မြန်မာနိုင်ငံရေကြောင်းပညာတက္ကသိုလ်တွင် ၂၀၂၆ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲအောင်မြင်သူများအတွက် အောက်ဖော်ပြပါ ရေကြောင်းဘက်ဆိုင်ရာ အင်ဂျင်နီယာဘွဲ့နှင့် ရေကြောင်းသိပ္ပံပညာ(ဂုဏ်ထူး)ဘွဲ့ ပထမနှစ် သင်တန်းများကို ဖွင့်လှစ်သွားမည်ဖြစ်ပါသည်။
ဖွင့်လှစ်မည့် ဘွဲ့သင်တန်းများ
(က) B.E. (NA)
Bachelor of Engineering (Naval Architecture)
အင်ဂျင်နီယာဘွဲ့ (ရေယာဉ်တည်ဆောက်မှု)
(ခ) B.E. ( ME )
Bachelor of Engineering (Marine Engineering)
အင်ဂျင်နီယာဘွဲ့ (ရေကြောင်းအင်ဂျင်နီယာ)
(ဂ) B.E. (PH)
Bachelor of Engineering (Port and Harbour Engineering)
အင်ဂျင်နီယာဘွဲ့ (ဆိပ်ကမ်းအင်ဂျင်နီယာ)
(ဃ) B.E. (RC)
Bachelor of Engineering(River and Coastal Engineering)
အင်ဂျင်နီယာဘွဲ့ (မြစ်ချောင်းနှင့်ကမ်းရိုးတန်းအင်ဂျင်နီယာ)
(c) B.E. (MESE)
Bachelor of Engineering (Marine Electrical Systems & Electronics Engineering)
အင်ဂျင်နီယာဘွဲ့ (ရေကြောင်းလျှပ်စစ်နှင့်အီလက်ထရောနစ်အင်ဂျင်နီယာ)
(စ) B.E. ( MM )
အင်ဂျင်နီယာဘွဲ့ (ရေကြောင်းစက်မှုအင်ဂျင်နီယာ)
Bachelor of Engineering ( Marine Mechanical Engineering)
(ဆ) B.Sc.(Hons;)
သိပ္ပံဂုဏ်ထူးဘွဲ့ (ရေကြောင်းသိပ္ပံ)
Bachelor of Science (Honours) (Nautical Science)
အထက်ဖော်ပြပါ ဘွဲ့သင်တန်းအားလုံးအတွက် သင်တန်းကာလမှာ (၅)နှစ် ဖြစ်ပြီး၊ သင်တန်းကာလ (၅) နှစ်လုံး ပြီးစီးအောင်မြင်သည့်အခါ B.E ဘွဲ့/ B.Sc(Hons) ဘွဲ့တို့ကို တိုက်ရိုက်အပ်နှင်း ချီးမြှင့်မည်ဖြစ်ပါသည်။
စုစုပေါင်း ကျောင်းသား၊ ကျောင်းသူဦးရေ (၃၆၀) ဦးအထိသာ လက်ခံမည်ဖြစ်ပြီး လုပ်ငန်းသဘောသဘာအရ အမျိုးသမီးဦးရေ (၂၀) ရာခိုင်နှုန်းအထိသာ လက်ခံနိုင်မည်ဖြစ်ပါသည်။
မြန်မာနိုင်ငံရေကြောင်းပညာတက္ကသိုလ်သို့ လျှောက်ထားသူသည် -
- ၂၀၂၆ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲကို စုစုပေါင်းရမှတ် (၄၅၀)နှင့် အထက်ရရှိရမည်။
- တက္ကသိုလ်ဝင်ခွင့် လျှောက်ထားသူနှင့် ၄င်း၏မိဘ (၂) ဦးစလုံးသည် နိုင်ငံသားစိစစ်ရေးကတ်ပြားအမှတ် (နိုင်)၊ (ပြု)၊ (ဧည့်) ကိုင်ဆောင်ထားသူဖြစ်ရမည်။
- ဝင်ခွင့်ရရှိသူများသည် ကျန်းမာရေးစစ်ဆေးမှုခံယူရမည်ဖြစ်ပြီး ကျန်းမာရေး (က) အဆင့် ရှိရမည်။
- အမျိုးသမီးများသည် Marine Engineering ၊ Marine Electrical Systems & Electronics Engineering နှင့် Nautical Science ဘာသာရပ်များမှလွဲ၍ အခြားဘာသာရပ်များကို လျှောက်ထားခွင့်ရှိသည်။
- Marine Engineering, Marine Electrical Systems & Electronics Engineering နှင့် Nautical Science ဘာသာရပ်လျှောက်ထားသူများသည် သင်တန်းတက်ရောက်ခွင့်မပြုမီ မှန်ကန်စွာ အရောင်ခွဲခြားနိုင်မှု စွမ်းရည်ရှိရမည်။
- Nautical Science ဘာသာရပ်အတွက် မျက်မှန်တပ်ဆင်သူများ လျှောက်ထားခွင့်မရှိပါ။
- ၂၀၂၅ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲတွင် အောက်ဖော်ပြပါ ဘာသာတွဲများဖြင့် အောင်မြင်သူများသာ လျှောက်ထားခွင့်ရှိသည်။
(၁) STEAM 1 (မြန်မာစာ၊ အင်္ဂလိပ်စာ၊ သင်္ချာ၊ ရူပဗေဒ၊ ဓါတုဗေဒ၊ ဇီဝဗေဒ)
(၂) STEAM 2 (မြန်မာစာ၊ အင်္ဂလိပ်စာ၊ သင်္ချာ၊ ရူပဗေဒ၊ ဓါတုဗေဒ၊ ဘောဂဗေဒ)
- လူတွေ့စစ်ဆေးခြင်းခံရမည်။
- တက္ကသိုလ်မှ ချမှတ်ထားသော စည်းမျဉ်း၊ စည်းကမ်းများကို လိုက်နာနိုင်သူဖြစ်ရမည်။
- ပညာသင်ကာလအတွင်း Workshop Skills ၊ သတ်မှတ်ထားသော ပင်လယ်ပြင်လုပ်သက်နှင့် တက္ကသိုလ် ပြင်ပတွင်တက်ရောက်ရမည့် အခြားသင်တန်းများကို ရေကြောင်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနက ထုတ်ပြန်သည့် စည်းမျဉ်း၊ စည်းကမ်းများနှင့်အညီ မိမိအစီအစဉ်ဖြင့် ဆောင်ရွက်နိုင်သူဖြစ်ရမည်။
မြန်မာနိုင်ငံရေကြောင်းပညာတက္ကသိုလ်၏ ပထမနှစ်သင်တန်း ၀င်ခွင့်လျှောက်လွှာပုံစံကို ၂၀၂၆ ခုနှစ် စက်တင်ဘာ (၇) ရက် စတင်၍ တက္ကသိုလ်၏ Website : www.mmu.edu.mm မှ Download ယူ၍လည်းကောင်း၊ ကျောင်းသားရေးရာဌာနမှလည်းကောင်း ရယူပြီး စာတိုက်မှဖြစ်စေ၊ ကျောင်းသားရေးရာဌာနတွင် လူကိုယ်တိုင်ဖြစ်စေ လျှောက်ထားနိုင်သည်။
၀င်ခွင့်လျှောက်လွှာများကို စာတိုက်မှ ပေးပို့လျှောက်ထားမည်ဆိုပါက မြန်မာနိုင်ငံရေကြောင်းပညာတက္ကသိုလ်၊ သန်လျင်၊ သီလဝါ စာတိုက်သင်္ကေတ-၁၁၂၉၃ သို့ လိပ်မူပြီး သတ်မှတ်ရက်အတွင်း လျှောက်ထားရမည်။
လျှောက်လွှာနှင့်အတူ တင်ပြရမည့် စာရွက်စာတမ်းများ -
- လိုင်စင်ဓာတ်ပုံ (၄) ပုံ
- မြန်မာနိုင်ငံစာစစ်အဖွဲ့မှ ထုတ်ပေးသည့် အမှတ်စာရင်းမူရင်း
- သက်ဆိုင်ရာကျောင်းသားနှင့် မိဘနှစ်ပါး၏ နိုင်ငံသားစီစစ်ရေးကတ်ပြားမိတ္တူ
ပထမနှစ်သင်တန်း၀င်ခွင့်လျှောက်ထားခြင်းကို ၂၀၂၆ ခုနှစ် စက်တင်ဘာလ (၇) ရက်နေ့မှ အောက်တိုဘာလ (၉) ရက်နေ့အထိ ရုံးချိန်အတွင်း လျှောက်ထားနိုင်ပါသည်။
၀င်ခွင့်လျှောက်လွှာများတွင် ဖြည့်စွက်ထားသည့်အချက်များ ပြည့်စုံမှန်ကန်ခြင်းမရှိပါက ထည့်သွင်းစဉ်းစားမည် မဟုတ်ပါ။ ရွေးချယ်ခြင်းမခံရပါက ကျောင်းသား၊ ကျောင်းသူများ နစ်နာမှုမရှိစေရန်အတွက် အခြားတက္ကသိုလ်များသို့ အချိန်မီတက်ရောက်နိုင်ရေး လျှောက်ထားမှုပြုလုပ်ထားရန် လိုအပ်ပါမည်။
တက္ကသိုလ်ဝင်ခွင့်အတွက် လူတွေ့ဖြေဆိုခွင့်ရရှိသူများစာရင်း၊ ကျန်းမာရေးစစ်ဆေးမည့်နေ့ရက်၊ မျက်စိစမ်းသပ်စစ်ဆေးမည့်နေ့ရက်နှင့် လူတွေ့ဖြေဆိုရမည့်ရက်များကို ၀င်ခွင့်အမှတ်စဉ်အလိုက် ထပ်မံကြေညာပေးသွားမည်ဖြစ်ပါသည်။ မြန်မာနိုင်ငံရေကြောင်းပညာတက္ကသိုလ်၏ Website : www.mmu.edu.mm တွင်လည်း ဝင်ရောက်ကြည့်ရှုနိုင်ပါသည်။
အသေးစိတ်အချက်အလက်များကိုသိရှိလိုပါက ဖုန်း-၀၉-၄၂၃၅၁၀၈၅၄ သို့ ဆက်သွယ်မေးမြန်းစုံစမ်းနိုင်ပါသည်။
=================================
ပညာရေးဆိုင်ရာ သတင်းအချက်အလက် အစုံအလင်ကို
Telegram နှင့် Viber မှာလည်း အလွယ်တကူ ဖတ်ရှုနိုင်ပါတယ်။
> https://t.me/eudcationguide (Telegram)
> https://invite.viber.com/? (Viber)
နှစ်ပတ်တစ်ကြိမ် ပေးပို့နေတဲ့ Education Bulletin ကို
ရယူဖို့လည်း Subscribe လုပ်ထားနိုင်ပါတယ်။