အမျိုးသားစာကြည့်တိုက် (ရန်ကုန်) တွင် အသင်းဝင်ဖြစ်ရန် အွန်လိုင်းမှ လျှောက်ထားနိုင်ပြီဖြစ်ကြောင်းနှင့် e-book များကို အီးမေလ်မှတဆင့် တောင်းယူနိုင်ပြီး စာမျက်နှာ တစ်မျက်နှာအတွက် (၂၀၀) ကျပ် ကောက်ခံမည်ဖြစ်ကြောင်း သိရသည်။
အွန်လိုင်းမှတဆင့် စာကြည့်တိုက် အသင်းဝင်ခြင်း
အမျိုးသားစာကြည့်တိုက် (ရန်ကုန်) တွင် အသင်းဝင်ဖြစ်ရန် အွန်လိုင်းမှ လျှောက်လွှာတင်နိုင်ပြီး အသင်းဝင်ကတ် ပြုလုပ်သူများသာ စာအုပ်ငှားရမ်းခွင့်ရှိကြောင်း အသိပေးထားသည်။ အမျိုးသားစာကြည့်တိုက် (ရန်ကုန်) တွင် အသင်းဝင်အဖြစ် အွန်လိုင်းမှ လျှောက်ထားလိုပါက -
အမျိုးသားစာကြည့်တိုက် (ရန်ကုန်) ၏ Website (www.nlm.gov.mm) Homepage ရှိ ကြေညာချက် (Notice) တွင် ဝင်ရောက်၍ အသင်းဝင်ခွင့်လျှောက်လွှာ (Member Form) ကို Download ရယူနိုင်ပါသည်။
Member Form >> http://www.nlm.gov.mm/bhlib
အသင်းဝင်ခွင့်လျှောက်လွှာကို ဖြည့်စွက်ပြီးပါက [email protected] အီးမေးလ်သို့ Subject နေရာတွင် Membership book borrow ဟု ဖော်ပြပေးပို့ရပါမည်။
အမျိုးသားစာကြည့်တိုက်မှ အသင်းဝင်လျှောက်လွှာကို လက်ခံရရှိပါက စိစစ်ပြီးနောက် သက်ဆိုင်ရာ အသင်းဝင်လျှောက်ထားသူထံသို့ ငွေပေးသွင်းရမည့် အမျိုးသားစာကြည့်တိုက်၏ ဧရာဝတီဘဏ်အကောင့်နှင့် ပေးသွင်းရမည့်ငွေပမာဏကို ပြန်လည်ပေးပို့မည်ဖြစ်ပါသည်။
အသင်းဝင်ကြေးမှာ လူကြီးတစ်ဦးကို အသင်းဝင်မှတ်ပုံတင်ကြေး (၁၅,၀၀၀) ကျပ်၊ နှစ်စဉ်ကြေး (၆,၀၀၀) ကျပ် စုစုပေါင်း (၂၁,၀၀၀) ကျပ်နှင့် ကလေးတစ်ဦးကို အသင်းဝင်မှတ်ပုံတင်ကြေး (၈,၀၀၀) ကျပ်၊ နှစ်စဉ်ကြေး (၆,၀၀၀) ကျပ် စုစုပေါင်း (၁၄,၀၀၀) ကျပ်တို့ ဖြစ်သည်။
သက်ဆိုင်ရာအကောင့်တွင် ငွေပေးသွင်းခြင်းလုပ်ငန်း ပြီးမြောက်ပါက အသင်းဝင်လျှောက်ထားသူအနေဖြင့် စာကြည့်တိုက်သို့ သွားရောက်၍ အသင်းဝင်ကတ် ထုတ်ယူနိုင်ပါသည်။
E-book များ ရယူခြင်း
အမျိုးသားစာကြည့်တိုက် (ရန်ကုန်) ရှိ PDF e-Book များကို ရယူလိုသူများအနေဖြင့် မိမိအလိုရှိသည့် စာအုပ်အမည်၊ စာရေးသူအမည်တို့ကို ဖော်ပြ၍ အမျိုးသားစာကြည့်တိုက်၏ Document Delivery Service အီးမေးလ် [email protected] သို့ Subject နေရာတွင် DDS ဟု ဖော်ပြပေးပို့ရမည်ဖြစ်ပါသည်။
DDS ကို လက်ခံရရှိပါက စာကြည့်တိုက်မှ စိစစ်ပြီးနောက် သက်ဆိုင်ရာ PDF e-Book ရယူလိုသူထံသို့ ငွေပေးသွင်းရမည့် အမျိုးသားစာကြည့်တိုက်၏ ဧရာဝတီဘဏ်အကောင့်နံပါတ်နှင့် ပေးသွင်းရမည့် ငွေပမာဏကို အီးမေးလ်ဖြင့် ပြန်လည်ပေးပို့မည်ဖြစ်ပါသည်။ e-book အတွက် ငွေပေးသွင်းရမည့်ပမာဏမှာ တစ်မျက်နှာကို (၂၀၀) ကျပ် ဖြစ်သည်။
သက်ဆိုင်ရာအကောင့်တွင် ငွေသွင်းခြင်းနှင့်လုပ်ငန်းစဉ်များ ပြီးမြောက်ပါက PDF e-Book ကို တောင်းဆိုသူ အီးမေးလ်သို့ ပေးပို့သွားမည်ဖြစ်သည်။
ငွေပေးသွင်းခြင်း
အမျိုးသားစာကြည့်တိုက် (ရန်ကုန်) အသင်းဝင်ကြေးနှင့် e-Book ရယူခြင်းအတွက် AYA Mobile Banking၊ AYA PAY တို့ဖြင့် ငွေပေးသွင်းခြင်း၊ KBZ PAY ၊ Wave Pay မှတဆင့် AYA Merchant MMQR ဖြင့် ငွေပေးသွင်းခြင်းတို့ကို ဆောင်ရွက်နိုင်သည်။
AYA Mobile Banking ဖြင့်ငွေပေးသွင်းခြင်း
------------------------------
၁။ AYA Mobile Banking သို့ Login ဝင်ပါ။
၂။ Login ဝင်ရန် User Name & Password ကို မှန်ကန်စွာဖြည့်ပါ။
၃။ Menu တွင် bill payment ကိုရွေးပါ။
၄။ Education ကိုနှိပ်ပါ။
၅။ National Library of Myanmar (Yangon) ကို ရွေးချယ်ပါ။
၆။ ပေးသွင်းရန် ငွေစုစာရင်းအား ရွေးချယ်ပါ။
၇။ Service တွင် Membership ကို ရွေးချယ်ပါ။
၈။ အမည် (Customer Name) ၊ နိုင်ငံသားစိစစ်ရေးကတ်ပြားအမှတ် (NRC) ဖုန်းနံပါတ် (Phone Number) ရိုက်ထည့်ပါ။
၉။ မိမိပေးချေရမည့်ငွေပမာဏ (Amount) ကို ထည့်သွင်းပါ။
၁၀။ ဖြည့်စွက်ထားသောအချက်အလက်များ မှန်/မမှန် စစ်ဆေးပါ။
၁၁။ SMS OTP Code အား တောင်းဆို၍ ထည့်သွင်းကာ ငွေပေးချေခြင်းအား ပြုလုပ်ပါ။
AYA PAY Merchant App မှ ငွေပေးသွင်းခြင်း
-------------------------------
၁။ AYA Pay Home Screen တွင်ရှိသည့် Pay Bills ကို နှိပ်ပါ။
၂။ Pay Bills ထဲရှိ Bill Payment ကိုရွေးပါ။
၃။ National Library of Myanmar (Yangon) ကို ရွေးပါ။
၄။ အချက်အလက်များကို မှန်ကန်စွာ ဖြည့်သွင်းပြီးပါက Continue ကို နှိပ်ပါ။
၅။ ထို့နောက် Confirm ကို နှိပ်၍ ငွေပေးသွင်းမှုကို ဆောင်ရွက်နိုင်ပါသည်။
AYA Merchant MMQR
KBZ PAY မှတဆင့် AYA Merchant MMQR ဖြင့် ငွေပေးသွင်းခြင်း
------------------------------------------
၁။ KBZ PAY App ကိုဖွင့်ပါ။
၂။ ငွေပေးချေရန် Scan ကိုနှိပ်ပါ။
၃။ National Library (YGN) AYA MMQR ကို Scan ဖတ်ပါ။
၄။ Scan ဖတ်ပြီးပါက Preview Screen ကို တွေ့ရပါမည်။ Pay Now ကို နှိပ်ပါ။
၅။ Payment Success Screen ကို တွေ့ရပါမည်။
Wave PAY မှတဆင့် AYA Merchant MMQR ဖြင့်ငွေပေးသွင်းခြင်း
------------------------------------------
၁။ Wave PAY App ကိုဖွင့်ပါ။
၂။ National Library (YGN) AYA MMQR ကို Scan ဖတ်ပါ။
၃။ Scan ဖတ်ပြီးပါက Preview Screen ကို တွေ့ရပါမည်။ ငွေပေးချေရန် Confirm ကို နှိပ်ပါ။
၄။ Payment Success Screen ကို တွေ့ရပါမည်။
=============================
ပညာရေးဆိုင်ရာ သတင်းအချက်အလက် အစုံအလင်ကို
Telegram နှင့် Viber မှာလည်း အလွယ်တကူ ဖတ်ရှုနိုင်ပါတယ်။
> https://t.me/eudcationguide (Telegram)
> https://invite.viber.com/? (Viber)
နှစ်ပတ်တစ်ကြိမ် ပေးပို့နေတဲ့ Education Bulletin ကို
ရယူဖို့လည်း Subscribe လုပ်ထားနိုင်ပါတယ်။