Sales Hotline : 09448001653       Download App



မြန်မာနိုင်ငံ၏ ရေရှည်တည်တံ့သောဖွံ့ဖြိုးတိုးတက်မှု ရည်မှန်းချက်နဲ့ သင်ရိုးသစ် အပြောင်းအလဲ

နိုင်ငံတစ်နိုင်ငံရဲ့ လူမှု၊ စီးပွား ဖွံ့ဖြိုးတိုးတက်ဖို့အတွက် အဓိကကျတဲ့ အုတ်မြစ်ဟာ ပညာရေး ဖွံ့ဖြိုးတိုးတက်မှုပဲ ဖြစ်ပါတယ်။ ပညာရေးဖွံ့ဖြိုးတိုးတက်မှုအတွက်လည်း အခြေခံပညာသင်ရိုးညွှန်းတမ်းက အဓိက ကျတာကြောင့်အရည်အသွေး ပြည့်ဝသော ပညာရေး လုပ်ငန်းများပေါ်ထွက်လာရေးအတွက် ပညာရေးဝန်ကြီးဌာနက ဘက်စုံလွှမ်းခြုံနိုင်သောပညာရေးကဏ္ဍ လေ့လာသုံးသပ်ရေးလုပ်ငန်းကို ဖော်ဆောင်ခဲ့ပြီး စဉ်ဆက်မပြတ် လေ့လာဖော်ထုတ်မှုတွေ ပြုလုပ်ခဲ့ပါတယ်။ 

သင်ရိုးညွှန်းတမ်းပြောင်းလဲမှုရဲ့ အဓိကအကြောင်းရင်း တစ်ခုဖြစ်တဲ့ ကမ္ဘာကုလသမဂ္ဂရဲ့ ရေရှည်တည်တံ့သော ဖွံ့ဖြိုးတိုးတက်ရေး ရည်မှန်းချက်များ  (Sustainable Development Goals ) ဆိုတာက ကဏ္ဍ အလိုက် ရည်မှန်းချက် ၁၇ ချက် ချမှတ် အကောင်အထည်ဖော်ဆောင်ရွက်နေတာဖြစ်ပြီး၊ ပညာရေးကဏ္ဍ အတွက် ကဏ္ဍအမှတ်(၄) အနေဖြင့် ဘက်စုံလွှမ်းခြုံနိုင်သည့် အရည်အသွေးပြည့်ဝသော အခမဲ့ ၁၂ တန်း ပညာရေးနဲ့ ဘဝတစ်သက်တာ သင်ကြားရေး အခွင့်အလမ်းတွေကို အားလုံးအတွက် မြှင့်တင်ပေးနိုင်ဖို့  ပါပဲ။ 

ဒီရည်မှန်းချက်အရ ၂၀၃၀ ပြည့်နှစ်မှာ နိုင်ငံအတွင်းရှိ မိန်းကလေး၊ ‌ယောက်ျားလေးများ အားလုံးဟာ အခမဲ့ သာတူညီမျှမှုရှိတဲ့ အရည်အသွေးပြည့်ဝသော မူလတန်းနဲ့အလယ်တန်း ပညာရေးကို ပြီးပြည့်စုစွာ သင်ယူနိုင်ပြီး ထိရောက်သော သင်ယူမှု ရလဒ်များ ရရှိနိုင်ရမှာ ဖြစ်ပါတယ်။

ကလေးငယ်များအားလုံးအတွက် ၁၂ နှစ်ပညာရေး စနစ် ရည်မှန်းချက်ဟာ မလွှမ်းခြုံနိုင်ဘူး ဆိုရင် အခြားသော စပ်ဆက်နေတဲ့   ဖွံ့ဖြိုးတိုးတက်ရေး ရည်မှန်းချက်တွေကို ရောက်ရှိနိုင်မှာ မဟုတ်တော့ပါဘူး။

ဒါကြောင့် မြန်မာနိုင်ငံအနေနဲ့ ရေရှည်တည်တံ့သော ဖွံ့ဖြိုးတိုးတက်မှုရည်မှန်းချက်များ အောင်မြင်ဖို့အတွက် ၁၂ နှစ် ပညာရေးစနစ် (KG+12) ကို မူလတန်းအဆင့်မှာ အတန်း ၅ တန်း၊ အလယ်တန်းအဆင့်မှာ အတန်း၄ တန်းနဲ့ အထက်တန်းအဆင့်မှာ အတန်း ၃ တန်းဖြင့် အားသွန်ခွန်စိုက် အကောင်အထည်ဖော်ဆောင်ရွက်နေတယ် ဆိုတဲ့အကြောင်း အသိပေးဖော်ပြလိုက်ပါတယ်။

Source: Myanmar Digital Education Platform

Latest Post Read 451 times