Sales Hotline : 09448001653       Download App



Myanmar Management Institute မှ ကျောင်းသူ၊ ကျောင်းသားများနှင့်  အများသိစေရန်ကြေညာခြင်း

Myanmar Management Institute (MMI) မှ ကျောင်းသား၊ ကျောင်းသူများသင်တန်းတက်ရောက်ရန် စိတ်ဝင်စားသူများကို ဆက်သွယ်ရာတွင် အောက်ပါဖုန်းနံပါတ်များနှင့်သာ တရားဝင်ဆက်သွယ်သွားမည်ဖြစ်ကြောင်း အသိပေးအကြောင်းကြားအပ်ပါသည်။

09-755733296, 09-753374688, 09-775862197, 09-783301180, 09-969869294, 09-775651765, 09-799890136 Myanmar Management Institute (MMI) သို့ ငွေပေးသွင်းသည့်ကိစ္စရပ်အားလုံးအတွက် အောက်တွင် တရားဝင် ဖော်ပြထားသော တရားဝင် ဘဏ်အကောင့်များ၊ တရားဝင် ငွေလွှဲအကောင့်များနှင့် တရားဝင် ဖုန်းနံပါတ်များကိုသာ ပေးသွင်းပါရန် အကြောင်းကြားအပ်ပါသည်။

KBZ Bank Account No 29830200203075701 
KBZ Pay Account 09 772357113 
AYA Account No 0048202011121169 
CB Bank Account Name No 0094600100072297 
Wave Account 09 772357113 
Wave Account 09 792223877

အထက်တွင်ဖော်ပြထားသော တရားဝင်ဖုန်းနံပါတ်များ၊ တရားဝင်ဘဏ်အကောင့်များ၊ တရားဝင်ငွေလွှဲအကောင့်များ မှလွဲ၍ အခြားမည်သူကိုမျှ ငွေလွှဲခြင်းမျိုးမရှိစေရန် အထူးသတိပေးအပ်ပါသည်။ Myanmar Management Institute (MMI) ၏ တရားဝင် ဘဏ်အကောင့်များ၊ တရားဝင် ငွေလွှဲအကောင့်များမှလွဲ၍ အခြားတစ်စုံတစ်ဦးကို ငွေပေးသွင်းခြင်း မျိုးရှိခဲ့လျှင် Myanmar Management Institute (MMI) နှင့်သက်ဆိုင်မည်မဟုတ်ကြောင်းနှင့်တာဝန်ယူမည်မဟုတ်ကြောင်း ရှင်းလင်းစေအပ်ပါသည်။

Myanmar Management Institute (MMI) ၏ ကျောင်းသား၊ ကျောင်းသူများသို့ဖြစ်စေ၊ Myanmar Management Institute (MMI) သင်တန်းများကို စိတ်ဝင်စားတက်ရောက်လိုသူများသို့ဖြစ်စေ၊ ဆက်သွယ်ရေးကွန်ရက် (သို့) လူမှုကွန်ရက် အသုံးပြုပြီး ယင်းပိုင်ရှင် သို့မဟုတ် စီမံခန့်ခွဲခွင့်ရှိသူ၏ ခွင့်ပြုချက်မရှိဘဲငွေကြေးသော်လည်းကောင်း၊ ကျောင်းနာမည်နှင့် ကျောင်းနှင့်ပတ်သက်သော အချက်အလက်များကိုသော်လည်းကောင်း ခိုးယူခြင်း၊ လိမ်လည်ခြင်း၊ အလွဲသုံးစားပြုခြင်း၊ ကျောင်းအား ဂုဏ်အသရေညှိုးနွမ်းစေခြင်းတို့ ပြုလုပ်ပါက ထိုသို့ပြုလုပ်သူကိုလည်းကောင်း၊ ထိုသို့ပြုလုပ်ရန်တိုက်တွန်းသူ၊ စေခိုင်းသူကိုလည်းကောင်း ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၏တည်ဆဲဥပဒေများအရ ထိရောက်စွာ အရေးယူသွား မည်ဖြစ်ကြောင်း အများသိစေရန် ကြေညာအပ်ပါသည်။

ဒါရိုက်တာအဖွဲ့၏ လွှဲအပ်ညွှန်ကြားချက်အရ
ဒေါ်တင့်တင့်ခိုင် (LL.B,DBL,DIL)
တရားလွှတ်တော်ရှေ့နေ (စဉ်-၁၄၈၅၃) အမှတ်(၃၄၇)၊ မာလာရုံလမ်း၊ လှိုင်မြို့နယ်။ ဖုန်း-၀၉-၄၂၀၀၃၂၇၂၂

By Myanmar Education Guide - EDGE
 

Local News Read 2941 times