Sales Hotline : 09448001653       Download App



MYEO မှ Online ကနေ Free သင်ကြားပေးမယ့် PowerPoint Training

 

သင်ကြားရေး Field မှာ Teacher တွေ၊ Trainer တွေ၊ Facilitator တွေအနေနဲ့ အလုပ်လုပ်မယ်ဆိုရင် တတ်ထားသင့်တဲ့ Skill တွေထဲက တစ်ခုက Presentation Skill ပါ။ Presentation Skill ကောင်းမွန်ဖို့ဆိုရင် PowerPoint ကို ပရော်ဖက်ရှင်နယ်ဆန်ဆန် သုံးတတ်ဖို့ လိုအပ်ပါတယ်။ 


PowerPoint မှာ ရုပ်ပုံလေးတွေပြပြီး စာသင်တဲ့အခါ တခြားဆရာ/မတွေနဲ့ယှဉ်ရင် ပိုစိတ်ဝင်စားဖို့ကောင်းပြီး Presentation Skill လည်း တိုးတက်လာမှာ ဖြစ်ပါတယ်။ ဒါကြောင့် MYEO မှ PowerPoint ကို Teaching နဲ့ Learning အတွက် စနစ်တကျ အကျိုးရှိရှိ သုံးတတ်လာအောင် “ICT Training for Teachers : PowerPoint for Teaching & Learning Perspectives” ဆိုတဲ့ Training Class ကို အွန်လိုင်းကနေ Free ဖွင့်လှစ်သင်ကြားပေးမှာဖြစ်ပါတယ်။ 


ဒီ Training အတွက် ရွေးချယ်ခံရရင် (လုံးဝ)အခမဲ့ တက်ရောက်နိုင်မယ့်အပြင် ဖုန်းဘေလ်ပါ ထောက်ပံ့ပေးဦးမှာဖြစ်ပါတယ်။ Training ကာလကတော့ June 18, 2024 ကနေ June 21, 2024 အထိ (၄)ရက် ကြာမှာပါ။ 


ပထမနေ့ ကတော့ Orientation အနေနဲ့ဖြစ်ပြီး

  • Introduction to UNESCO MTP LMS
  • Course Information & Activities
  • Course Completion Requirements
  • Rules & Regulations for Students တို့ကို မိတ်ဆက်မှာဖြစ်ပါတယ်။ 

 

ဒုတိယနေ့ မှာတော့ Introduction to Power Points အနေနဲ့

  • Introduction to PowerPoint 
  • Installation 
  • Understanding PowerPoint Interface
  • How to create a PowerPoint file
  • Layout, Color & Typography စတာတွေကို ပြောပြသွားပါမယ်။

 

တတိယနေ့ ကျရင်တော့ Essential Features for Teachers ဆိုတဲ့ခေါင်းစဉ်နဲ့

  • Customize bullets
  • Format Painter
  • Animation & Transition Effects
  • Hyperlink 
  • Collaboration & Sharing
  • အကြောင်းအရာတွေကို သင်ပေးသွားပါမယ်။

 

နောက်ဆုံးနေ့မှာတော့ Designing Teaching & Learning Materials အတွက်

  • Animation: Matching, Quizzes, Progress, Percentage
  • Ways of presenting information
  • Designing Cover Page/Heading Slides of Learning materials
  • Designing Main Content using PowerPoints
  • Video Recording using Power Points Slides Record
  • Assignment တွေ ရှိပါမယ်။ 

 

Training မှာ Discussion Call တွေအတွက် တစ်နေ့ကို (၂)နာရီနဲ့ Self Learning တွေ၊ Group Assignment တွေအတွက် တစ်နေ့ (၁)နာရီလောက် အချိန်ပေးနိုင်ရင် အဆင်ပြေပါတယ်။ စာတွေ့အနေနဲ့ သင်ခန်းစာတွေ လေ့လာရမယ့်အပြင် လက်တွေ့အနေနဲ့ Group Assignment တွေလည်း လုပ်ရမှာပါ။ ဒါကြောင့် (၄)ရက်တာ‌အတွင်း Powerpoint ကို သေချာအသုံးချတတ်ဖို့ စာတွေ့ရော လက်တွေ့ပါ သင်ရမှာပါ။ 

 

ဒီ Training မှာ ပါဝင်ဖို့က တချို့သတ်မှတ်ချက်လေးတွေတော့ ရှိပါတယ်။

  • လက်ရှိမှာ စာသင်ကြားနေသူ၊ လက်ရှိမှာ မသင်သေးရင်တောင် အနာဂတ်မှာ စာသင်ကြားဖို့ စီစဉ်နေသူ ဖြစ်ရမယ်။
  • အသက်(၁၈)ကနေ (၅၀)အတွင်းလူတွေ ပိုဦးစားပေးမယ်။
  • အထက်တန်းအောင်ထားပြီးသားဖြစ်ရမယ်။
  • အင်တာနက်ရှိပြီး Powerpoint 2016 သုံးနိုင်တဲ့ Laptop မျိုးရှိရင် ပိုကောင်းပါတယ်။
  • သတ်မှတ်ထားတဲ့ Training (၄)ရက်အတွင်း တစ်နေ့ကို (၂-၃) နာရီလောက် အချိန်ပေးနိုင်ပြီး Group Assignment တွေလည်း လုပ်နိုင်ရပါမယ်။

 

ဖော်ပြပါအချက်တွေနဲ့ ပြည့်မီတယ်ဆိုရင်တော့ အောက်က Link မှာ စာရင်းပေးလို့ရပါပြီ။ 

>> https://m.me/myeo.hub?ref=registration_powerpoint_4 

 

တကယ်လို့ အပေါ်မှာပေးထားတဲ့ Messenger Link က အဆင်မပြေရင် ဒီအောက်က Telegram Link မှာလည်း Register လုပ်လို့ရပါသေးတယ်နော်။

>> https://t.me/MYEOSarahBot?start=registration_powerpoint_4 

 

(Register လုပ်နေတုန်း စာမကျလာတာ၊ မှားနှိပ်မိတာကြောင့် တခြားနေရာရောက်သွားရင် registration powerpoint 4 ဆိုတဲ့ Keyword လေးပဲ ပြန်ပို့လိုက်ပါ။)

Source - MYEO

 

Latest Post Local Vocational Read 802 times