ဆေးဘက်ဆိုင်ရာ အင်ဂျင်နီယာ ဒီပလိုမာ (၁) နှစ်သင်တန်း ဖွင့်လှစ်မည်

ဆေးဘက်ဆိုင်ရာနည်းပညာတက္ကသိုလ်၊ ရန်ကုန်၌ ဆေးဘက်ဆိုင်ရာ အင်ဂျင်နီယာ (Medical Engineering) ဒီပလိုမာ (၁) နှစ်သင်တန်းကို ဖွင့်လှစ် သင်ကြားမည်ဖြစ်သည်။ 

လိုအပ်သောအရည်အချင်းများ

၁။ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံသားဖြစ်ရပါမည်။

၂။ ကျန်းမာရေးဝန်ကြီးဌာနလက်အောက်တွင် အမြဲတမ်းဝန်ထမ်းအဖြစ် တာဝန်ထမ်းဆောင်နေသူ ဖြစ်ပြီး လျှောက်လွှာပိတ်သည့်ရက်တွင် အလုပ်စတင်ဝင်ရောက်သည့်ရက်မှစ၍ ခွင့်ရက်မပါ အနည်းဆုံး လုပ်သက် (၂) နှစ် ပြည့်ပြီးသူ ဖြစ်ရပါမည်။

၃။ အောက်ပါဘွဲ့တစ်ခုခု ရရှိထားသူဖြစ်ရပါမည်-

(၁) AGTI (Mechatronics, Electronics, Electrical Power, Mechanical) 
(၂) B.Tech(Mechatronics, Electronics, Electrical Power, Mechanical) 
(၃) B.E (Mechatronics, Electronics, Electrical Power, Mechanical)

၄။ ၂၀၂၆ ခုနှစ် မေလ (၈) ရက်နေ့ (သောကြာနေ့) နောက်ဆုံးထား လျှောက်ထားရမည်။

၅။ လျှောက်လွှာပိတ်သည့်ရက်တွင် အသက် (၄၀) နှစ်ထက် မကျော်လွန်သူ ဖြစ်ရပါမည်။ 

၆။ ဒီပလိုမာဘွဲ့ရရှိပြီးပါက အနည်းဆုံး (၂) နှစ် နိုင်ငံ့ဝန်ထမ်းအဖြစ် ဆက်လက်တာဝန်ထမ်းဆောင်နိုင်သူဖြစ်ရမည်။

၇။ သင်တန်းကို ပြီးဆုံးအောင် တက်ရောက်နိုင်သူဖြစ်ရပါမည်။

လျှောက်လွှာနှင့်အတူ အောက်ပါတို့ကို ပူးတွဲတင်ပြရမည်-

  • လျှောက်လွှာတွင် ဖော်ပြထားရှိသည့် အချက်အလက်များသည် မှန်ကန်မှုရှိပါကြောင်း ကိုယ်တိုင်လက်မှတ် ရေးထိုးထားသော ခံဝန်ချက်
  • သက်ဆိုင်ရာဘွဲ့လက်မှတ်မိတ္တူနှင့် အမှတ်စာရင်းမိတ္တူ၊ 
  • ဓာတ်ပုံ (၃) ပုံ (လိုင်စင်ဓာတ်ပုံ)၊
  • အသက်ထောက်ခံစာ(သို့မဟုတ်)တက္ကသိုလ်ဝင်တန်းအောင်လက်မှတ်မိတ္တူ။ 
  • မြန်မာ့စီးပွားရေးဘဏ် (အင်းစိန်) တွင် ဖွင့်လှစ်ထားသော ဆေးဘက်ဆိုင်ရာနည်းပညာတက္ကသိုလ်၊ ရန်ကုန်၏ ငွေစာရင်းအမှတ်-MD-၀၁၁၆၇၀ သို့ စာမေးပွဲကြေးကျပ် (၁) ထောင်ကို ပေးသွင်းထားသော ချလန်မူရင်း(၁)စောင်၊

(မှတ်ချက်။ မြို့နယ်စီးပွားရေးဘဏ်ခွဲများမှတစ်ဆင့် မြန်မာ့စီးပွားရေးဘဏ်(အင်းစိန်)တွင် ဆေးဘက်ဆိုင်ရာနည်းပညာတက္ကသိုလ်၊ ရန်ကုန်၊ ငွေစာရင်းအမှတ်-MD-၀၁၁၆၇၀ သို့ လိပ်မူ၍ ငွေလွှဲစနစ်ဖြင့်လည်း ပေးပို့နိုင်ပါသည်။)

သင်တန်းကို အမှန်အကယ်စိတ်ဝင်စားပြီး လက်ရှိတွင်လည်း ဆေးရုံသုံးစက်ပစ္စည်းများ ကိုင်တွယ်ခြင်း၊ ပြုပြင်ခြင်းတို့တွင် ဆောင်ရွက်နေသူဖြစ်ကြောင်း သက်ဆိုင်ရာ ဆေးရုံ/ ဌာန/ စီမံခန့်ခွဲမှုအဖွဲ့၏ ထောက်ခံချက် ပါရှိရမည်။

လျှောက်လွှာကို သက်ဆိုင်ရာဌာန ဝန်ထမ်းအဖွဲ့အစည်း အကြီးအမှူးမှတစ်ဆင့် လျှောက်ထားရမည်ဖြစ်ပြီး နိုင်ငံ့ဝန်ထမ်းဖြစ်ကြောင်း သက်ဆိုင်ရာဌာန ဝန်ထမ်းအဖွဲ့အစည်းအကြီးအမှူး၏ ထောက်ခံချက်ပါရှိရမည်။

ကြိုတင်မိတ္တူတစ်စောင်ကို ဆေးဘက်ဆိုင်ရာနည်းပညာတက္ကသိုလ်၊ ရန်ကုန်ပါမောက္ခချုပ်ထံ လိပ်မူ၍ မပျက်မကွက်ပေးပို့ရမည်။

သက်ဆိုင်ရာဌာန အကြီးအကဲမှတစ်ဆင့် လျှောက်ထားခြင်းမရှိသည့် လျှောက်လွှာများကို လုံးဝလက်ခံစဉ်းစားမည် မဟုတ်ပါ။

အရည်အချင်းစစ်စာမေးပွဲ

သတ်မှတ်ထားသော အရည်အချင်းနှင့် ပြည့်စုံသူများသည် အရည်အချင်းစစ်နှုတ်ဖြေ စာမေးပွဲကို ဆေးဘက်ဆိုင်ရာ နည်းပညာတက္ကသိုလ်၊ ရန်ကုန်တွင် မေလ (၂၀) ရက်နေ့၊ (ဗုဒ္ဓဟူးနေ့)တွင် အစီအစဉ်အတိုင်း ကျင်းပပြုလုပ်မည်။

ဒီပလိုမာသင်တန်းဝင်ခွင့်တွင် အင်္ဂလိပ်စာဘာသာရပ်ကို ထည့်သွင်း စစ်ဆေးခြင်း မပြုသော်လည်း သင်တန်းတက်ရောက်နေစဉ်ကာလအတွင်း တစ်နှစ်လျှင် နှစ်ကြိမ်စစ်ဆေးမည့် အင်္ဂလိပ်စာဘာသာရပ်ကျွမ်းကျင်မှု အရည်အချင်းစစ် စာမေးပွဲ (၂) နာရီ မေးခွန်းကို ဖြေဆိုရပါမည်။

အင်္ဂလိပ်စာဘာသာရပ်အရည်အချင်းစစ်စာမေးပွဲ အောင်မြင်ကြောင်း တင်ပြနိုင်မှသာ ဒီပလိုမာဘွဲ့ရအောင်စာရင်း ထုတ်ပေးပါမည်။

လိုက်နာရမည့် စည်းကမ်းချက်များ

သင်တန်းတက်ရောက်ရန် ရွေးချယ်ခံရပြီးမှ သင်တန်းတက်ရောက်ရန် ပျက်ကွက်လျှင် နောင်ပညာသင်နှစ် (၂) နှစ်အတွင်း ပြည်တွင်း/ပြည်ပဘွဲ့လွန်သင်တန်းများသို့ လျှောက်ထားခွင့် မရှိပါ။

သင်တန်းတက်ရောက်ရန် ရွေးချယ်ခံရပြီး တက်ရောက်ခွင့်ရစာရင်း ထုတ်ပြန်ပြီးမှ သင်တန်းကို မတက်ရောက်လျှင်ဖြစ်စေ (မှတ်ပုံတင်ခြင်းပြုသည်ဖြစ်စေ၊ မပြုသည်ဖြစ်စေ)၊ သင်တန်းကို ပြီးဆုံးအောင်မတက်ရောက်လျှင်ဖြစ်စေ၊ သင်တန်းအောင်မြင်ပြီးနောက် သတ်မှတ်ထားသည့် ကာလအတိုင်း နိုင်ငံ့တာဝန်ကို မထမ်းဆောင်လျှင်ဖြစ်စေ သတ်မှတ်ထားသော လျော်ကြေးငွေကို ပေးလျော်ရမည်ဖြစ်ပါသည်။ 

သင်တန်းတက်ရောက်ခွင့်ရရှိသူများသည် ဘွဲ့လွန်သင်တန်းစည်းမျဉ်းစည်းကမ်းများကို လိုက်နာမည်ဖြစ်ကြောင်းနှင့် ဘွဲ့လွန်သင်တန်းအောင်မြင်ပြီးနောက် နိုင်ငံ့ဝန်ထမ်းအဖြစ် မိမိတာဝန်ကျရာ မည်သည့်ဒေသတွင်မဆို ဆက်လက် တာဝန်ထမ်းဆောင်မည်ဖြစ်ကြောင်း ကတိခံဝန်စာချုပ် ချုပ်ဆိုရမည်ဖြစ်သည်။

အသေးစိတ်အချက်အလက်များကို ဆေးဘက်ဆိုင်ရာနည်းပညာတက္ကသိုလ်၊ ရန်ကုန် ဖုန်း- ၀၁-၃၆၄၅၇၅၃၊ ၀၁-၃၆၄၅၇၄၆ တို့သို့ ဆက်သွယ်စုံစမ်းနိုင်ပါသည်။ (သို့မဟုတ်) ဆေးဘက်ဆိုင်ရာနည်းပညာတက္ကသိုလ်၊ ရန်ကုန်၏ ဝက်ဘ်ဆိုက် (www.umty.gov.mm) သို့လည်း ဝင်ရောက်ကြည့်ရှုနိုင်ပါသည်။

========================================

ပညာရေးဆိုင်ရာ သတင်းအချက်အလက် အစုံအလင်ကို
Telegram နှင့် Viber မှာလည်း အလွယ်တကူ ဖတ်ရှုနိုင်ပါတယ်။

https://t.me/eudcationguide (Telegram)

https://invite.viber.com/? (Viber)

နှစ်ပတ်တစ်ကြိမ် ပေးပို့နေတဲ့ Education Bulletin ကို
ရယူဖို့လည်း Subscribe လုပ်ထားနိုင်ပါတယ်။

https://shorturl.at/ktCaP

Latest Post Local News Read 5754 times