အမှတ် (၃၉၀) ကျော်သူများ ကုန်သွယ်ရေကြောင်းကောလိပ်တွင် လျှောက်ထားနိုင်ပြီ

မြန်မာနိုင်ငံကုန်သွယ်ရေကြောင်းကောလိပ်မှ ၂၀၂၇-၂၀၂၈ ပညာသင်နှစ်အတွက် အောက်ဖော်ပြပါ အရာရှိလောင်း ဒီပလိုမာသင်တန်းများကို ၂၀၂၆ ခုနှစ် နိုဝင်ဘာလတွင် ဖွင့်လှစ်မည်ဖြစ်ကြောင်း သိရသည်။

- ကုန်သွယ်ရေကြောင်းအရာရှိလောင်းသင်တန်း 

- ကုန်သွယ်ရေကြောင်းအင်ဂျင်နီယာအရာရှိလောင်းသင်တန်း 

- ကုန်သွယ်ရေကြောင်းလျှပ်စစ်နည်းပညာအရာရှိလောင်းသင်တန်း 

သင်တန်းကာလ (၂) နှစ်ဖြစ်ပြီး ပေးအပ်မည့် ဒီပလိုမာဘွဲ့များမှာ ရေကြောင်းပညာဒီပလိုမာ (Diploma in Nautical Studies)၊ ရေကြောင်းနည်းပညာဒီပလိုမာ (Diploma in Maritime Technology)၊ ရေကြောင်းလျှပ်စစ်နည်းပညာဒီပလိုမာ (Diploma in Maritime Electrical Technology) တို့ဖြစ်ပါသည်။ 

လျှောက်ထားသူသည် - 

- ကုန်သွယ်ရေကြောင်းအရာရှိလောင်းသင်တန်းနှင့် ကုန်သွယ်ရေကြောင်းအင်ဂျင်နီယာအရာရှိလောင်းသင်တန်းများအတွက် KG+12 စာမေးပွဲတွင် ရူပဗေဒ၊ ဓာတုဗေဒဘာသာရပ်များပ ါဝင်သော (သိပ္ပံ/ဝိပ္ပံ) ဘာသာတွဲဖြင့် အောင်မြင်ပြီး စုစုပေါင်းရမှတ် အနည်းဆုံး (၄၀၀) ရှိရပါမည်။ 

- ကုန်သွယ်ရေကြောင်းလျှပ်စစ်နည်းပညာအရာရှိလောင်းသင်တန်းအတွက် KG+12 စာမေးပွဲတွင် ရူပဗေဒ၊ ဓာတုဗေဒဘာသာရပ်များပါဝင်သော (သိပ္ပံ/ဝိပ္ပံ) ဘာသာတွဲဖြင့် အောင်မြင်ပြီး စုစုပေါင်းရမှတ် အနည်းဆုံး (၃၉၀) ရှိရပါမည်။ 

- ၂၀၂၆ ခုနှစ်၊ ဒီဇင်ဘာလ (၃၁) ရက်နေ့တွင် အသက် (၂၀) ထက် မကျော်လွန်သူ ဖြစ်ရပါမည်။

- အရပ် (၅) ပေ (၂) လက်မ အနည်းဆုံး ရှိရမည်။

- ကိုယ်အလေးချိန်ပေါင် (၁၀၀) ထက်မနည်း ပေါင် (၁၆၀) ထက်မများသူဖြစ်ရမည်။

- ရင်အုပ် (၃၂) လက်မ နဂိုအနေအထား အနည်းဆုံး ရှိရမည်။ 

- မျက်မှန်၊ မျက်ကပ်မှန် တပ်ထားသူများ မဖြစ်ရပါ။ (အင်ဂျင်နီယာအရာရှိလောင်းများမပါ)

- တက်တူးထိုးထားသူများမဖြစ်ရပါ။

- ပြစ်မှု၊ ပြစ်ဒဏ် ကျခံခဲ့သူများ မဖြစ်ရပါ။ 

 

Advertisement : Gold Standard Trading

လျှောက်ထားရမည့်ပုံစံ

ရန်ကုန်မှ ကျောင်းသားများသည် ၂၀၂၆ ခုနှစ်၊ ဇူလိုင်လ (၆) ရက်နေ့မှ (၃၁) ရက်နေ့အထိ မြန်မာနိုင်ငံကုန်သွယ်ရေကြောင်းကောလိပ်၊ ဘုရင့်နောင်လမ်းမ၊ ဆင်မလိုက်၊ ကမာရွတ်မြို့နယ်တွင် လူကိုယ်တိုင် လျှောက်လွှာထုတ်ယူပြီး လျှောက်ထားနိုင်သည်။

နယ်မှ လျှောက်ထားလိုသူများအနေဖြင့် ဖော်ပြပါ လျှောက်လွှာပုံစံအား Print ထုတ်ယူပြီး အချက်အလက်များကို ပြည့်စုံစွာ ဖြည့်သွင်း၍ လိုအပ်သည့် စာရွက်စာတမ်းများနှင့်အတူ (၃၁.၇.၂၀၂၆) ရက်နေ့ထက် နောက်မကျစေဘဲ စာတိုက် (သို့) အမြန်ချောဖြင့် ရန်ကုန်မြို့၊ ဘုရင့်နောင်လမ်း၊ ဆင်မလိုက်၊ တက္ကသိုလ်စာတိုက်၊ ကမာရွတ်မြို့နယ်၊ မြန်မာနိုင်ငံကုန်သွယ်ရေကြောင်းကောလိပ်၊ မော်ကွန်းထိန်းထံသို့ လိပ်မူ၍ လျှောက်ထားနိုင်ပါသည်။

လျှောက်လွှာပုံစံ > mmmc-diploma-application-form

လိုအပ်သည့်စာရွက်စာတမ်းများ

  • လိုင်စင်ဓာတ်ပုံ (၂) ပုံ
  • တက္ကသိုလ်ဝင်တန်းအောင်လက်မှတ် မူရင်း/မိတ္တူ
  • အမှတ်စာရင်း မူရင်း/မိတ္တူ
  • ရဲစခန်းထောက်ခံစာမူရင်း
  • ကျောင်းသားနှင့် မိဘများ၏ မှတ်ပုံတင်မိတ္တူ
  • အိမ်ထောင်စုစာရင်းမိတ္တူ

တက္ကသိုလ်ဝင်စာမေးပွဲရမှတ် အများ/အနည်းအလိုက် လိုအပ်သည့်သင်တန်းသားဦးရေ ရရှိသည်အထိ ပမာဏအဆင့်ရွေးချယ်သွားမည်ဖြစ်ပြီး ပမာဏအဆင့် ရွေးချယ်ခံရသူများကို - 

  • အထွေထွေကျန်းမာရေးစစ်ဆေးခြင်း
  • မျက်စိစစ်ဆေးခြင်း
  • စိတ်ရောဂါနှင့်မူးယစ်ဆေးသုံးစွဲမှာရှိ/မရှိစစ်ဆေးခြင်း
  • လူတွေ့စစ်ဆေးခြင်းတို့ဖြင့် ဆက်လက်စိစစ် ရွေးချယ်သွားပါမည်။

သင်တန်းနှင့်ပတ်သက်၍ အသေးစိတ်အချက်အလက်များကို မြန်မာနိုင်ငံကုန်သွယ်ရေကြောင်းကောလိပ်၊ သင်တန်းဌာနဖုန်း - ၀၉၄၂၀၁၂၄၄၂၅၊ ၀၉၄၀၃၇၃၇၉၇၀ တို့ကို ရုံးချိန်အတွင်း ဆက်သွယ်နိုင်မေးမြန်းနိုင်သည့်အပြင် Website www.mmmc.edu.mm နှင့် မြန်မာနိုင်ငံကုန်သွယ်ရေကြောင်းကောလိပ် - MMMC Facebook Page တွင်လည်း ဝင်ရောက်ကြည့်ရှုနိုင်ပါသည်။ 

========================

ပညာရေးဆိုင်ရာ သတင်းအချက်အလက် အစုံအလင်ကို
Telegram နှင့် Viber မှာလည်း အလွယ်တကူ ဖတ်ရှုနိုင်ပါတယ်။

https://t.me/eudcationguide (Telegram)

https://invite.viber.com/? (Viber)

နှစ်ပတ်တစ်ကြိမ် ပေးပို့နေတဲ့ Education Bulletin ကို
ရယူဖို့လည်း Subscribe လုပ်ထားနိုင်ပါတယ်။

https://shorturl.at/ktCaP

Latest Post Local News University / College Read 10776 times