Sales Hotline : 09448001653       Download App
လေယာဉ်မောင်/ လေယာဉ်မယ် လျှောက်လွှာခေါ်ယူခြင်း
** Unicode **
မြန်မာအမျိုးသားလေကြောင်းလိုင်း၏ ပြည်တွင်း၊ ပြည်ပ ခရီးစဉ်များတွင် တာဝန်ထမ်းဆောင်ရန်အတွက် လေယာဉ်မောင်/လေယာဉ်မောင်များ ခန့်အပ်မည်ဖြစ်ပါသဖြင့် အောက်ပါအရည်အချင်းများနှင့် ပြည့်စုံသူများ လျှောက်ထားနိုင်ပါတယ်။
- (၂၈-၂-၂၀၂၀) ရက်နေ့တွင် အသက် (၁၈) နှစ်ပြည့်ပြီး(၂၄) နှစ်ထက်မကျော်သူဖြစ်ရပါမည်။
- အိမ်ထောင်မပြုရသေးသူ လူပျို/အပျို ဖြစ်ရပါမည်။
- အနည်းဆုံး တက္ကသိုလ် တတိယနှစ် တက်ရောက်သောသူဖြစ်ရမည်။ သက်ဆိုင်ရာ တက္ကသိုလ်၏ ဒုတိယနှစ်အောင်မြင်ပြီးကြောင်း ထောက်ခံစာ(သို့) တတိယနှစ်တက်ရောက်နေသော ထောက်ခံစာ ပူးတွဲတင်ပြရမည်။
- အမျိုးသားများအတွက် အရပ် ၅ ပေ ၆ လက်မ အနည်းဆုံးရှိပြီး အရပ်နှင့်လိုက်ဖက်သော ကိုယ်အလေးချိန်ရှိရပါမည်။
- အမျိုးသမီးများအတွက် အရပ် ၅ ပေ ၄ လက်မ အနည်းဆုံးရှိပြီး အရပ်နှင့်လိုက်ဖက်သော ကိုယ်အလေးချိန်ရှိရပါမည်။
- ကျန်းမာရေးကောင်းမွန်သူဖြစ်ရပါမည်။ (ကျန်းမာရေးစစ်ဆေးမှုခံယူရမည်။)
- ရေကူးတတ်ရမည်။ (လက်တွေ့စစ်ဆေးမှုရှိမည်။)
- အင်္ဂလိပ်စာ (ရေး၊ ဖတ်၊ ပြောဆိုနိုင်ရမည်။) စစ်ဆေးမှုရှိမည်။ (အခြားနိုင်ငံခြားဘာသာစကားများပါ ကျွမ်းကျင်သူ ဦးစားပေးမည်။)
- ပေါင်းသင်းဆက်ဆံရေး ပြေပြစ်သူဖြစ်ရမည်။
- ရွေးချယ်ခြင်းခံရပါက မြန်မာအမျိုးသားလေကြောင်း၏ ဆေးစစ်ဆေးမှုအောင်မြင်မှသာ ခန့်အပ်ခြင်းခံရမည်ဖြစ်ပြီး အနည်းဆုံး (၅) နှစ်တာဝန်ထမ်းဆောင်နိုင်သူဖြစ်ရမည်။
စိတ်ပါဝင်စားပါက ကိုယ်တိုင်ရေးလျှောက်လွှာ၊ နိုင်ငံသားစိစစ်ရေးကတ်မိတ္တူ၊ သန်းခေါင်စာရင်းမိတ္တူ၊ ရဲစခန်း၊ ရပ်ကွက် ထောက်ခံစာမူရင်းများနှင့် လိုအပ်သော စာရွက်စာတမ်းများ ပူးတွဲလျက် ရှေ့နှင့်ညာဘက်မှ ရိုက်ကူးထားသော (၄လက်မ x ၆လက်မ) အရွယ် ကိုယ်လုံးပြည့် အလှဓာတ်ပုံ (၁) ပုံစီ၊ Passport Size ဓာတ်ပုံ (၃) ပုံနှင့်အတူ (၂၀-၁-၂၀၂၀) ရက်နေ့မှ (၂၈-၂-၂၀၂၀) ရသီဟိုဠ်မှ ဉာဏ်ကြီးရှင်သည် အာယုဝဍ္ဎနဆေးညွှန်းစာကို ဇလွန်ဈေးဘေး ဗာဒံပင်ထက် အဓိဋ္ဌာန်လျက် ဂဃနဏဖတ်ခဲ့သည်။က်နေ့ထိ မြန်မာအမျိုးသားလေကြောင်း (ရုံးချုပ်)၊ အမှတ် (၁၀၄)၊ ကမ်းနားလမ်း၊ ကျောက်တံတားမြို့နယ်၊ ရန်ကုန်မြို့နှင့် ပြည်နယ်၊ တိုင်းဒေသကြီးများရှိ မြန်မာအမျိုးသားလေကြောင်းရုံးများတွင် လူကိုယ်တိုင်လာရောက် လျှောက်ထားနိုင်ပါသည်။ 
အသေးစိတ်သိရှိလိုပါက ဖုန်းနံပါတ် ၀၁-၃၇၉၇၄၁ သို့ရုံးချိန်အတွင်း ဆက်သွယ်မေးမြန်းနိုင်ပါသည်။
(မြန်မာအမျိုးသားလေကြောင်းလမ်း)
(www.edge.com.mm)
** Zawgyi **
(www.edge.com.mm)
News Tips Latest Post Read 25963 times