ဆေးဘက်ဆိုင်ရာ နည်းပညာတက္ကသိုလ် (ရန်ကုန်နှင့် မန္တလေး) တို့တွင် အောက်ပါ ဆေးဘက်ဆိုင်ရာ နည်းပညာဘွဲ့ (ပေါင်းကူး) သင်တန်းများကို ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း သိရသည်။
- ဆေးဘက်ဆိုင်ရာ ဓာတ်ခွဲနည်းပညာ
- ဆေးဘက်ဆိုင်ရာ ဓာတ်မှန်နှင့် ပုံရိပ်ဖော်နည်းပညာ
Related Article : ဆေးတက္ကသိုလ် (၄) ခုတွင် ဆေးပညာ ဘွဲ့လွန်သင်တန်းများ ဖွင့်လှစ်မည်
>> https://www.edge.com.mm/article/medical-university.html
အရည်အချင်းသတ်မှတ်ချက်
လျှောက်လွှာနှင့်အတူ ပေးပို့ရမည့် အချက်များကို ပြည့်စုံစွာ ဖြည့်စွက်၍ သက်ဆိုင်ရာဌာနဝန်ထမ်း အဖွဲ့အစည်း အကြီးအမှူးမှတစ်ဆင့် ဆေးဘက်ဆိုင်ရာ နည်းပညာတက္ကသိုလ်၊ ရန်ကုန် (သို့) မန္တလေးသို့ လျှောက်ထားရမည် ဖြစ်ပြီး ကြိုတင်လျှောက်လွှာမိတ္တူ (၁) စောင်ကို သက်ဆိုင်ရာတက္ကသိုလ်သို့ မပျက်မကွက် ပေးပို့ လျှောက်ထားရမည်။
လျှောက်လွှာနှင့်အတူ ပေးပို့ရမည့်အချက်များ -
လျှောက်လွှာပိတ်ရက်မှာ ၂၄-၁၂-၂၀၂၄ ရက် (အင်္ဂါနေ့) ဖြစ်ပါသည်။ လျှောက်လွှာပိတ်ရက်ထက် နောက်ကျပြီး ပေးပို့သော လျှောက်လွှာများ၊ သတ်မှတ်ချက် မပြည့်စုံသော လျှောက်လွှာများ၊ သက်ဆိုင်ရာဌာနအကြီးအမှူးမှတစ်ဆင့် လျှောက်ထားခြင်း မရှိသော လျှောက်လွှာများကို လုံးဝ လက်ခံစဉ်းစားမည် မဟုတ်ပါ။
သင်တန်းဝင်ခွင့်အတွက် ရေးဖြေစာမေးပွဲကို (၂၄-၁-၂၀၂၅) ရက် (သောကြာနေ့) တွင် စစ်ဆေးပါမည်။ လူတွေ့နှုတ်ဖြေ စာမေးပွဲ ဖြေဆိုရမည့်ရက်ကို ရေးဖြေစာမေးပွဲ အောင်မြင်သူများနှင့်အတူ ထပ်မံ ကြေညာသွားမည်ဖြစ်သည်။
ရန်ကုန်တွင် သင်တန်းဝင်ခွင့်လျှောက်ထားသူများသည် စာမေးပွဲကြေး (၁) ထောင်ကျပ်ကို ဆေးဘက်ဆိုင်ရာ နည်းပညာတက္ကသိုလ်၊ ရန်ကုန်၏ မြန်မာ့စီးပွားရေးဘဏ် (အင်းစိန်) တွင် ဖွင့်လှစ်ထားသော MD-011670 သို့ ပေးသွင်းရမည်။
မှတ်ချက်။ ။ မြို့နယ်စီးပွားရေးဘဏ်ခွဲများမှတစ်ဆင့် မြန်မာ့စီးပွားရေးဘဏ် အင်းစိန်တွင် ဆေးဘက်ဆိုင်ရာ နည်းပညာတက္ကသိုလ်၊ ရန်ကုန် ငွေစာရင်းအမှတ် MD-011670 သို့ လိပ်မူ၍ ငွေလွှဲစနစ်ဖြင့်လည်း ပေးပို့နိုင်ပါသည်။
မန္တလေးတွင် သင်တန်းဝင်ခွင့်လျှောက်ထားသူများသည် စာမေးပွဲကြေး (၁) ထောင်ကျပ်ကို ဆေးဘက်ဆိုင်ရာ နည်းပညာတက္ကသိုလ်၊ မန္တလေး၏ မြန်မာ့စီးပွားရေးဘဏ်၊ ဘဏ်ခွဲ (၂) တွင် ဖွင့်လှစ်ထားသော ငွေစာရင်းအမှတ် MD-013017 သို့ ပေးသွင်းရမည်။
မှတ်ချက်။ ။ မြို့နယ်စီးပွားရေးဘဏ်ခွဲများမှတစ်ဆင့် မြန်မာ့စီးပွားရေးဘဏ်၊ ဘဏ်ခွဲ (၂)၊ မန္တလေးမြို့တွင် ဆေးဘက်ဆိုင်ရာ နည်းပညာတက္ကသိုလ်၊ မန္တလေး ငွေစာရင်းအမှတ် MD-013017 သို့ လိပ်မူ၍ ငွေလွှဲစနစ်ဖြင့်လည်း ပေးပို့နိုင်ပါသည်။
အသေးစိတ်အချက်အလက်များကို ဆေးဘက်ဆိုင်ရာ နည်းပညာတက္ကသိုလ်၊ ရန်ကုန် ဖုန်း - ၀၁-၆၄၅၇၅၃၊ ၀၁-၆၄၅၇၄၆ နှင့် ဆေးဘက်ဆိုင်ရာ နည်းပညာတက္ကသိုလ်၊ မန္တလေး ဖုန်း - ၀၂-၄၀၅၇၀၁၂ တို့သို့ ရုံးချိန်အတွင်း ဆက်သွယ်စုံစမ်းနိုင်ပါသည်။ (သို့မဟုတ်) ဆေးဘက်ဆိုင်ရာနည်းပညာတက္ကသိုလ်၊ ရန်ကုန်၏ Website ( www.umty.gov.mm ) နှင့် ဆေးဘက်ဆိုင်ရာနည်းပညာတက္ကသိုလ်၊ မန္တလေး၏ Website ( http://www.umtmandalay.edu.mm/ ) သို့လည်း ဝင်ရောက် ကြည့်ရှုနိုင်ပါသည်။
===========================
ပညာရေးဆိုင်ရာ သတင်းအချက်အလက် အစုံအလင်ကို
Telegram နှင့် Viber မှာလည်း အလွယ်တကူ ဖတ်ရှုနိုင်ပါတယ်။
> https://t.me/eudcationguide (Telegram)
> https://invite.viber.com/? (Viber)
နှစ်ပတ်တစ်ကြိမ် ပေးပို့နေတဲ့ Education Bulletin ကို
ရယူဖို့လည်း Subscribe လုပ်ထားနိုင်ပါတယ်။