Sales Hotline : 09448001653       Download App



အသက်မွေးမှုအတတ်ပညာသင်တန်းကျောင်း (CVT Myanmar) က သင်တန်းသားသစ်များခေါ်ယူ

**Unicode**

၂၀၂၀ - ၂၀၂၁ ပညာသင်နှစ်အတွက် CVT အသက်မွေးမှုအတတ်ပညာသင်တန်းကျောင်းက သင်တန်းသားသစ်များခေါ်ယူနေပါသည်။ CVT အသက်မွေးမှုအတတ်ပညာသင်တန်းကျောင်းတွင် စီးပွားရေးစီမံခန့်ခွဲမှုအတတ်ပညာသင်တန်း၊ လျှပ်စစ်ကျွမ်းကျင်မှုအတတ်ပညာသင်တန်း၊ ပရိဘောဂပြုလုပ်မှုအတတ်ပညာသင်တန်း၊ ဟိုတယ်နှင့်ဧည့်ဝတ်ပြုမှုဆိုင်ရာအတတ်ပညာသင်တန်း၊ သတ္တုပစ္စည်းထုတ်လုပ်မှုအတတ်ပညာသင်တန်း၊ စွမ်းရည်မြှင့်တင်သင်တန်းများနှင့် ဆရာဖြစ်သင်တန်းသက်မွေးမှုအကြိုသင်တန်းစသည်တို့ကို ဆွစ်ဇာလန်နိုင်ငံ၏ စာတွေ့၊ လက်တွေ့အလုပ်သင် ပညာရေးပုံစံကိုအခြေခံ၍ သင်ကြားပေးမည်ဖြစ်ကြောင်းသိရပါသည်။

စီးပွားရေးစီမံခန့်ခွဲမှုအတတ်ပညာသင်တန်း၊ လျှပ်စစ်ကျွမ်းကျင်မှုအတတ်ပညာသင်တန်းနှင့် ဟိုတယ်နှင့်ဧည့်ဝတ်ပြုမှုဆိုင်ရာအတတ်ပညာသင်တန်းများကို နှစ်လသင်တန်းပေးသင်ကြားပေးလျက်ရှိပါသည်။ စကော်လာကိုလည်း (၅၀) ရာခိုင်နှုန်း အနေဖြင့် ငွေကြေးမပြည့်စုံသူ၊ ပညာကိုလိုလားပြီး သင်တန်းကိုပြီးဆုံးအောင်တက်မည့် လူငယ်များကို တစ်ဘာသာလျှင် (၃) ယောက်နှုန်းဖြင့် ရွေးချယ်ပေးအပ်မည်ဖြစ်သည်။ 

အဆိုပါသင်တန်းကျောင်းမှ သင်တန်းလျှောက်လွှာများကို ဖေဖော်ဝါရီ (၂၄) ရက်မှ စတင်လက်ခံနေပြီး သင်တန်းကိုမေလတွင် စတင်ဖွင့်လှစ်မည်ဖြစ်၍ သင်တန်းဖွင့်ရန် (၁) လအလိုတွင် ဝင်ခွင့်စာမေးပွဲဖြေဆိုရမည်ဖြစ်ကြောင်း၊ ကုမ္ပဏီတစ်ခုခုတွင် တာဝန်ထမ်းဆောင်နေသည့် ဝန်ထမ်းများလည်း လျှောက်ထားနိုင်ကြောင်း၊ ပညာအရည်အချင်းအနေဖြင့် အလယ်တန်း (၈) တန်းအောင်မြင်ပြီးသူများမှ စတင်လျှောက်ထားနိုင်ကြောင်း၊ သင်တန်းလျှောက်လွှာများကို သင်္ဃန်းကျွန်းမြို့နယ်ရှိ CVT အသက်မွေးမှုသင်တန်းကျောင်းရုံးချုပ်ကိုပေးပို့ရမည်ဖြစ်သည်။

အသက် (၁၇) နှစ်မှ (၂၆) နှစ်အတွင်းရှိသော လူငယ်များအနေဖြင့် အလုပ်သင်အသက်မွေးသင်တန်းများတက်ရောက်နိုင်ကြောင်း၊ သင်တန်းကာလပြီးဆုံးပါက စာတွေ့လက်တွေ့စာမေးပွဲဖြေဆိုရမည်ဖြစ်ပြီး အောင်မြင်ပါက Junior Professionals အဆင့်ကျွမ်းကျင်ဝန်ထမ်းလတ်မှတ်များပေးအပ်မည်ဖြစ်သည်။

Entrance Tuition ရာထူးဝင်ခွင့်သင်တန်းများ (45) Entrance Tuition နှင့်ပတ်သက်ပြီး သင်တန်း (၄၅)ခု ရှာရန်နှိပ်ပါ။

လက်ရှိတွင် အဆိုပါသင်တန်းကျောင်းတွင် သင်ကြားနေသည့် ကျောင်းသားအရေအတွက် (၈၀၀) ဝန်းကျင်ရှိပြီး သင်တန်းတက်ရောက်အောင်မြင်ပြီးသူများအနေဖြင့်လည်း CVT Myanmar နှင့် ချိတ်ဆက်ထားသော ကုမ္ပဏီများတွင် အလုပ်သင်ဝန်ထမ်းအဖြစ်လျှောက်ထားနိုင်ကြောင်းသိရသည်။

Source: Daily Eleven
 

**Zawgyi**




Entrance Tuition ရာထူးဝင်ခွင့်သင်တန်းများ (45) Entrance Tuition နှင့်ပတ်သက်ပြီး သင်တန်း (၄၅)ခု ရှာရန်နှိပ်ပါ။



Source: Daily Eleven
 

Latest Post News Read 3874 times