖွင့်လှစ်မည်ဖြစ်ပြီး တနင်္လာနေ့မှ စနေနေ့အထိ ည (၆) နာရီခွဲမှ (၈) နာရီအထိ၊ တနင်္ဂနွေနေ့တွင် ညနေ (၄) နာရီခွဲကနေ (၈) နာရီအထိ အွန်လိုင်းမှတဆင့် တက်ရောက်ရပါမည်။
သင်တန်းလျှောက်ထားလိုသူများသည် အမျိုးသားစီမံခန့်ခွဲမှုပညာဒီဂရီကောလိပ် (ကုန်သည်လမ်း၊ ၆ ထပ်ပင်မဆောင်၊ ဗိုလ်တထောင်မြို့နယ်၊ ရန်ကုန်) တွင် ဖေဖော်ဝါရီ (၂၁) ရက်နေ့မှ မတ်လ (၂၅) ရက်နေ့အထိ ရုံးချိန်အတွင်း သွားရောက်လျှောက်ထားနိုင်သည်။
လျှောက်လွှာနှင့်အတူ ပူးတွဲတင်ပြရမည့် စာရွက်စာတမ်းများ
အသေးစိတ်သိရှိလိုပါက ဖုန်းနံပါတ် ၀၁၈-၂၉၂၅၆၆၊ ၀၉-၅၀၄၇၅၁၉၊ ၀၉-၅၀၂၆၉၇၂ တို့ကို ရုံးချိန်အတွင်း ဆက်သွယ် စုံစမ်းမေးမြန်းနိုင်သည်။
========================================
ပညာရေးဆိုင်ရာ သတင်းအချက်အလက် အစုံအလင်ကို
Telegram နှင့် Viber မှာလည်း အလွယ်တကူ ဖတ်ရှုနိုင်ပါတယ်။
> https://t.me/eudcationguide (Telegram)
> https://invite.viber.com/? (Viber)
နှစ်ပတ်တစ်ကြိမ် ပေးပို့နေတဲ့ Education Bulletin ကို
ရယူဖို့လည်း Subscribe လုပ်ထားနိုင်ပါတယ်။