Sales Hotline : 09448001653       Download App



မြောင်းမြ ပညာရေးကောလိပ်အား ပညာရေးဒီဂရီကောလိပ် အဖြစ် ပြောင်းလဲဖွင့်လှစ်

မြောင်းမြ မြို့ရှိ ပညာရေးကောလိပ် အား ယခုလက်ရှိတွင် ပညာရေးဒီဂရီကောလိပ် အဖြစ်သို့ ပြောင်းလဲ ဖွင့် လှစ်ထားပြီး ဖြစ်ပါသည်။ မြောင်းမြ ပညာရေးဒီဂရီကောလိပ်မှ ဒုတိယကျောင်းအုပ် ဒေါ်သူဇာရှိန် မှ အောက်ပါအတိုင်း ပြောကြားထားပါသည်။ 

ဆရာအတတ်သင်ကျောင်း အနေဖြင့် ပို့ချခဲ့သောသင်တန်းများမှာ- မူလတန်းဆရာအတတ်သင် သင်တန်းနှင့် မူလတန်းဆရာအတတ်သင် စာပေးစာယူ သင်တန်းများကို ဖွင့်လှစ်သင်ကြားပေးခဲ့ပြီး ဖြစ်ပါသည်။ 

၁၉၉၈ ခုနှစ်မှစ၍ ဆရာအတတ်သင်ကျောင်းမှ ပညာရေးကောလိပ် အဆင့် (၁) အဖြစ်ပြောင်းလဲခဲ့ပြီး မူလတန်းဆရာအတတ်ပညာ ဒီပလိုမာ ပထမနှစ်သင်တန်းကို ဖွင့်လှစ်နိုင်ခဲ့ပါသည်။

၂၀၀၄ ခုနှစ်တွင် ပညာရေးကောလိပ် အဆင့်(၁) မှ ပညာရေး ကောလိပ် အဆင့်(၂) အဖြစ်သို့ တိုးမြင့်ကာ မူလတန်းဆရာအတတ်ပညာ ဒီပလိုမာ ပထမနှစ် မှ ဒီပလိုမာ ဒုတိယနှစ် အထိ အဆင့်မြှင့်နိုင်ခဲ့ပါသည်။ ထို့အပြင် ဘွဲ့ရများသာ တက်ရောက်နိုင်သည့် လုပ်ငန်းခွင်အကြိုဆရာအတတ်ပညာ ကျွမ်းကျင်မှုဒီပလိုမာ သင်တန်း (Diploma in Teacher Education Competency) ကိုပါ ဖ္ငင့်လှစ်နိုင်ခဲ့ပါသည်။

ဆယ်နှစ်အကြာ ၂၀၁၄ ခုနှစ်တွင် ပညာရေးကောလိပ်မှ သင်ကြားပေးလျက်ရှိသော ဒီပလိုမာ သင်တန်းတစ်ခု နှင့် အသိအမှတ်ပြု Certificate သင်တန်းသုံးခု များကို တိုးချဲ့သင်ကြားပေးနိုင်ခဲ့ပါသည်။ 

  • Pre-services သင်တန်းများဖြစ်သည့် 
  • လုပ်ငန်းခွင်အကြိုဆရာအတတ်ပညာဒီပလိုမာ သင်တန်း (Diploma in Teacher Education -DTed) အပြင်  
  • လုပ်ငန်းခွင်အကြိုမူလတန်းဆရာအတတ်ပညာသင်တန်း (Pre-service Primary Teacher Training- PPTT)

In-service သင်တန်းနှစ်ခု ဖြစ်သည့်

  • မူလတန်းဆရာအတတ်ပညာစာပေးစာယူသင်တန်း (Primary Teacher Education Correspondence Course - PTECC) 
  • အလယ်တန်းဆရာအတတ်ပညာစာပေးစာယူသင်တန်း (Middle Teacher Education Correspondence Course - MTECC) တို့ ကို သင်ကြားပေးနိုင်ခဲ့ပါသည်။

၂၀၂၀ ပြည့်နှစ် စက်တင်ဘာလ ၁ ရက်နေ့မှစ၍ မြောင်းမြပညာရေး‌ကောလိပ်မှ မြောင်းမြပညာရေးဒီဂရီကောလိပ် အဖြစ် ဖွဲ့စည်းပုံများတိုးချဲ့ပြောင်းလဲကာအဆင့်မြှင့်ခဲ့ပါသည်။

ထိုသို့ အဆင့်မြှင့်ရာတွင် အောက်ပါရည်ရွယ်ချက်များကို ရည်ညွှန်း ၍ ပြောင်းလဲတိုးမြှင့်ခြင်း ဖြစ်ပါသည်။

  1. အခြေခံပညာကျောင်းများရှိ လိုအပ်သည့် ဆရာဆရာမ အရေအတွက်ကို ပြည့်မှီအောင် ဖြည့်စည်းပေးနိုင်ပြီး ဘာသာရပ်များတွင် ကျွမ်းကျင်ပိုင်နိုင်တတ်မြောက်၍ အရည်အချင်းပြည့်ဝသည့် ဆရာဆရာမများကို ပေါ်ထွန်းလာစေရန် ပြုစုလေ့ကျင့်ပေးနိုင်ရန်။
  2. ဆရာဖြစ်လက်မှတ် ဆရာအတတ်ပညာ ဒီပလိုမာကဲ့သို့ကာလတိုသင်တန်းများအစား ပညာရေးဒီဂရီဘွဲ့ အပ်နှင်း၍ အရည်အသွေးပြည့်ဝသော ဆရာဆရာမများမွေးထုတ်နိုင်ရန်။
  3. ဆရာအတတ်ပညာအရည်အသွေးပြည့်ဝရေးအတွက် ဆရာများ၏ စဥ်မပျက်သော လုပ်ငန်းစွမ်းဆောင်ရည်နှင့် လုပ်ငန်းပိုင်းဆိုင်ရာ အလေ့အကျင့်များ၊ တတ်ကျွမ်းမှုများကို ဆရာ အတတ်ပညာတတ်ကျွမ်းမှုစံနှုန်းသတ်မှတ်ချက် အညွှန်းဘောင်များနှင့် အညီ အရည်အသွေးမြှင့်တင်နိုင်ရန်။
  4. ပညာ‌ရေးကောလိပ်များ၏ သင်ရိုးညွှန်းတမ်းများကို တတ်ကျွမ်းမှု အခြေပြုဆ ရာအတတ်ပညာသင်ရိုးညွှန်းတမ်းများအဖြစ် အသေးစိတ်ပြင်ဆင်ရေးဆွဲဆောင်ရွက်နိုင်ရန်။
  5. အာဆီယံနိုင်ငံများရှိ ဆရာအတတ်ပညာဆိုင်ရာ သင်တန်းများနှင့် ချိတ်ဆက်ပူးပေါင်းဆောင်ရွက်နိုင်ရန်အတွက် စီစဥ်ဆောင်ရွက်နိုင်ရန်။

Source:MOI Webportal Myanmar 

By Myanmar Education Guide (EDGE) 

Latest Post Government School News Read 788 times