Sales Hotline : 09448001653       Download App



National ICT Awards 2019 (Educational Project and Skills Competition) ဆုရပရောဂျက်များအား ဆုချီးမြင့်

National ICT Awards 2019 (Educational Project and Skills Competition) ဆုရပရောဂျက်များအား ဆုချီးမြင့်ခြင်းအခမ်းအနား ပညာ‌ရေးဝန်ကြီးဌာနနှင့် မြန်မာနိုင်ငံ ကွန်ပျူတာ အသင်းချုပ်တို့ ပူးပေါင်းကျင်းပသည့် National ICT Awards 2019 (Educational Project and Skills Competition) ဆုရပရောဂျက်များ ဆုချီးမြင့်ခြင်းအခမ်းအနားကို ၂၀၂၁ ခုနှစ်၊ ဇန်နဝါရီလ၊ ၁၈ ရက်နေ့ (တနင်္လာနေ့) တွင် Zoom Online Video Conferencing စနစ်ဖြင့် ကျင်းပခဲ့သည်။

အခမ်းအနားတွင် ပညာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီး၏အဖွင့် အမှာစကားတွင် ဆုရရှိသည့် ကျောင်းသူကျောင်းသားများ၊ သင်ကြားသင်ယူလေ့ကျင့်ပေးသည့် ဆရာ၊ ဆရာမများ၊ ကျောင်းသားကျောင်းသူများ၊ ပူးပေါင်းဆောင်ရွက်ပေးသည့် တိုင်းရင်းသား၊ မိဘအုပ်ထိန်းသူ ပြည်သူများနှင့် တာဝန်ရှိသူများ၊ ပြိုင်ပွဲဝင်သူများအားလုံး အတွက်ကိုလည်း ဂုဏ်ယူဝမ်းမြောက်မိပါကြောင်း ပြောကြားခဲ့သည်။ 

မြန်မာနိုင်ငံ ကွန်ပျူတာ အသင်းချုပ်၊ ဥက္ကဌ  ဦးမင်းဇေယျာလှိုင် မှလည်း အဖွင့်အမှာစကားတွင် ဆုရသူများအားလုံးအတွက် ဂုဏ်ယူဝမ်းမြောက်မိပါကြောင်း ပြောကြားခဲ့ပါသည်။ 

အဆိုပါ National ICT Awards 2019 (Educational Project) ပြိုင်ပွဲများကို 2004 ခုနှစ်မှစတင်ခဲ့ပြီး 2016-2017 ပညာသင်နှစ်မှ စကာ Skill Competition ကို ထည့်သွင်းခဲ့ပြီး ယခင် မူလတန်းအဆင့်၊ အလယ်တန်းအဆင့်၊ အထက်တန်းအဆင့်၊ ဆရာအဆင် အပြင် ယခုအခါတွင် အလွတ်တမ်းအဆင့်ပါ ဝင်ရောက်ယှဥ်ပြိုင်နိုင်ခဲ့ပါသည်။

ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများ၏ ICT ဆိုင်ရာ အရည်အသွေး မြင့်မားရေးနဲ့ လေ့လာတီထွင်တဲ့ အလေ့အကျင့်တို့ကို အားပေးချီးမြှင့်သည့် ပြိုင်ပွဲ တစ်ခုဖြစ်သည့်အပြင် ပြိုင်ပွဲဆုရနဲ့ ပြိုင်ပွဲဝင် Project များကို သင်ထောက်ကူအဖြစ် အသုံးပြုကြဖို့၊ ဆရာ/ဆရာမများနဲ့ ကျောင်းသားကျောင်းသူများကိုလည်း Project တွေကို လေ့လာသင်ယူပြီး ICT နည်းပညာကို အကျိုးရှိ ထိရောက်စွာ အသုံးချခြင်းတို့ကို မိမိတတ်စွမ်းသမျှ ကြိုးစားလုပ်ဆောင်ကြရန်၊ခေတ်နဲ့လိုက်လျောညီထွေဖြစ်သည့် တစ်သက်တာ ပေါင်းစပ်သင်ယူမှု အခွင့်အလမ်းများဖြင့်သာ ကျောင်းသား ကျောင်းသူများ၊ သင်ယူသူများရဲ့ IQ, EQ နဲ့ ၂၁ ရာစုဆိုင်ရာ စွမ်းဆောင်ရည်များ ပြည့်ဝလာစေရန်အတွက် လိုအပ်တဲ့ အခြေခံ တတ်မြောက်မှုများ၊ ကျွမ်းကျင်မှုများနဲ့ စွမ်းရည်ဆိုင်ရာ တို့ကို ပိုမို မြှင့်တင်ဆောင်ရွက်ပေးနိုင်ရန် ရည်ရွယ်ကြောင်းကို ထည့်သွင်းပြောကြားခဲ့ပါသည်။

မြန်မာနိုင်ငံ ကွန်ပျူတာ အသင်းချုပ်အနေဖြင့်လည်း နိုင်ငံတော်၏ လူမှုစီးပွားဖွံ့ ဖြိုးတိုးတက်ရေးအတွက် ဒစ်ဂျစ်တယ်အသွင်ကူးပြောင်းရေး ( Digital Transformation for Development) ဟူသော ရည်မှန်းချက်နှင့် အညီ Digital Economy၊ Myanmar 4.0၊ Science, Technology and Innovation ကဏ္ဍများတွင် တိုးတက်အောင်ဆောင်ရွက်လျက်ရှိပါသည်။ အထူးအားဖြင့် e-Government၊ e- Education နယ်ပယ်များတွင်လည်းကောင်း၊ လူငယ်လူရွယ်များ၊ ကျောင်းသူကျောင်းသားများ အခြေခံ ကွန်ပျူတာပညာရရှိရေး၊ ထူးချွန်သော ကွန်ပျူတာပညာရှင်များ၊ တီထွင်သူများ ပေါ်ထွန်းရေး နှင့် ICT Industry ဖွံ့ဖြိုးတိုးတက်ရေးတို့ အတွက် ပြည်တွင်းပြည်ပအဖွဲ့အစည်းပညာရှင်များနှင့် ပူးပေါင်း ကြိုးပမ်းလုပ်ဆောင်လျက်ရှိကြောင်းကို အလေးထား ပြောကြားခဲ့ပါသည်။

ထို့နောက် အခမ်းအနား အစီအစဥ်အရ National ICT Awards 2019 ( Educational Project and Skills Competition) ပြိုင်ပွဲမှတ်တမ်း ဗီဒီယိုပြသကာ ပြိုင်ပွဲတွင် ဆုရရှိသူများစာရင်းကို ကြေညာကာ ပညာရေး ဝန်ကြီးဌာန၊ အခြေခံပညာ ဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် မှ ကျေးဇူးတင်စကားပြောကြားကာ အမှတ်တရဓာတ်ပုံ ရိုက်ကြပြီး အခမ်းအနားကိုရုတ်သိမ်းခဲ့ကြပါသည်။

By Myanmar Education Guide (EDGE) 

Latest Post Read 510 times