Sales Hotline : 09448001653       Download App



Myanmar Metropolitan College

Myanmar Metropolitan College

MMC သည် တိုက်အမှတ် (၄၇/ ၄၈)၊ ဗဟိုရ်စည်အိမ်ယာ၊ လမ်းမတော်မြို့နယ်၊ ရန်ကုန်မြို့တွင် ဖွင့်လှစ်လျက်ရှိပါသည်။

မြန်မာနိုင်ငံမှလူငယ်များကို နိုင်ငံခြားသွားစရာမလိုပဲ နိုင်ငံတကာအဆင့်မီ ပညာရေးပရိုဂရမ်တွေကို သင်ကြားစေနိုင်ဖို့ ရည်ရွယ်ပြီး MMC ကိုဖွင့်လှစ်ခဲ့ခြင်းဖြစ်ပါသည်။

မြန်မာနိုင်ငံတွင် ထမဆုံး Accredited US MBA ကို MMC မှာ တက်ရောက်သင်ကြားနိုင်ပြီ  ဖြစ်ပြီး University of the Potomac နှင့် University of Business and International Studies (UBIS) တို့ ပူးပေါင်းပြီး certificate of authorization ကို MMC က ရရှိထားပါသည်။

University of the Potomac က US မှ State Level Accreditation ရရှိထားပြီး ၁၉၈၉ ခုနှစ်က စတင်တည်ထောင်ခဲ့သော တက္ကသိုလ်တစ်ခုဖြစ်ပြီး UBIS က Eduqa: the swiss Quality ရရှိထားပြီး Switzerland နိုင်ငံ Geneva မြို့တွင်တည်ရှိသော တက္ကသိုလ်တစ်ခု ဖြစ်ပါသည်။

MCC က ISO 29990 ကိုလည်း ရရှိထားပြီး ၂၀၁၃ ခုနှစ်တွင် International Assembly for Collegiate Business Education (IACBE)  အသိအမှတ်ပြုခြင်းခံရပြီး Council for Higher Education Accreditation(CHEA)  ကိုလည်း ရရှိ ထားသော တက္ကသိုလ်တစ်ခုဖြစ်ပါသည်။

MMC သည် diploma ကနေ master ဘွဲ့အထိ သင်တန်းများ ဖွင့်လှစ်ထားပြီး ပြည်ပဆရာ၊ ဆရာမ များ အပါအ၀င် နိုင်ငံခြားတက္ကသိုလ်များမှ သင်ကြားရေး အတွေ့အကြုံရှိ ဆရာဆရာမ အင်အား ၃၀ ကျော် ဖြင့် သင်ကြားပေးနေပါသည်။

သင်တန်းများနှင့်ပို့ချသည့်ဘာသာရပ်များ

MMC သည် Higher National Diploma (HND) သင်တန်းကို ၂၂ လ သတ်မှတ်ထားပြီး နိုင်ငံတကာ အသိအမှတ်ပြု ပညာရေး အဖွဲ့အစည်း ဖြစ်သော Scottish Qualifications Authority  (SQA) UK မှ တိုက်ရိုက်ချီးမြှင့်မည်ဖြစ်ပါသည်။

HND သင်တန်းမှ စီးပွားရေးအထူးပြု ဘာသာရပ်များဖြစ်သော HND Business၊ HND Business with Information Technology၊ HND Business with Human Resource Management နှင့် HND Business with Accounting တို့ကို တက်ရောက် သင်ယူရမည်ဖြစ်ပါသည်။

HND အောင်မြင်ပြီးပါက top-up degree ကို SQA နှင့် တရားဝင် ချိတ်ဆက်ထားသော UK၊ USA၊ Australia နှင့် Canada စသည့် နိုင်ငံ ၈ နိုင်ငံရှိ တက္ကသိုလ် ၇၀ ကျော်တွင် အဆင့်မြင့် ဝင်ခွင့်ဖြင့် ဆက်လက်သင်ယူ နိုင်မည် ဖြစ်ပြီး MCC တွင် top-up degree ကို တက်ရောက်နိုင်ပါသည်။

စီးပွားရေး စီမံခန့်ခွဲမှု မဟာဘွဲ့(MBA) ယူလိုသော စီးပွားရေး လုပ်ငန်းရှင်များ၊ senior management level တွင် လုပ် ကိုင်လိုသူများ အတွက် ဆွစ်ဇာလန်နိုင်ငံ UBIS မှ တိုက်ရိုက်ချီးမြှင့်သော Swiss MBA နှင့် အမေရိကန်နိုင်ငံ University of the Potomac မှ ပေးအပ်သော Dual MBA တို့ကို MMC တွင် တက်ရောက်သင်ယူနိုင်မည် ဖြစ်ပါသည်။ss

MMC သည် နိုင်ငံတကာသင်ကြားမှု အတွေ့အကြုံပြည့်ဝသော ဆရာ၊ ဆရာမများမှ problem-based၊ project-based၊ game-based သင်ကြားမှု ပုံစံ များဖြင့် သင်ကြားပို့ချပေးမည်ဖြစ်ဖြစ်ပြီး E-Library၊ proquest database စသည့် သင်ထောက်ကူပစ္စည်းများဖြင့် ကျောင်းသား၊ ကျောင်းသူများကို လက်တွေ့အသုံးချနိုင်ရန် စီစဉ်ပေးထားပါသည်။

MMC တွင် MBA နှင့် HND အတန်းများအတွက် ပညာသင်ဆုနှင့် သင်တန်းကြေးကို အခက်အခဲမရှိ အရစ်ကျပေးသွင်းနိုင်သည့် financial aid တို့ကိုလည်း စီစဉ်ပေးထားပါသည်။

HND Courses.

·         HND Business

·         HND Business with Information Technology

·         HND Business with Human Resource Management

·         HND Business with Accounting

သင်တန်းကြေးများ

MMC တွင် HND သင်တန်းသည် သင်တန်းကြေးမှာ ကျပ် ၈,၁၀၀,၀၀၀ ဖြစ်ပြီး အရစ်ကျငွေသွင်းလိုလျှင် ၁၁ ကြိမ် သို့မဟုတ် နှစ်လကို ၁ ကြိမ် ပေးသွင်းလို့လည်း ရပါသည်။

တက်ရောက်လိုသူများသည် တက္ကသိုလ်ဝင်တန်းအောင်မြင်ပြီးသူ၊ IELTS ၅.၅ ရရှိသူများ တက်ရောက်နိုင်ပါသည်။

Contact

01-2301380, 09-450063108-9

International/Private Read 1813 times