ဆေးနှင့် သွားဘက်ဆိုင်ရာတက္ကသိုလ်များတွင် လူတွေ့စာမေးပွဲ ဖြေဆိုခွင့်ရရှိသူ (၁,၅၀၀) ကျော်ရှိ

၂၀၂၅ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲ အောင်မြင်ပြီး ဆေးတက္ကသိုလ်များနှင့် သွားဘက်ဆိုင်ရာဆေးတက္ကသိုလ်များသို့ ဦးစားပေးလျှောက်ထားသူများအနက် ဝင်ခွင့်လူတွေ့နှုတ်မေးစာမေးပွဲသို့ ဝင်ရောက်ဖြေဆိုခွင့်ရရှိသူများ (၁,၅၂၈) ဦးရှိကြောင်း သိရသည်။

ဝင်ခွင့်လူတွေ့နှုတ်မေးဖြေဆိုခွင့် ရရှိသူများ၏ ခုံအမှတ်၊ ဖြေဆိုရမည့်ရက်နှင့် နေရာကို ကျန်းမာရေးဝန်ကြီးဌာန၏ Website (www.moh.gov.mm) တွင် ဝင်ရောက်ကြည့်ရှုနိုင်သည်။

လူတွေ့နှုတ်မေးစာမေးပွဲကို Naypyitaw State Academy တွင် လူကိုယ်တိုင် သွားရောက်ဖြေဆိုရမည်ဖြစ်ပြီး နံနက်ပိုင်းတွင် ဖြေဆိုရမည့်သူများသည် (၇) နာရီခွဲအရောက်၊ နေ့လယ်ပိုင်းတွင် ဖြေဆိုရမည့်သူများသည် နေ့လယ် (၁၂) နာရီအရောက် သွားရပါမည်။ 

စာမေးပွဲဖြေဆိုရန် သွားရောက်ရာတွင် တက္ကသိုလ်ဝင်စာမေးပွဲအောင်လက်မှတ် (မူရင်း)၊ နိုင်ငံသားစိစစ်ရေးကတ်ပြား (မူရင်း) တို့ကို မမေ့မလျော့ ယူဆောင်သွားရန် လိုအပ်သည်။ 

ခုံအမှတ် (၁) မှ (၅၀၀) အထိသည် ၂၀၂၅ ခုနှစ်၊ အောက်တိုဘာ (၁) ရက်နေ့တွင်လည်းကောင်း၊ ခုံအမှတ် (၅၀၁) မှ (၁၀၀၀) အထိသည် ၂၀၂၅ ခုနှစ်၊ အောက်တိုဘာလ (၂) ရက်နေ့တွင်လည်းကောင်း၊ ခုံအမှတ် (၁၀၀၁) မှ (၁၅၂၈) အထိသည် ၂၀၂၅ ခုနှစ်၊ အောက်တိုဘာလ (၃) ရက်နေ့တွင်လည်းကောင်း အသီးသီးဖြေဆိုရမည်ဖြစ်သည်။ 

လူတွေ့နှုတ်မေး စစ်ဆေးရာမှာ -

- ကိုယ်ချင်းစာနာမှု (Empathy)၊
- ရိုးသားတည်ကြည်မှု (Honesty and integrity)၊
- ဆေးပညာဖြင့် အသက်မွေး ဝမ်းကျောင်းပြုရန်ဆန္ဒရှိမှု (Motivation)၊
- ရှင်းလင်းပြတ်သားစွာ ပြောဆိုဆက်ဆံနိုင်မှု (Communication Skill)၊
- ကျင့်ဝတ် သိက္ခာရဲ့တန်ဖိုးကိုနားလည်မှု (Ethical Awareness)၊
- တာဝန်သိမှုနှင့် အလုပ်ကို လေးစားမှု (Respect the Duties)၊
- ခံယူချက် (Attitude)၊
- ပြုမူပြောဆိုဆောင်ရွက်မှု (Behaviour)၊
- ဆရာဝန်တစ်ယောက်ရဲ့ ဆေးပညာရပ်အပေါ်ထားရှိရမည့် စိတ်နေသဘောထား (Attitude towards Professionalism) နှင့် ပတ်သက်ပြီး မေးခွန်းများ မေးမြန်းမည်ဖြစ်သည်။

ဒါကြောင့် လူတွေ့နှုတ်မေးစာမေးပွဲ ဖြေဆိုမည့် ကျောင်းသား/သူတွေအနေဖြင့် အထက်ပါအကြောင်းအရာများကို ကြိုတင် လေ့လာထားသင့်သည်။

=======================

ပညာရေးဆိုင်ရာ သတင်းအချက်အလက် အစုံအလင်ကို
Telegram နှင့် Viber မှာလည်း အလွယ်တကူ ဖတ်ရှုနိုင်ပါတယ်။

https://t.me/eudcationguide (Telegram)

https://invite.viber.com/? (Viber)

နှစ်ပတ်တစ်ကြိမ် ပေးပို့နေတဲ့ Education Bulletin ကို
ရယူဖို့လည်း Subscribe လုပ်ထားနိုင်ပါတယ်။

https://shorturl.at/ktCaP

Latest Post Local News Read 23 times