Sales Hotline : 09448001653       Download App



အလုပ်ခွင်ရှိ လူငယ်အများစု ဘွဲ့ရပြီးနောက် လေ့လာမှုများ ဆက်လက်ပြုလုပ်နေကြကြောင်း

ပုံမှန် ပညာရေး သင်ကြားပြီးဆုံးပြီးနောက် လေ့လာသင်ယူမှုတွင် ဆက်လက်လုပ်ကိုင်သူများတွင်  အမျိုးသားများက ပို၍များပြားသည်ကို စစ်တမ်းများမှသိရသည်။ ထိုစစ်တမ်းတွင် ပါဝင်ခဲ့သော အမျိုးသား ၉၅.၃ ရာခိုင်နှုန်းက ၎င်းတို့ ဗဟုသုတ ပိုမို တိုးပွားစေဖို့အတွက် ဆက်လက်လုပ်ဆောင်ခဲ့ကြောင်း ဖြေကြားထားသည်။ 

China Youth Daily မှပြုလုပ်ခဲ့သော စစ်တမ်းများအရ တရုတ်နိုင်ငံတွင် အလုပ်လုပ်ကိုင်လျက်ရှိသော လူငယ်များ၏  ၉၄.၅ ရာခိုင်နှုန်းခန့်သည် ဘွဲ့ရရှိပြီးနောက် လေ့လာမှုများ ဆက်လက် ပြုုလုပ်သည့် အလေ့အကျင့်ကို ဆက်လက်ထိန်းထားသည်ကို သိရသည်။ 

စစ်တမ်းဖြေဆိုသူ ၆၄.၉ရာခိုင်နှုန်းက အွန်လိုင်းသင်ကြားမှုများ ရယူခြင်း သို့မဟုတ် မိမိနှစ်သက်ရာ အရည်အသွေးမြင့် ပညာရပ်များအား အပလီကေးရှင်းနှင့် အွန်လိုင်းပလက်ဖောင်းများမှ ဝယ်ယူသင်ကြားခြင်းများ လုပ်ဆောင်ခဲ့ကြပြီး ၆၃.၅ ရာခိုင်နှုန်းက မိမိဘာသာစာဖတ်ဖို့လုပ်ဆောင်ကြကာ ၆၀.၇ ရာခိုင်နှုန်းမှာမူ အသက်မွေးဝမ်းကျောင်း အသိအမှတ်ပြုလက်မှတ်များရရှိရန် လုပ်ဆောင်ကြသည်ဟု အချက်အလက်များက ဖော်ပြထားသည်။

ထို လေ့လာဆန်းစစ်မှူများတွင် ပါဝင်ခဲ့သူ ၉၇ ရာခိုင်နှုန်းမှာ Lifelong Learning တစ်သက်တာလေ့လာမှု အယူအဆကို လက်ခံကြပြီး ၉၇.၆ ရာခိုင်နှုန်းမှာ Personal Develop တစ်ကိုယ်ရေတိုးတက်မှုအတွက် အရေးကြီးသည် ဟု ယူဆထားသည်။ အကျိုးကျေးဇူးများစွာ ရှိသည့်အနက် တစ်သက်တာလေ့လာမှုက အခွင့်အလမ်းများနှင့် တစ်ကိုယ်ရေဖွံ့ဖြိုးတိုးတက်မှု ပိုမိုရရှိစေပြီး အလုပ်ခွင်တွင် မြင့်မားသောအရည်အချင်းများ တိုးတက်စေကာ လေ့လာသင်ယူသူများကို ခေတ်နှင့်အမီလိုက်နိုင်စေကြောင်း စစ်တမ်းဖြေဆိုသူများ၏ အဆိုအရ သိရသည်။

အထက်ပါ လေ့လာမှုစစ်တမ်းသည် အလုပ်ခွင်ရှိ တရုတ်နိုင်ငံသား လူငယ် ၁,၉၆၆ ဦးကို လေ့လာစစ်တမ်းကောက်ယူခဲ့ခြင်းဖြစ်သည်။ စစ်တမ်းဖြေဆိုသူများတွင် အမျိုးသား ၅၂.၉ ရာခိုင်နှုန်းနှင့် အမျိုးသမီး ၄၇.၁ ရာခိုင်နှုန်းပါဝင်ကြောင်း သိရသည်။

 

By Myanmar Education Guide - EDGE 
Ref: Xinhua news

Latest Post News Read 534 times