Sales Hotline : 09448001653       Download App



မဲစာရင်းမှာ မိမိ နာမည်ပါ၊ မပါ စစ်ဆေးမယ်

Website တွင် ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ မဲဆန္ဒရှင်စာရင်းတွင် မိမိပါ၊ မပါနှင့် ပါဝင်သော မိမိ၏ အချက်အလက်များကို စစ်ဆေးနိုင်ပါသည်။

စစ်ဆေးရန်အတွက် (၁) မိမိနေထိုင်ရာ မြို့နယ်၊ (၂) အမည်၊ (၃)မွေးသက္ကရာဇ်၊ (၄) မှတ်ပုံတင်အမှတ် နှင့် (၅) ဖခင်အမည်ကို ဖြည့်သွင်း၍ ရှာဖွေနိုင်ပါသည်။ စာရင်းတွင်ပါဝင်ပါက မိမိ၏ မဲဆန္ဒရှင်စာရင်းပါ အချက်အလက်များနှင့်၊ ဆန္ဒမဲပေးရမည့် သတ်မှတ်ထားသော မဲရုံအမှတ်၊ မဲရုံလိပ်စာနှင့် စာရင်းပါမိမိ၏ အမှတ်စဉ် တို့ကို မြင်တွေ့ရပါမည်။

 

ရှာဖွေရာ၌

- တိကျစေရန် Unicode Keyboard ဖြင့် ရိုက်သွင်းရန်အကြံပြုပါသည်။

- အမည်တွင် "ဦး၊ ဒေါ်၊ မောင်၊ မ" တပ်ရန်မလိုပါ။

- အမည်တွင် "ဦးကိုကို(ခ)ဦးကိုကြီး" ဟု ပုံစံဖြင့် စာရင်းပေးခဲ့လျှင် "ကိုကို" ဟုသာ ဦးစားပေး ရှာဖွေရပါမည်။

- ဖခင်အမည်တွင် "ဦး" တပ်စရာ မလိုပါ။

 

- မှတ်ပုံတွင်အမှတ်တွင် စာနှင့် ကိန်းဂဏန်းများကို မြန်မာစာလုံးနှင့် မြန်မာနံပါတ်များကိုသာ အသုံးပြုရပါမည်။

- အောက်ပါနည်းလမ်းများဖြင့် မဲဆန္ဒရှင်စာရင်းကို ရှာဖွေနိုင်ပါသည်။ မှတ်ပုံတင်အမှတ်ကို ဂဏန်း သီးသန့်ဖြင့်လည်းရှာဖွေနိုင်ပါသည်။

(1) မြို့နယ် + မွေးရက် + အမည် + မှတ်ပုံတင်

(2) မြို့နယ် + မွေးရက် + အမည် + အဖအမည်

(3) မြို့နယ် + မွေးရက် + မှတ်ပုံတင် + အဖအမည်

(4) မြို့နယ် + အမည် + မှတ်ပုံတင် + အဖအမည်

 

မှတ်ချက်။ ။

Unicode စံမဟုတ်သော ဖောင့်များနှင့် ကီးဘုတ်များဖြင့် ရှာဖွေခြင်း၊ Fancy Font (ပုံမှန်မဟုတ်သောဖောင့်အလှများ) တပ်ဆင်ထားသည့် ကွန်ပျူတာနှင့် မိုဘိုင်းဖုန်းများအား အသုံးပြုခြင်းကြောင့် အချက်အလက်ပြသမှု မမှန်သည်များ ဖြစ်တတ်ပါသည်။

 

 

မဲစာရင်း ကြည့်ရန်     >> နှိပ်ပါ <<

 

မဲစာရင်းတွင် မိမိနာမည် မပါဝင်ပါက Form ဖြည့်ရန်     >> နှိပ်ပါ <<

 

မဲစာရင်းတွင် ကိုယ်စားလှယ်လောင်းများ နာမည် မပါဝင်ပါက Form ဖြည့်ရန်     >> နှိပ်ပါ <<

 

မဲပေးပိုင်ခွင့်မရှိသူများတွေ့ရှိပါက ကန့်ကွက်ရန်     >> နှိပ်ပါ <<

 

အသေးစိတ်များ သိရှိလိုပါက ဆက်သွယ်မေးမြန်ရန်     >> နှိပ်ပါ <<

Latest Post News Read 2804 times