Sales Hotline : 09448001653       Download App
တက္ကသိုလ်ဝင်တန်းဖြေဆိုမည့် ကျောင်းသား/သူများအတွက် မြန်မာနိုင်ငံ၏ပထမဦးဆုံး Motivation Talk Show
** ကျင်းပမည့်နေရာ**
Gandamar Ballroom
**ကျင်းပမည့်နေ့ရက်**
7-12-2019
** ကျင်းပမည့်အချိန်**
နံနက် () နာရီမှ နေ့လည် (၁၂) နာရီအထိ
**Unicode**
လူ့လောကကြီးထဲ ရောက်ရှိလာတာနဲ့ လောကရဲ့နိယာမအတိုင်း အရာအားလုံးကို လူသားတိုင်းအဆင့်ဆင့်ဖြတ်ကျော်ကြရမည်ဖြစ်ပါတယ်။
ထို့သို့ အဆင့်ဆင့်ဖြစ်ကျော်ကြရာတွင် ကျောင်းသားဘဝရဲ့ အရေးပါမှုဟာ အင်မတန်အရေးကြီးပါတယ်။
ကောင်းမွန်သောရလဒ်ရနိုင်ဖို့ဟာဆိုရင် ကျောင်းသား/သူတိုင်း လိုချင်သောအိမ်မက်တစ်ခုပါ။
လူငယ်တိုင်းတွင် အိမ်မက်ကိုယ်စီရှိကြပါတယ်။
လျှောက်လှမ်းရမယ့် ဘဝပုံစံအမျိုးမျိုးရှိနေသလိုပဲ တစ်ဦးတစ်ယောက်ချင်းစီတိုင်းတွင် အိမ်မက်ကိုယ်စီရှိနေကြပါတယ်။
ဒါဆိုရင် ကျောင်းသား/သူတွေအများဆုံးအိမ်မက်က ဘာဖြစ်နိုင်မလဲ။
ရိုးရှင်းလွန်းပါတယ် ဆယ်တန်းဆိုတဲ့ ဘဝရဲ့ တစ်ဆစ်ချိုးအောင်မြင်မှုပန်းတိုင်၊ ခိုင်မာသောမှတ်တမ်းတစ်ခုလို့ တင်စားရလောက်တဲ့ တက္ကသိုလ်ဝင်တန်းကို အောင်အောင်မြင်မြင်ဖြတ်ကျော်နိုင်ဖို့ ကျောင်းသား/သူ တိုင်းရဲ့အိမ်မက်ပါပဲ။
အဲ့ဒီလိုအောင်မြင်မှုအိမ်မက်ကို ရရှိသွားသူများလည်းရှိကြသလို၊ တက္ကသိုလ်ဝင်တန်းအဆင့်လောက်မှာပဲ ကျရှုံးပြီး အိမ်မက်ဆိုတာပျောက်သွားပြီး ငါ့ဘဝမှာ မရှိတော့ဘူး အဲ့ဒီလိုမျိုးတွေးနေသူများလဲ ရှိနေပါတယ်။
အိမ်မက်ဆိုတာ ဘယ်တော့မှ ရပ်တန့်မသွားပါဘူး။ လူတိုင်းဟာ စိတ်ကူးယဉ်အိမ်မက်တွေနဲ့ ရှင်သန်နေကြတာပါ။
ဖြစ်လာခြင်းနဲ့ ဖြစ်မလာသေးခြင်းပဲ ရှိတာပါ။
ကိုယ့်မှာ အိမ်မက်တွေကို အိမ်မက်ကိုရဲရဲဝံဝံ အကောင်အထည်ဖော်နိုင်ဖို့အတွက် မိမိရဲ့ အိမ်မက်ထဲမှာ မိမိဟာ ခေါင်းဆောင်ဖြစ်နေဖို့လိုပါတယ်။
ထို့ကြောင့် တက္ကသိုလ်ဝင်တန်းဖြေဆိုမယ့် ကျောင်းသား/သူများ စိတ်ထက်ခွန်အားရစေပြီး အိမ်မက်ထဲကအတိုင်းလက်တွေ့အကောင်အထည်ဖော်နိုင်ဖို့ မြန်မာနိုင်ငံမှာ အောင်မြင်ကျော်ကြားပြီး အတွေ့အကြုံရင့်ကျက်သော ဆရာကြီး/ဆရာမကြီး တို့က သူတို့ရဲ့ငယ်စဉ်အိမ်မက်တွေကို ဖြစ်မြောက်အောင်ဘယ်လိုမျိုးကြိုးစားတည်ဆောက်ပြီး ဖြတ်သန်းခဲ့တယ်ဆိုတာကို ပြောပြပေးမှာဖြစ်ပါတယ်။
ဒီပွဲလေးဟာ တက္ကသိုလ်ဝင်တန်းဖြေဆိုမယ့် ကျောင်းသား/သူများအတွက် အင်မတန်ကိုမှ တန်ဖိုးရှိတဲ့ ပွဲလေးပဲဖြစ်ပါတယ်။
ပြောကြားပေးမည့်သူများမှာ
** ဆရာဦးမြင့်ဇော် M.D(AYA Bank)
** ဆရာမဒေါ်ပို့ပို့ကြည် Founder (Myanmar Imperial University)
** ဆရာဦးထွန်းထွန်းနိုင် Chairman & CEO (Blue Ocean Investment Co.Ltd) တို့ဖြစ်ပါတယ်။
** ကျင်းပမည့်နေရာ**
Gandamar Ballroom
**ကျင်းပမည့်နေ့ရက်**
7-12-2019
** ကျင်းပမည့်အချိန်**
နံနက် (၉) နာရီမှ နေ့လည် (၁၂) နာရီအထိ
** မည်သူမဆို (အခမဲ့) ဝင်ရောက်နိုင်ပါသည်။**
(၁၀ ဦးအထက်လာရောက်မည့်သူများ ယခုဖုန်းနံပါတ်ကို ဆက်၍ကြိုတင်စာရင်းပေးသွင်းနိုင်ပါသည်။)
ဖုန်းနံပါတ် ၀၉-၉၇၁၂၁၂၁၂၈
Latest Post News Read 1342 times