၂၀၂၅-၂၀၂၆ ပညာသင်နှစ်တွင် အခြေခံပညာအတန်းများဖြစ်သည့် KG မှ Grade (12) အထိ တတ်မြောက်မှုစစ်ဆေးအကဲဖြတ်ခြင်းများကို အခြေခံပညာဦးစီးဌာန၏ သတ်မှတ်အစီအစဉ်အတိုင်း ဆောင်ရွက်ရမည်ဖြစ်သည်။
စာသင်နှစ်တစ်နှစ်တွင် ဇူလိုင်လနှင့် ဒီဇင်ဘာလတွင် အခန်းဆုံးတတ်မြောက်မှုစစ်ဆေးခြင်း (၂) ကြိမ်၊ အောက်တိုဘာလတွင် နှစ်ဝက်ဆုံးတတ်မြောက်မှုစစ်ဆေးခြင်း (၁) ကြိမ်နှင့် ဖေဖော်ဝါရီလတွင် နှစ်ဆုံးတတ်မြောက်မှုစစ်ဆေးခြင်း (၁) ကြိမ် စုစုပေါင်း (၄) ကြိမ် စစ်ဆေးရပါမည်။
KG မှ Grade (4) အထိသည် မူအောက်ဆင့်ဖြစ်သည့်အတွက် ဘာသာရပ်အားလုံးကို စာသင်ခန်းအတွင်း ပုံမှန်တတ်မြောက်မှုစစ်ဆေးအကဲဖြတ်ခြင်းဖြင့် ဆောင်ရွက်ရန်သာ လိုအပ်ပြီး Grade (4) မှစ၍ Grade (12) အထိ သတ်မှတ်အစီအစဉ်အတိုင်း စာမေးပွဲကျင်းပရမည်ဖြစ်သည်။
Garde (1) မှ Grade (12) အထိ အခန်းဆုံးတတ်မြောက်မှုစစ်ဆေးခြင်းတွင် တစ်ရက်လျှင် (၂) ဘာသာနှုန်းဖြင့် (၂၅) မှတ်ဖိုး ဖြေဆိုရမည်ဖြစ်ပြီး Grade (4) သည် စာမေးပွဲ (၄) ကြိမ်လုံးတွင် တစ်ရက်လျှင် (၂) ဘာသာနှုန်းဖြင့် (၂၅) မှတ်ဖိုးသာ ဖြေဆိုရမည်။
Grade (5) မှ Grade (12) အထိအတန်းများသည် နှစ်ဝက်ဆုံးနှင့် နှစ်ဆုံးတတ်မြောက်မှုစစ်ဆေးခြင်းတို့တွင် တစ်ရက်လျှင် (၁) ဘာသာနှုန်းဖြင့် ဖြေဆိုရမည်ဖြစ်ပြီး ပေးမှတ်ကို အောက်ပါပုံတွင် အသေးစိတ် ကြည့်ရှုနိုင်သည်။
====================
ပညာရေးဆိုင်ရာ သတင်းအချက်အလက် အစုံအလင်ကို
Telegram နှင့် Viber မှာလည်း အလွယ်တကူ ဖတ်ရှုနိုင်ပါတယ်။
> https://t.me/eudcationguide (Telegram)
> https://invite.viber.com/? (Viber)
နှစ်ပတ်တစ်ကြိမ် ပေးပို့နေတဲ့ Education Bulletin ကို
ရယူဖို့လည်း Subscribe လုပ်ထားနိုင်ပါတယ်။