Sales Hotline : 09448001653       Download App



မြန်မာနိုင်ငံကွန်ပျူတာပညာရှင်များအသင်း အသိအမှတ်ပြုစာမေးပွဲကျင်းပမည်

**Zawgyi**









Read More:>>>  ယာယီဘွဲ့ ထောက်ခံစာထုတ်ရာတွင် လိုအပ်သည့် အချက်အလက်များ



Credit: Internet


**Unicode**
မြန်မာနိုင်ငံကွန်ပျူတာပညာရှင်အသင်းမှ အသိအမှတ်ပြု Net-work စာမေးပွဲကို ဒီဇင်ဘာ (၂၂) ရက်မှာကျင်းပပြုလုပ်သွားမည်ဟု သိရပါတယ်။


အဆိုပါစာမေးပွဲကို မြန်မာနိုင်ငံကွန်ပျူတာပညာရှင်အသင်းနဲ့အသင်းခွဲများရှိရာ မန္တလေးတိုင်း၊ ဧရာဝတီတိုင်း၊ ပဲခူးတိုင်း၊ မကွေးတိုင်း၊ စစ်ကိုင်းတိုင်းနဲ့ ရှမ်းပြည်နယ်၊ မွန်ပြည်နယ်၊ ကရင်ပြည်နယ်တို့မှာ တစ်ပြိုင်နက်ကျင်းပစစ်ဆေးသွားမည်ဖြစ်ပါတယ်။


မြန်မာနိုင်ငံကွန်ပျူတာပညာရှင်အသင်းရဲ့ စာမေးပွဲများမှာ အိုင်တီပညာရှင်များအဖြစ် အသက်မွေးဝမ်းကျောင်းပြုလိုတဲ့ ကျောင်းသား/သူများနဲ့ အသင်းဝင်များအတွက် အရည်အချင်းအားအသိအမှတ်ပြုခံနိုင်ရေးကို ဦးတည်စစ်ဆေးတဲ့ စာမေးပွဲဖြစ်ပါတယ်။


စာမေးပွဲအမျိုးအစားတွေကတော့ Network Associated Examination (NA Exam) နဲ့ Network Professionals Exaination (NP Exam) တို့ဖြစ်ပြီး စာမေးပွဲဖြေဆိုရမည့် အချိန်ကတော့ ဒီဇင်ဘာ (၂၂) ရက်၊ နံနက် (၉) နာရီမှနေ့လည် (၁၂) နာရီအထိဖြစ်ပါတယ်။

Read More:>>>  ယာယီဘွဲ့ ထောက်ခံစာထုတ်ရာတွင် လိုအပ်သည့် အချက်အလက်များ


စာမေးပွဲကြေးမှာ NA အတွက်နှစ်သောင်းကျပ်ဖြစ်ပြီး NP အတွက် သုံးသောင်းကျပ်ကျသင့်မည်ဖြစ်ပါတယ်။
အဆိုပါစာမေးပွဲဖြေဆိုလိုသူများအနေနဲ့ ဒီဇင်ဘာ (၁၅) ရက်နောက်ဆုံးထားစာရင်းပေးသွင်းရမှာဖြစ်ပြီး အသေးစိတ်ကို မြန်မာနိုင်ငံကွန်ပျူတာပညာရှင်အသင်း ဖုန်းနံပါတ် ၀၁-၆၅၂၂၇၆ နှင့် ၀၉-၅၀၆၇၁၆၈ ကို ဆက်သွယ်စုံစမ်းနိုင်ပါတယ်။

Credit: Internet

News Tips Latest Post Read 774 times