Sales Hotline : 09448001653       Download App



21days Free Trial တက်ရောက်နိုင်မည့်အခွင့်အရေး

ကမ္ဘာ့ထိပ်တန်း UK နိုင်ငံမှ နှစ်ပေါင်း ၁၀၀ ကျော်သက်တမ်းရှိ SQA ပညာရေးအဖွဲ့အစည်းမှပေးအပ်သည့် နိုင်ငံတကာ အသိအမှတ်ပြု ပညာရေးလမ်းကြောင်းဖြစ်သော Business နှင့် Computing ဘာသာရပ်များကို BA(Hons) Business and Management နှင့် BSc(Hons) IT ဘွဲ့အထိ ရယူနိုင်သော ဘွဲ့ကြိုအတန်းများအား  MBTU တွင် တက်ရောက်နိုင်မည်ဖြစ်ပါတယ်။ 

၁၀တန်းဖြေဆို/အောင်မြင်ထားပြီး Online Scholarship ဖြေကြားရာတွင် ရရှိသွားသောကျောင်းသား၊ ကျောင်းသူများသည် Covid-19 Home Stay နေရစဉ်ကာလတွင် စာသင်ကြားရာတွင် Online Learning ဖြင့်စာသင်ကြားရမည်ဖြစ်ပါတယ်။ Covid ကာလပြီးဆုံးသွားပါက ကျောင်းတွင် ပုံမှန်အတိုင်းပြန်လည်တက်ရောက်ရမည် ဖြစ်ပါတယ်။

Online Scholarship ရရှိသွားသော ကျောင်းသား၊ ကျောင်းသူများသည် စာသင်ကြားရာတွင် Online Learning ဖြင့်စာသင်ကြားပြီး သင်တန်းစတက်သည့် ၂၁ရက်အား Free Trial အနေဖြင့်တက်ရောက်နိုင်မှာပဲဖြစ်ပါတယ်။ Online Learning ဖြင့်သင်ကြားရာတွင်လည်း ဆရာ၊ ဆရာမ များသည် ကျောင်းမှာသင်ကြားသကဲ့သို့သင်ကြားပေးသည့်အတွက် အဆင်မပြေမှု့များရှိခဲ့ပါက MBTUတက္ကသိုလ်ဘက်မှ အထူးညှိနှိုင်းဆွေးနွေးမှု့များ ပြုလုပ်ပေးသွားမည်ဖြစ်ပါတယ်။ ထိုသို့ ညှိနှိုင်းဆွေးနွေးမှု့များတွင်လည်း အဆင်မပြေခဲ့ပါက MBTU ကျောင်းမှ ငွေပြန်လည်ပေးအပ်သွားမည်ဖြစ်ပါတယ်။

Advanced Diploma in Business and Computing Program ဟူသည်-
MBTU တွင် စီးပွားရေးဘာသာရပ်များကို စိတ်ဝင်စားသောကျောင်းသား၊ ကျောင်းသူများ အတွက် မြန်မာပြည်တွင် ပထမဦးဆုံး ကျောင်းတက်ရင်း ကိုယ်ပိုင် စီးပွာရေးတစ်ခုကိုစတင်လုပ်ကိုင်နိုင်အောင် Myanmar Business and Technology University (MBTU) မှ ငွေကြေးပမာဏ တစ်ခုမတည်ပေးကာ ရင်းနှီးမြုပ်နှံမှု ပြုလုပ်ပေးမည့် အစီအစဉ် ဖြစ်ပါတယ်။

Computing ဘာသာရပ်ကိုစိတ်ဝင်စားသော ကျောင်းသား၊ ကျောင်းသူများအတွက်လည်း အမှတ်စာရင်း ကန့်သတ်ချက်မရှိဘဲ နည်းပညာရှင်တစ်ယောက်ဖြစ်ဖို့ နောက်ဆုံးပေါ် သင်ရိုးညွှန်းတမ်းတွေနဲ့ အရည်အချင်းပြည့်ဝသော ဆရာ၊ဆရာမတွေကိုယ်တိုင် စာတွေ့လက်တွေ့စုံလင်စွာ သင်ကြားပေးနေတာမို့လို့ နိုင်ငံတကာအသိအမှတ်ပြု UK နိုင်ငံ SQA Professional Diploma နှင့် Advanced Diploma နှစ်ခုကို (၂) နှစ်အတွင်း ရရှိမည်ဖြစ်ပြီး နောက်ဆုံးနှစ်ကို ဆက်လက်တက်ရောက်လိုပါက UK တက္ကသိုလ်ပေါင်း (121) ခု အနက် over ranking 28 ရရှိထားသော (မြန်မာနိုင်ငံတွင်အကောင်ဆုံး UK ကျောင်းတစ်ခုဖြစ်သော University of the West of England, Bristol (UWE Bristol) တွင် တက်ရောက်ပြီး တောက်ပတဲ့ အနာဂတ်ကို အကောင်အထည်ဖော်လိုက်နိုင်ပါတယ်။

SQA ဆိုတာဘာလဲ?
-SQA သည် UK နိုင်ငံများထဲတွင်ပါဝင်တဲ့ Scotland နိုင်ငံအခြေစိုက်ဖြစ်ပြီး ကမ္ဘာ့ထိပ်တန်း ပညာရေးအဖွဲ့အစည်းဖြစ်သည့်အပြင် တစ်ကမ္ဘာလုံးက နာမည်ကြီး တက္ကသိုလ်များနဲ့ စီးပွားရေးလုပ်ငန်းများက အသိအမှတ်ပြုထားခြင်း။
-SQA ဟာ ကမ္ဘာအနှံ့မှာ Centre ပေါင်း ၁၇၀၀ ကျော်ကို ဖွင့်လှစ်ထားတဲ့ နှစ်ပေါင်းတစ်ရာကျော်သက်တမ်းရှိ အဖွဲ့အစည်း ဖြစ်ခြင်း။
-Advanced Diploma ဟာ လုပ်ငန်းခွင် ဝင်ရောက်ဖို့အထိ လေ့ကျင့်ပျိုးထောင်ပေးနိုင်ခြင်း
နိုင်ငံတကာအသိအမှတ်ပြု ပညာရေးတစ်ခုဖြစ်တာနဲ့အညီ သင်ကြားရေးစနစ်များတွင် Theory, Practical and Lab တို့ကို အချိုးညီညီ သင်ကြားခွင့် ရရှိခြင်း။

SQA အကြောင်းလေ့လာလိုပါက 
>>>Click Here<<<
SQA က ပေးအပ်တဲ့ Advanced Diploma ဆိုတာ SQA Advanced Diploma ဆိုတာ Higher National Diploma (HND) လို့လည်း လူသိများတဲ့ program ဖြစ်ပါတယ်။ Scottish Credit & Qualifications Framework (SCQF) မှာ Level - 8 နဲ့ European Qualifications Framework (EQF) (UK) မှာ level - 5 နဲ့ ညီမျှတယ်လို့ နိုင်ငံတကာစံနှုန်းနဲ့အညီ အသိအမှတ်ပြုခံထားရတဲ့ Diploma လည်းဖြစ်ပါတယ်။

နိုင်ငံတကာပညာရေးစနစ်နှင့်အညီ UK နိုင်ငံရဲ့ ကမ္ဘာ့ထိပ်တန်းတက္ကသိုလ်ကြီး UWE(Bristol) မှ ပေးအပ်တဲ့ BA (Hons) Business and Management ကို MBTU မှ တဆင့်တက်ရောက်သင်ကြားနိုင်ဖို့အခွင့်အရေးရှိနေပြီဖြစ်ပါတယ်။

MBTU သည် ကမ္ဘာ့အကြီးဆုံးပညာရေးအဖွဲ့အစည်းများဟု မှတ်ကျောက်တင်ခံရသည့် Scottish Qualifications Authority (SQA) နှင့် University of the West of England, Bristol (UWE Bristol) တက္ကသိုလ်တို့နှင့် ပူးပေါင်းပြီး စီးပွားရေးနဲ့ ကွန်ပျူတာ ဘာသာရပ်များကို အတွေ့အကြုံရှိဆရာ၊ဆရာမများကိုယ်တိုင် နိုင်ငံတကာအသိအမှတ်ပြု UK သင်ရိုးညွှန်းတမ်းများကို စာတွေ့လက်တွေ့ပေါင်းစပ်ကာ Multinational Corporation များတွင် ဝင်ရောက်လုပ်ကိုင်နိုင်သည်အထိ သင်ကြားပေးနေပါတယ်။

University of West of England, Bristol (UWE Bristol) ဆိုသည်မှာ UWE Bristol ကို 1595ခုနှစ်ကတည်းက ကုန်သွယ်စီးပွားရေးဆိုင်ရာ သင်တန်းကျောင်းအဖြစ်စတင်ခဲ့ပြီး 1992 တွင် တက္ကသိုလ်အဆင့်သို့ ပြောင်းလဲထူထောင်နိုင်ခဲ့ပြီဖြစ်ပါတယ်။ UWE Bristolသည် The Guardian University Guide (2020) အရ UK တက္ကသိုလ်ပေါင်း 121ခုများအနက် Overall Ranking 28ရရှိထားပြီဖြစ်ပါတယ်။ ထို့အပြင် UK တက္ကသိုလ်များတွင် ဘာသာရပ်အလိုက် အဆင့်သတ်မှတ်ချက်များအရ Computer Science and Information Technology ဘာသာရပ်တွင် UWE Bristol သည် 2020 တွင် အဆင့် 32 နေရာသို့ရောက်ရှိနေပြီဖြစ်ပါတယ်။Business ဘာသာရပ်နှင့်ပတ်သက်၍လည်း အဆင့် 26 နေရာသို့ရောက်ရှိခဲ့သည်ဖြစ်ပါတယ်။

MBTU ရဲ့နည်းစနစ်ကျသော သင်ကြားမှုပုံစံ
- English စာလိုအပ်ချက်ပြည့်မီအောင် Academic English ကို အရည်အချင်းပြည့်ဝသော Professional English ဆရာ/ဆရာမများနှင့် သင်ကြားပေးခြင်း။
- နည်းပညာကျောင်းသားများ ဖြစ်သည့်အတွက် စာတွေ့လက်တွေ့ကျွမ်းကျင်မှု ရှိစေရန် နောက်ဆုံးပေါ် သင်ရိုးညွှန်းတမ်းများ၊ နိုင်ငံတကာအဆင့်မှီ Lab များဖြင့် နေ့စဉ်ထိတွေ့သင်ကြားပေးခြင်း။
- ကျောင်းသားကျောင်းသူများရဲ့အရည်အချင်းကို အကဲဖြတ်ရာမှာလည်း ဘာသာရပ်တစ်ခုစီအပေါ်မှာ စဉ်းစား ဝေဖန် သုံးသပ် တတ်စေဖို့ Assignment များပြုလုပ်စေခြင်း။
- လူမှုဝန်းကျင်တွင် ပူးပေါင်းလုပ်ကိုင် ဆောင်ရွက်တတ်စေဖို့နဲ့ မိမိတို့ တတ်သိနားလည်ထားတဲ့ ပညာရပ်များကို တကယ့် အပြင်လောကမှာ အသုံးချတတ်စေဖို့ Group Project များပြုလုပ်စေခြင်း။
- မိမိတတ်သိထားသော အကြောင်းအရာ တင်ပြချက်များကို အခြားသူများ အလွယ်တကူ နားလည်သဘောပေါက်စေဖို့ Presentation များပြုလုပ်စေခြင်း။
- အရည်အချင်းစစ်စာမေးပွဲထားရှိခြင်း အစရှိတဲ့ သင်ကြားမှု ပုံစံများနဲ့ သင်ကြားလေ့ကျင့်ပေးပါတယ်။

အသေးစိတ် စုံစမ်း၊မေးမြန်းလိုပါက
Learning Center 1: အမှတ် ၄၅၇-က၊ Novotel Hotel ဘေး၊ ပြည်လမ်း၊ ရန်ကုန်။
Learning Center 2: တိုက် (၈) ၊ (၁,၃,၄) လွှာ၊ Junction Square Area၊ ကျွန်းတောလမ်း၊ ကမာရွတ်မြို့နယ်၊ ရန်ကုန်။

Hot line: 09899690001, 09899690002
Email: [email protected]

Latest Post Local Read 702 times