Sales Hotline : 09448001653       Download App



ဂျပန်နိုင်ငံ SOLIZE Engineering Cooperationတွင်လုပ်ကိုင်ရန်မြန်မာနိုင်ငံမှကျောင်းသားကိုးဦးကိုစေလွှတ်

မြန်မာနိုင်ငံရေကြောင်းပညာတက္ကသိုလ်မှ ဘွဲ့ရကျောင်းသားကျောင်းသူ ၉ ဦးသည် ဂျပန်နိုင်ငံ SOLIZE Eng-ineering Cooperation တွင် တာဝန်ထမ်းဆောင်ရန် ဒီဇင်ဘာ ၂၃ ရက်နေ့က ဂျပန်နိုင်ငံသို့ ထွက်ခွာသွားကြောင်း သိရသည်။

SOLIZE Engineering Cooperation သည် မြန်မာနိုင်ငံရေကြောင်းပညာတက္ကသိုလ်နှင့် ပညာရေး ပူးပေါင်းဆောင်ရွက်ရန် လက်မှတ်ရေးထိုးထားသည့် ကုမ္ပဏီဖြစ်ပြီး ၎င်းတို့၏အစီအစဉ်ဖြင့် မြန်မာနိုင်ငံ ရေကြောင်း ပညာတက္ကသိုလ်မှ ဘွဲ့ရကျောင်းသား (၃၅)ဦးမှာ လုပ်ငန်းခွင်သို့ ဝင်ရောက်နေပြီ ဖြစ်ကြောင်း သိရသည်။

ဆက်စပ်ဖတ်ရှုရန် >>> မြန်မာနိုင်ငံကုန်သွယ်ရေကြောင်းကောလိပ်မှကြီးကြပ်ဖွင့်လှစ်မည့်  ဒီပလိုမာ သင်တန်းများ 

ဂျပန်နိုင်ငံ SOLIZE Engineering Cooperation သည် မြန်မာနိုင်ငံရေကြောင်းပညာတက္ကသိုလ်ဘွဲ့ရ ကျောင်းသား / ကျောင်းသူများအား စက်မှုထုတ်ကုန်လုပ်ငန်းများနှင့်ပတ်သက်၍ ဒီဇိုင်းပုံစံ ရေးဆွဲပေးနိုင်သည့် နည်းပညာဆိုင်ရာ သင်တန်းအား ရန်ကုန်မြို့တွင်းနှင့် မြန်မာနိုင်ငံ ရေကြောင်း ပညာတက္ကသိုလ်တို့တွင် ၂၀၁၈ ခုနှစ် မှစ၍ (၃) ကြိမ်တိုင်  နှစ်စဉ်ဖွင့်လှစ်ပို့ချခဲ့ပြီး ယင်းသင်တန်း တက်ရောက် အောင်မြင်ခဲ့သူများအနက်မှ ၂၀၁၈ ခုနှစ်တွင် ကျောင်းသားကျောင်းသူ ၉ ဦး၊ ၂၀၁၉ ခုနှစ်တွင် ကျောင်းသားကျောင်းသူ ၁၇ ဦးတို့အား လုပ်ငန်းခွင် ဝင်ရောက်လုပ်ကိုင်ရန် စေလွှတ်ခဲ့ကြောင်း သိရသည်။

မြန်မာနိုင်ငံ ရေကြောင်းပညာတက္ကသိုလ်မှ ဘွဲ့ရကျောင်းသား/ကျောင်းသူများအား ဂျပန်နိုင်ငံတွင် လုပ်ငန်းခွင် ဝင်ရောက်နိုင်ရေးအတွက် ဂျပန်-မြန်မာပူးပေါင်းဆောင်ရွက်ရေးအသင်း (AJMMC)မှ စီစဉ်ဆောင်ရွက်ပေးခဲ့ ခြင်းဖြစ်ပြီး အသင်းအနေဖြင့် မြန်မာနိုင်ငံရေကြောင်း ပညာတက္ကသိုလ် တည်ထောင်ချိန်မှစ၍ ဂျပန်နိုင်ငံရှိ လုပ်ငန်းအဖွဲ့အစည်းများနှင့် ပညာရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုများဖြစ်သည့် လုပ်ငန်းခွင်လေ့လာရေး ခရီးစဉ်များ ၊ သုတေသနဆိုင်ရာ လုပ်ငန်းရပ်များ ၊ စာတမ်းဖတ်ပွဲများနှင့် သင်တန်းပို့ချမှုများ၌ ကူညီဆောင် ရွက်ပေးလျက်ရှိပြီး မြန်မာနိုင်ငံရေကြောင်းပညာတက္ကသိုလ်မှ ဘွဲ့ရကျောင်းသား/ကျောင်းသူ ၃၀ဝ ခန့် အား ဂျပန်နိုင်ငံရှိ လုပ်ငန်းခွင်များတွင် အလုပ်အကိုင်အခွင့်အလမ်းမျာ ရရှိနိုင်ရေးအတွက် ကူညီဆောင်ရွက် ပေးနိုင်ခဲ့ကြောင်း သိရသည်။

Source: Myanmar Digital News 

By Myanmar Education Guide (EDGE) 
 

Latest Post News Read 474 times