နေပြည်တော်တက္ကသိုလ်တွင် ဘာသာရပ်(၁၈)ခုအတွက် နည်းပြ၊ သရုပ်ပြများ ခေါ်ယူ

Naypyitaw State Academy ၏ သင်ကြားရေးဌာနများရှိ ဘာသာရပ် (၁၈) ခုတွင် နည်းပြ၊ သရုပ်ပြရာထူးများ (လစာနှုန်းကျပ် ၂၁၆၀၀၀- ၂၀၀၀-၂၂၆၀၀၀) ခန့်ထားမည်ဖြစ်ပါသည်။

သို့ဖြစ်ပါ၍ သတ်မှတ်ချက်နှင့် ကိုက်ညီသူများ လျှောက်လွှာပုံစံကို www.nsa.edu.mm တွင် Download ရယူ၍ဖြစ်စေ၊ Naypyitaw State Academy စီမံရေးရာဌာနတွင် အခမဲ့ ရယူ၍ဖြစ်စေ ဧပြီ (၂၈) ရက် နောက်ဆုံးထားပြီး လူကိုယ်တိုင်ဖြစ်စေ၊ အမြန်ချောဖြင့်ဖြစ်စေ တင်သွင်းလျှောက်ထားနိုင်ပါသည်။
 
လျှောက်ထားနိုင်သည့်ဘာသာရပ်များ

(၁) မြန်မာစာ (၂) အင်္ဂလိပ်စာ (၃) ပထဝီဝင် (၄) သမိုင်း (၅) ဒဿနိကဗေဒ (၆) ဥပဒေပညာ (၇) နိုင်ငံတကာဆက်ဆံရေးပညာ (၈) ဓာတုဗေဒ (၉) ရူပဗေဒ (၁၀) သင်္ချာ (၁၁) ကုန်ထုတ်ဓာတုဗေဒ (၁၂) နျူကလီးယားရူပဗေဒ၊ (၁၃) ဘောဂဗေဒ (၁၄) ဝါဏိဇ္ဇဗေဒ (၁၅) စာရင်းအင်းပညာ (၁၆) စီမံခန့်ခွဲမှုပညာ (၁၇) စာကြည့်တိုက်နှင့် သုတပညာ (၁၈) လူမှုရေးပညာ

လျှောက်ထားသူသည် -

- တည်ဆဲနိုင်ငံသားဖြစ်မှုဥပဒေနှင့် ကိုက်ညီသော နိုင်ငံသားဖြစ်ရမည်။

- ဘောဂဗေဒဌာနအတွက် ဘောဂဗေဒ/ ပြည်သူ့ရေးရာစီမံခန့်ခွဲမှုပညာ/ ဖွံ့ဖြိုးမှုပညာဘာသာရပ်တွင် မဟာအရည်အချင်းစစ်သင်တန်း တက်ရောက်ရန် အဆင့်မီသူဖြစ်ရမည်။ ပြည်သူ့ရေးရာစီမံန့်ခွဲမှုပညာမဟာဘွဲ့(MPA)/ ဖွံ့ဖြိုးမှုပညာမဟာဘွဲ့ (MDevS) ရရှိပြီးသူဖြစ်ပါက ပထမဘွဲ့သည် အသိအမှတ်ပြု တက္ကသိုလ်တစ်ခုခုမှ ပေးအပ်သည့် စီးပွားရေးဘာသာရပ်နှင့် သက်ဆိုင်သောဘွဲ့ ဖြစ်ရမည်။

- စာရင်းအင်းပညာဌာနအတွက် စာရင်းအင်းပညာ/ လူဦးရေပညာ ဘာသာရပ်တွင် မဟာအရည်အချင်းစစ် သင်တန်းတက်ရောက်ရန် အဆင့်မီသူ ဖြစ်ရမည်။ အသုံးချစာရင်းအင်းပညာမဟာဘွဲ့ (MAS) ရရှိပြီးသူဖြစ်ပါက ပထမဘွဲ့သည် အသိအမှတ်ပြု တက္ကသိုလ်တစ်ခုခုမှ ပေးအပ်သည့် စီးပွားရေးဘာသာရပ်နှင့် သက်ဆိုင်သောဘွဲ့ ဖြစ်ရမည်။ 

- ဝါဏိဇ္ဇဗေဒနှင့် စီမံခန့်ခွဲမှုပညာဌာနအတွက် ဝါဏိဇ္ဇဗေဒ/ စီးပွားရေးလုပ်ငန်းစီမံခန့်ခွဲမှုပညာ/ စာရင်းကိုင်ပညာ/ စီးပွားရေးလုပ်ငန်းသုံးစီမံခန့်ခွဲမှုပညာဘာသာရပ်တွင် မဟာအရည်အချင်းစစ် သင်တန်းတက်ရောက်ရန် အဆင့်မီသူ ဖြစ်ရမည်။ စီးပွားရေးလုပ်ငန်းစီမံခန့်ခွဲမှုမဟာဘွဲ့ (MBA)/ ဘဏ်လုပ်ငန်းနှင့် ဘဏ္ဍာရေးပညာမဟာဘွဲ့ (MBF)/ ဈေးကွက်စီမံခန့်ခွဲမှုပညာမဟာဘွဲ့ (MMM)/ အာမခံလုပ်ငန်းဆိုင်ရာမဟာဘွဲ့ (MI) ရရှိပြီးသူဖြစ်ပါက ပထမဘွဲ့ သည် အသိအမှတ်ပြု တက္ကသိုလ်တစ်ခုခုမှ ပေးအပ်သည့် စီးပွားရေးဘာသာရပ်နှင့် သက်ဆိုင်သောဘွဲ့ ဖြစ်ရမည်။

- ဝါဏိဇ္ဇဗေဒဌာနအတွက် ခရီးသွားလုပ်ငန်းနှင့်ဧည့်ဝန်ဆောင်မှုစီမံခန့်ခွဲမှုပညာဘာသာရပ်တွင် မဟာအရည်အချင်းစစ် သင်တန်း တက်ရောက်ရန် အဆင့်မီသူများလည်း လျှောက်ထားနိုင်သည်။ ဧည့်ဝတ်နှင့်ခရီးသွားရေးစီမံခန့်ခွဲမှုမဟာဘွဲ့ (MHTM) ရရှိပြီးသူဖြစ်ပါက ပထမဘွဲ့သည် အသိအမှတ်ပြု တက္ကသိုလ်တစ်ခုခုမှ ပေးအပ်သည့် စီးပွားရေးဘာသာရပ်နှင့် သက်ဆိုင်သောဘွဲ့ ဖြစ်ရမည်။

- ကျန်ဘာသာရပ်ဌာနအားလုံးအတွက် မဟာတန်းတက်ရောက်ရန် အဆင့်မီသူဖြစ်ရမည်။

- ၂၀၂၆ ခုနှစ်၊ ဧပြီလ (၃၀) ရက်နေ့တွင် မဟာအရည်အချင်းစစ် သင်တန်းတက်ရန် အဆင့်မီသူများနှင့် မဟာတန်း တက်ရောက်ရန် အဆင့်မီသူများ ဖြစ်ပါက အသက် (၃၅) နှစ်ထက် မကျော်သူ၊ မဟာဘွဲ့ ရရှိပြီးသူများနှင့် မဟာသုတေသနဘွဲ့ ရရှိပြီးသူများဖြစ်ပါက အသက် (၃၈) နှစ်ထက် မကျော်သူ၊ ပါရဂူဘွဲ့ ရရှိပြီးပါက အသက် (၄၀) နှစ်ထက် မကျော်လွန်သူ ဖြစ်ရမည်။

- လက်ရှိတာဝန်ထမ်းဆောင်နေသော နိုင်ငံ့ဝန်ထမ်းများသည် ၂၀၂၆ နှစ်၊ ဧပြီလ (၃၀) ရက်နေ့တွင် အသက် (၄၀) နှစ်ထက် မကျော်လွန်သူ ဖြစ်ရမည်။

- အစိုးရဌာနတစ်ခုခု၏ ရာထူးမှ ထုတ်ပယ်ခြင်း (Removal)၊ ဝန်ထမ်းအဖြစ်မှ ထုတ်ပစ်ခြင်း (Dismissal) ခံရသူများ လျှောက်ထားခွင့် မရှိပါ။ 

လျှောက်လွှာရယူရန်

> https://drive.google.com/

လျှောက်လွှာနှင့်အတူ ပူးတွဲပေးပို့ရမည့် စာရွက်စာတမ်းများ

- (၂) လအတွင်း ရိုက်ကူးထားသော လိုင်စင်ဓာတ်ပုံ (၂) ပုံ

- ပညာအရည်အချင်းအတွက် ဘွဲ့လက်မှတ်/ ဘွဲ့ထောက်ခံစာ (မိတ္တူ)

- နောက်ဆုံးနှစ် အမှတ်စာရင်း/CGPA (မူရင်း)

- အခြေခံပညာ အထက်တန်း/တက္ကသိုလ်ဝင်တန်းအောင်လက်မှတ် (မိတ္တူ)

- အကျင့်စာရိတ္တကောင်းမွန်ကြောင်း သက်ဆိုင်ရာရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး၏ (၁) လအတွင်း ထောက်ခံချက် (မူရင်း)

- ပြစ်မှုကင်းရှင်းကြောင်း သက်ဆိုင်ရာ မြန်မာနိုင်ငံရဲတပ်ဖွဲ့စခန်းမှ (၁) လအတွင်း ထောက်ခံချက်ချက် (မူရင်း)

- အလုပ်သမားမှတ်ပုံတင်ကတ်ပြား (မိတ္တူ)

- လူမှုရေးဆောင်ရွက်မှုအကျဉ်းချုပ်
 
မှတ်ချက်။  ။ လူတွေ့စစ်ဆေးခံယူမည့်အချိန်တွင် တိုက်ဆိုင်စစ်ဆေးရန် ဖော်ပြပါ အထောက်အထား မူရင်းများကို တစ်ပါတည်း ယူဆောင်သွားရမည်။

Naypyitaw State Academy တွင် အောက်ဖော်ပြပါ အစီအစဉ်အတိုင်း ရေးဖြေစာမေးပွဲ ဝင်ရောက်ဖြေဆိုရမည်။ ဖြေဆိုခွင့်ကတ်ပြားများကို မေလ (၇) ရက်နေ့တွင် Naypyitaw State Academy၊ စီမံရေးရာဌာန၌ ထုတ်ယူရမည်။ 

မြန်မာစာ - ၈-၅-၂၀၂၆ - နံနက် (၉)နာရီ မှ (၁၀)နာရီ

အင်္ဂလိပ်စာ - ၈-၅-၂၀၂၆ - နံနက် (၁၀)နာရီမှ (၁၁)နာရီ

အထွေထွေဗဟုသုတ - ၈-၅-၂၀၂၆ -  နံနက် (၁၁)နာရီ (၁၂)နာရီ

ပါရဂူဘွဲ့ရရှိပြီးသူများသည် လူတွေ့စာမေးပွဲကိုသာ ဖြေဆိုရမည်ဖြစ်ပြီး လူတွေ့စာမေးပွဲများကို Naypyitaw State Academy ၌ ၂၀၂၆ ခုနှစ်၊ မေလ (၉) ရက်နေ့နှင့် (၁၀) ရက်နေ့တို့တွင် ကျင်းပမည်ဖြစ်ပါသည်။

===================================

ပညာရေးဆိုင်ရာ သတင်းအချက်အလက် အစုံအလင်ကို
Telegram နှင့် Viber မှာလည်း အလွယ်တကူ ဖတ်ရှုနိုင်ပါတယ်။

https://t.me/eudcationguide (Telegram)

https://invite.viber.com/? (Viber)

နှစ်ပတ်တစ်ကြိမ် ပေးပို့နေတဲ့ Education Bulletin ကို
ရယူဖို့လည်း Subscribe လုပ်ထားနိုင်ပါတယ်။

https://shorturl.at/ktCaP

Latest Post Local News University / College Vocational Read 298 times