တက္ကသိုလ် ပထမနှစ် နေ့သင်တန်းအတွက် ကျောင်းအပ်လုပ်ငန်းစဥ်

 

တက္ကသိုလ်တွေရဲ့ နေ့သင်တန်း ဝင်ခွင့်ရစာရင်းများကို နိုဝင်ဘာလ (၁၀) ရက်နေ့မှာ ကြေညာခဲ့ပြီးဖြစ်တာကြောင့် နိုဝင်ဘာလ (၁၄) ရက်နေ့မှ စပြီး ပိတ်ရက်မရှိ မိမိဝင်ခွင့်ရရှိထားတဲ့ ကျောင်းတွေမှာ ကျောင်းအပ်ရပါတော့မယ်။

 

ဒါကြောင့် တက္ကသိုလ်စတက်မယ့် ကျောင်းသား၊ ကျောင်းသူတွေအတွက် ကျောင်းအပ်တဲ့အခါ လိုအပ်မယ့် စာရွက်စာတမ်းတွေကို ဖော်ပြပေးထားပါတယ်။

 

ပထမနှစ် နေ့သင်တန်း ကျောင်းအပ်တဲ့အခါ -

- ကျောင်းသားမှတ်ပုံတင် မူရင်း/မိတ္တူ

- မိဘနှစ်ပါး၏ မှတ်ပုံတင်အမှတ်နှင့် အလုပ်အကိုင်

- တက္ကသိုလ်ဝင်တန်းအောင်မြင်ခဲ့သည့် ခုနှစ်၊ ခုံအမှတ်၊ စာစစ်ဌာန

- ဝင်ခွင့်ရတက္ကသိုလ်၊ မေဂျာအမည်၊ ဝင်ခွင့်ရအမှတ်စဥ်

- တက္ကသိုလ်ဝင်တန်းအမှတ်စာရင်း မူရင်း/မိတ္တူ

- တက္ကသိုလ်ဝင်တန်းအောင်လက်မှတ် မူရင်း/မိတ္တူ

- အိမ်ထောင်စုစာရင်း မူရင်း/မိတ္တူ

- ရပ်ကွက်တွင် နေထိုင်ကြောင်း ထောက်ခံစာ မူရင်း

- ရဲစခန်း၊ ပြစ်မှုကင်းရှင်းကြောင်း ထောက်ခံစာ မူရင်း

- ကျန်းမာရေး ကောင်းမွန်ကြောင်း ထောက်ခံစာ မူရင်း

- ၆ လအတွင်း ရိုက်ကူးထားသော လိုင်စင်ဓာတ်ပုံ (၁၀) ပုံ

- ကျောင်းဝင်မှတ်ပုံတင်ကြေးတို့ လိုအပ်ပါတယ်။

 

တက္ကသိုလ်တစ်ခုနှင့် တစ်ခု လိုအပ်ချက်တွေက မတူညီနိုင်ပေမဲ့ ကျောင်းအပ်တဲ့အခါမှာ အထက်ဖော်ပြပါ စာရွက်စာတမ်းတွေကို အပြည့်အစုံ ယူဆောင်သွားသင့်ပါတယ်။ ကျောင်းအပ်ပြီးသွားရင်တော့ လာမယ့် နိုဝင်ဘာလ (၂၁) ရက်နေ့မှာ စပြီး တက္ကသိုလ် စတက်ရတော့မှာ ဖြစ်ပါတယ်။ 

 

အထူးပြုဘာသာရပ် ပြောင်းလဲခြင်း၊ တက္ကသိုလ် ပြောင်းလဲခြင်း၊ နေ့သင်တန်းမှ အဝေးသင် ပြောင်းလဲခြင်း၊ အဝေးသင်မှ နေ့သင်တန်း ပြောင်းလဲခြင်း စသဖြင့် အပြောင်းအလဲအမျိုးမျိုးကို လုပ်ဆောင်မယ့် ကျောင်းသား/ကျောင်းသူတွေအနေနဲ့ လိုက်နာရမယ့် စည်းကမ်းချက်တွေနဲ့ လိုအပ်ချက်တွေကို အောက်ပါလင့်ခ်မှာ ဝင်ရောက်ဖတ်ရှုနိုင်ပါတယ်။

>> https://www.edge.com.mm/article/myanmar-university.html

=============================

ပညာရေးဆိုင်ရာ သတင်းအချက်အလက် အစုံအလင်ကို
Telegram နှင့် Viber မှာလည်း အလွယ်တကူ ဖတ်ရှုနိုင်ပါတယ်။

https://t.me/eudcationguide (Telegram)

https://invite.viber.com/? (Viber)

နှစ်ပတ်တစ်ကြိမ် ပေးပို့နေတဲ့ Education Bulletin ကို
ရယူဖို့လည်း Subscribe လုပ်ထားနိုင်ပါတယ်။

https://shorturl.at/ktCaP

 

 

Latest Post University / College Read 775 times