၂၀၂၆ ခုနှစ် ကမ္ဘာ့အသုံးအများဆုံး ဘာသာစကား (၁၀) မျိုး

ကမ္ဘာပေါ်မှာ လူသုံးအများဆုံး ဘာသာစကားတွေက ဘာတွေလဲဆိုတာ တွေးကြည့်ဖူးပါသလား? ဒါက သင့်ကို ဘာသာစကား သင်ယူတဲ့နေရာမှာ အထောက်အကူပြုစေမှာပါ။

အင်္ဂလိပ်စာဘာသာစကားကတော့ ကမ္ဘာ့နေရာ အနှံ့အပြားမှာ လူသုံးများတာ လူတိုင်းသိကြမှာပါ။ ဒါပေမဲ့ တရုတ်ဘာသာစကားကတော့ Native Speaker ပြောဆိုသုံးစွဲသူ အများဆုံးနဲ့ နံပါတ်တစ်နေရာမှာ ရောက်ရှိနေပါတယ်။

Ethnologue နဲ့ Statista တို့ရဲ့ နောက်ဆုံးထွက် ဒေတာတွေအရ ကမ္ဘာပေါ်မှာ ဘယ်ဘာသာစကားတွေက လူသုံးအများဆုံးလည်း ကြည့်လိုက်ကြရအောင်။ ဒါတွေကို သိရင်တော့ သင့်အနေနဲ့ ဘာသာစကားသင်တန်းတွေတက်ရောက်ဖို့  ရွေးချယ်တဲ့နေရာမှာလည်း  အများကြီး အထောက်အကူပြုစေမှာပါ။

၁။ English - 1.5+ Billion Speakers

ကမ္ဘာပေါ်မှာ အသုံးအများဆုံး ဘာသာစကားဟာ အားလုံးသိကြတဲ့အတိုင်း English ဘာသာစကားဖြစ်ပါတယ်။ စီးပွားရေး၊ နည်းပညာနဲ့ ပညာရေးပိုင်းမှာ အထောက်အကူပြုတဲ့ ဘာသာစကားတစ်ခုပါ။ သင်က English (4) Skills လုံးကို ပိုင်နိုင်ထားမယ်ဆိုရင် ဘယ်နိုင်ငံမှာမဆို ကျောင်းတက်ဖို့ရော အလုပ်လုပ်ဖို့ပါ အဆင်ပြေပါတယ်။ 

၂။ Mandarin - 1.1+ Billion Speakers

Native Speaker သုံးစွဲသူ အရေအတွက်နဲ့ ပြောမယ်ဆိုရင် မန်ဒရင်းဘာသာစကားက အင်္ဂလိပ်ဘာသာစကားထက်ပိုပြီး ရှေ့ရောက်ပါတယ်။ ကမ္ဘာပေါ်မှာ အင်္ဂလိပ်ဘာသာစကားကို First Language အနေနဲ့ ပြောဆိုသုံးစွဲသူက (၃၉၀) သန်းသာရှိပြီး မန်ဒရင်းဘာသာစကားကိုတော့ (၉၉၀) သန်းက အသုံးပြုနေကြတာဖြစ်ပါတယ်။ 

၃။ Hindi - 609 Million Speakers

Hindi ဘာသာစကားဟာ India နိုင်ငံမှာ တရားဝင် အသုံးပြုပြောဆိုနေတဲ့ ဘာသာစကား (၂၂) ခုထဲက တစ်ခုအပါအဝင်ဖြစ်ပါတယ်။ Hindi ဘာသာစကားကို First Language အနေနဲ့ လူဦးရေ (၃၄၅) သန်း အသုံးပြုလျက်ရှိပြီး ကမ္ဘာတဝှမ်း စုစုပေါင်း ပြောဆိုသုံးစွဲသူကတော့ (၆၀၉) သန်း ရှိပါတယ်။

၄။ Spanish - 558 Million Speakers

Native Speaker အရေအတွက်နဲ့ ယှဉ်မယ်ဆိုရင် စပိန်ဘာသာစကားဟာ မန်ဒရင်းပြီးရင် ဒုတိယအသုံးအများဆုံးဖြစ်ပါတယ်။ စပိန်ဘာသာစကားက စပိန်နိုင်ငံအပြင် စပိန်ကိုလိုနီလက်အောက်ခံအဖြစ် ရောက်ခဲ့ကြတဲ့ ဥရောပ၊ အမေရိက၊ အာဖရိကနဲ့ အာရှနိုင်ငံတွေအထိပါ ကျယ်ပြန့်ခဲ့ပါတယ်။ ကမ္ဘာပေါ်မှာ စပိန်ဘာသာစကားပြောနိုင်ငံ (၂၁) နိုင်ငံရှိပါတယ်။  

၅။ Arabic - 335 Million Speakers

အာရဗီဘာသာစကားကို အသုံးပြုသူ လူဦးရေဟာ ကမ္ဘာပေါ်မှာ (၃၃၅) သန်း ရှိပြီး အနောက်ဆာဟာရ အပါအဝင် အာရပ်နိုင်ငံ (၂၆) နိုင်ငံရဲ့ မိခင်ဘာသာစကား ဖြစ်ပါတယ်။ ပါလက်စတိုင်း၊ အီဂျစ်၊ ဆော်ဒီအာရေ‌ဗျ၊ ယူအေအီး၊ အိုမန်၊ ကာတာ၊ ဂျော်ဒန်၊ အီရတ် အစရှိတဲ့ နိုင်ငံတွေမှာ အာရဗီဘာသာစကား ပြောပါတယ်။ အထူးသဖြင့် အရှေ့အလယ်ပိုင်းဒေသက နိုင်ငံတွေမှာ အလုပ်အကိုင် အခွင့်အလမ်းများများ ရချင်ရင် အာရဗီစကား တတ်ထားသင့်ပါတယ်။ 

၆။ French - 312 Million Speakers

စပိန်နဲ့ အင်္ဂလိပ်ဘာသာစကားလိုပဲ ပြင်သစ်ဘာသာစကားကလည်း ပြင်သစ်ကိုလိုနီအင်ပါယာနဲ့အတူ ကမ္ဘာအနှံ့ ပျံ့နှံ့သွားခဲ့ပြီး ကမ္ဘာပေါ်မှာ ပြင်သစ်စကားပြောနိုင်ငံ (၂၉) နိုင်ငံရှိပါတယ်။ အင်္ဂလိပ်ဘာသာစကားက စီးပွားရေးလုပ်ငန်းသုံး ဘာသာစကားဖြစ်တယ်ဆိုရင် ပြင်သစ်ဘာသာစကားကို ယဉ်ကျေးမှုဘာသာစကားအဖြစ် သတ်မှတ်နိုင်ပါတယ်။ 

၇။ Bengali - 284 Million Speakers

ဘင်္ဂလီဘာသာစကားကို ကမ္ဘာ့လူဦးရေ သန်းပေါင်း (၂၈၄) သန်းက ပြောဆို သုံးစွဲနေကြပါတယ်။ ဘင်္ဂလီဘာသာစကားဟာ ဘင်္ဂလီနိုင်ငံရဲ့ မိခင်ဘာသာစကားဖြစ်ပြီး အိန္ဒိယနိုင်ငံမှာ ဒုတိယ အသုံးအများဆုံး ဘာသာစကားလည်း ဖြစ်ပါတယ်။ အိန္ဒိယနိုင်ငံရဲ့ အရှေ့ပိုင်းပြည်နယ်တွေမှာ ပိုမို အသုံးပြုကြပါတယ်။ 

၈။ Portuguese - 267 Million Speakers

ပေါ်တူဂီနိုင်ငံကလည်း တစ်ချိန်တုန်းက နယ်ချဲ့ခဲ့လို့ ပေါ်တူဂီ လက်အောက်ရောက်ခဲ့တဲ့ နိုင်ငံတွေမှာ ပေါ်တူဂီ ဘာသာစကားကို အမွေရရှိခဲ့တာကြောင့် ကမ္ဘာပေါ်မှာ ပေါ်တူဂီဘာသာစကား ပြောဆိုသူ အများအပြား ရှိပါတယ်။ ပေါ်တူဂီစကားကို မိခင်ဘာသာစကားအဖြစ် ပြောဆိုတဲ့ နိုင်ငံ (၁၀) နိုင်ငံရှိပြီး ဒီထဲကမှ ဘရာဇီးနိုင်ငံက ပေါ်တူဂီစကားပြော အများဆုံးနိုင်ငံဖြစ်ပါတယ်။ လက်ရှိ ကမ္ဘာမှာ ပေါ်တူဂီဘာသာစကား ပြောဆိုသူ လူဦးရေ (၂၆၇) သန်းာ် ရှိပါတယ်။

၉။ Russian - 253 Million Speakers

ရုရှားဘာသာစကားကို ကမ္ဘာပေါ်မှာ လူဦးရေ (၂၅၃) သန်း ပြောဆိုသုံးစွဲလျက်ရှိကြပြီး ကမ္ဘာ့ကုလသမ္မဂအဖွဲ့ကြီးရဲ့ တရားဝင်ရုံးသုံးဘာသာစကားအဖြစ် သတ်မှတ်ထားသော ဘာသာစကားခြောက်မျိုးထဲက တစ်ခုအပါအဝင် ဖြစ်ပါတယ်။ အဆိုပါ ကုလသမ္မဂအဖွဲ့ကြီးရဲ့ တရားဝင်ရုံးသုံး ဘာသာစကား ခြောက်မျိုးကတော့ အာရဗီ၊ တရုတ် (မန်ဒရင်း)၊ အင်္ဂလိပ်၊ ပြင်သစ်၊ စပိန်နဲ့ ရုရှားဘာသာစကားတို့ ဖြစ်ပါတယ်။ ရုရှားဘာသာစကားဟာ ဥရောပနိုင်ငံတွေမှာ အသုံးများဆုံး ဘာသာစကားတစ်ခုလည်း ဖြစ်ပါတယ်။ 

၁၀။  Urdu -  235 Million Speakers

အူရ်ဒူဘာသာစကားကတော့ ပါကစ္စတန်နိုင်ငံရဲ့ မိခင်ဘာသာစကားဖြစ်ပြီး နိုင်ငံတကာမှာ ပြောဆိုသုံးစွဲသူ (၂၃၅) သန်း ရှိပါတယ်။ အိန္ဒိယနိုင်ငံမှာလည်း အူရ်ဒူကို ဟင်ဒီဘာသာစကားအဖြစ် အသုံးပြုကြပါတယ်။ ဟင်ဒီနဲ့ အူရ်ဒူဘာသာစကားဟာ ရေးသားပုံချင်းမတူပေမဲ့ အသံထွက် ပြောဆိုပုံချင်းတော့ တူပါတယ်။ ဟင်ဒီအရေးအသားက သက္ကတဘာသာစကားဖြင့် ပုံဖော်ထားပြီး အူရ်ဒူအရေးအသားကတော့ ပါရှန်ဘာသာဖြင့် အသုံးပြုထားပါတယ်။

သင့်အနီးအနားမှာ ရှိတဲ့ ဘာသာစကားသင်တန်းကျောင်းတွေရဲ့ လိပ်စာနဲ့ ဖုန်းနံပါတ်တွေကိုတော့ အောက်ကလင့်ခ်မှာ ဝင်ရောက်ရှာဖွေနိုင်ပါတယ်။ 

>> https://www.edge.com.mm/k:Languages

=====================================

ပညာရေးဆိုင်ရာ သတင်းအချက်အလက် အစုံအလင်ကို
Telegram နှင့် Viber မှာလည်း အလွယ်တကူ ဖတ်ရှုနိုင်ပါတယ်။

https://t.me/eudcationguide (Telegram)

https://invite.viber.com/? (Viber)

နှစ်ပတ်တစ်ကြိမ် ပေးပို့နေတဲ့ Education Bulletin ကို
ရယူဖို့လည်း Subscribe လုပ်ထားနိုင်ပါတယ်။

https://shorturl.at/ktCaP

Latest Post Vocational Read 1902 times