Sales Hotline : 09448001653       Download App



MBA လည်းတက် အလုပ်သင်အခွင့်အရေးလည်းရရှိမယ့် ဟားဗတ်တက္ကသိုလ်က ပညာတော်သင်ဆု

 

 

ဟားဗတ်တက္ကသိုလ်ရဲ့ ၂၀၂၃-၂၀၂၄ ခုနှစ် MBA ပညာတော်သင်ဆု ပရိုဂရမ်ဟာ သင်ယူမှုနှင့် အခွင့်အလမ်းများကို ရရှိနိုင်ရန်အတွက် အကောင်းဆုံးသော စီးပွားရေးပညာသင်ဆု ပရိုဂရမ်တစ်ခု ဖြစ်ပါတယ်။ ဟားဗတ်တက္ကသိုလ် (Harvard University) ဆိုတာက တစ်ကမ္ဘာလုံးက အတော်ဆုံး ကျောင်းသားတွေ တစ်စုတစ်စည်းတည်း တည်ရှိနေတဲ့ Cambridge က နာမည်ကြီး တက္ကသိုလ်တစ်ခု ဆိုတာတော့ အားလုံးသိကြလိမ့်မယ် ထင်ပါတယ်။

 

ဒီလိုနာမည်ကြီး တက္ကသိုလ်ကြီးမှာ လုပ်ငန်းခွင်အတွက် အကောင်းဆုံးပညာရပ်ထဲက တစ်ခုဖြစ်တဲ့ MBA ပရိုဂရမ်ကို ပညာတော်သင်ဆုနဲ့ ယူလို့ရမယ်ဆိုရင် အားလုံးစိတ်ဝင်စားကြမှာပါ။ 

 

ဒီပညာတော်သင်ဆုကိုတော့ Boustany Foundation က ပေးအပ်ထားတာဖြစ်ပြီး ကမ္ဘာတစ်ဝှမ်းက ထူးချွန်ထက်မြက်တဲ့ ကျောင်းသားတွေ ပညာရေးကောင်းကောင်းကို ရရှိစေချင်တဲ့ ရည်ရွယ်ချက်နဲ့ ပေးအပ်တာ ဖြစ်ပါတယ်။ Boustany Foundation ဆိုတာကတော့ ဥရောပနိုင်ငံ Monaco မှာရှိတဲ့ အဖွဲ့အစည်းတစ်ခုဖြစ်ပြီး လူငယ်တွေအတွက် ကောင်းမွန်တဲ့ ပညာရေးကို ရရှိနိုင်ရန်အတွက် နှစ်စဥ်နှစ်တိုင်း ပညာတော်သင်ဆုတွေ ပေးအပ်နေတာပဲ ဖြစ်ပါတယ်။

 

ဒီပညာတော်သင်ဆုရဲ့ ထူးခြားချက်က ဟားဗတ်တက္ကသိုလ်မှာ MBA ပရိုဂရမ်ကို သင်ယူရရုံမကပဲ ကျောင်းတက်နေစဥ်ကာလအတွင်း Boustany Foundation မှာ သွားရောက်ပြီး အလုပ်သင် အတွေ့အကြုံကို (၂) လတာ သင်ယူရရှိမှာပဲ ဖြစ်ပါတယ်။ အလုပ်သင်ကာလအတွင်းမှာလည်း ကျောင်းသားတွေအနေနဲ့ တကယ့်လက်တွေ့ ပရောဂျက်တွေကို ကိုယ်တိုင်ကိုယ်ကျ လုပ်ဆောင်ရမှာပဲ ဖြစ်ပါတယ်။  ကျောင်းလည်းတက်ရ အလုပ်သင်အတွေ့အကြုံလည်း တစ်ခါတည်းရ ဖြစ်မှာပါ။ 

 

ဒါဆို ပညာသင်ဆုနဲ့ ပတ်သက်တဲ့ အသေးစိတ် အချက်အလက်တွေကို ကြည့်လိုက်ကြရအောင်။

 

လက်ခံခေါ်ယူသောနိုင်ငံ

အမေရိကန်ပြည်ထောင်စု သမ္မတနိုင်ငံ

လက်ခံခေါ်ယူသောတက္ကသိုလ်

ဟားဗတ်ဒ်တက္ကသိုလ်

လက်ခံခေါ်ယူသော ဘာသာရပ် 

စီးပွားရေးစီမံခန့်ခွဲမှုမဟာဘွဲ့ (MBA)

ထောက်ပံ့ပေးသောအဖွဲ့အစည်း

Boustany Foundation 

ကျောင်းတက်ရောက်ရမည့် အချိန်ကာလ

၂ နှစ်

Advertisement

Click Here > Mega Global Green
 

ဒီပညာတော်သင်ဆုက ဘာအကျိုးကျေးဇူးတွေ ရရှိမှာလဲ_

 

  • ကျူရှင်စရိတ် ၇၅ ရာခိုင်နှုန်း  ထောက်ပံ့ငွေ ရရှိခြင်း 

  • ဥရောပနိုင်ငံ မိုနာကိုမှာရှိတဲ့ Boustany Foundation မှာ အလုပ်သင်ဆင်းနိုင်မယ့် အခွင့်အရေး ရရှိခြင်း

  • အလုပ်သင်ကာလအတွင်း နေထိုင်စားသောက်စရိတ်များ အပြည့်အဝ ထောက်ပံ့ခြင်း

  • ခရီးစရိတ် ထောက်ပံ့ခြင်း

 

အရည်အချင်းပြည့်မီမှု သတ်မှတ်ချက်များကတော့ အောက်ပါအတိုင်းပဲ ဖြစ်ပါတယ်_

 

  • မည်သည့်နိုင်ငံသားမဆို လျှောက်ထားနိုင်သည်။

  • လက်ဘနွန်မျိုးနွယ်ဖွား ( Lebanese Descent ) များ ဦးစားပေး လျှောက်ထားနိုင်သည်။

  • လျှောက်ထားသူမှာ ပညာရေးမှတ်တမ်း ကောင်းမွန်ရမည်။

  • လျှောက်ထားသူ၏ လျှောက်လွှာ (Resume) တွင်အနာဂတ်မှာ  ပိုမိုကောင်းမွန်တဲ့ ကမ္ဘာတစ်ခုဖြစ်အောင် ဖော်ဆောင်မယ်လို့ ရည်ရွယ်ချက်ကောင်းကောင်းနဲ့ ရေးသားထားသည့် စာမျိုး ပါရှိရမည်။

  • အင်္ဂလိပ်စာဘာသာစကားကို အထူးကျွမ်းကျင် ပိုင်နိုင်ရမည်။

 

ဘာစာရွက်စာတမ်းတွေ လိုအပ်မလဲ

 

  • ပြည့်စုံစွာ ရေးသားထားသော ကိုယ်ရေးရာဇဝင် (CV Form)

  • ဓာတ်ပုံတစ်ပုံ (A Photograph)

  • ဘွဲ့လွန်စီမံခန့်ခွဲမှု ဝင်ခွင့်စာမေးပွဲရမှတ် မှတ်တမ်း ( GMAT - Graduate Management Admission Test Score )

  • တက္ကသိုလ်မှ ဝင်ခွင့်လက်ခံကြောင်းစာ ( စာရွက်စာတမ်းများ ပေးပို့ပြီးမှ ရရှိမည် ဖြစ်သည်။ )

 

ဘယ်လိုလျှောက်ထားရမလဲ_

 

အရင်ဆုံး အောက်မှာပေးထားတဲ့ မေးလ်ကို ပညာအရည်အချင်းထောက်ခံချက်၊ CV Form၊ ဓာတ်ပုံတစ်ပုံ၊ GMTA ရမှတ်များနဲ့အတူ ပူးတွဲပေးပို့ရပါမယ်။ ကိုယ်က ရွေးချယ်ခံရတဲ့စာရင်းထဲပါရင် ဟားဗတ်တက္ကသိုလ်ဘက်မှ ဝင်ခွင့်လက်ခံကြောင်းစာ (Offer Letter) တစ်စောင် ပြန်လည် ပေးလာမှာပါ။ ဒီမေးလ်ကနေပဲ ပြန်ပြီး အကြောင်းပြန်ပေးရပါမယ်။ ပြီးရင်တော့ Boustany Foundation ကနေ အင်တာဗျူးခေါ်ဆိုလာမှာ ဖြစ်ပါတယ်။

 

ပေးပို့လျှောက်ထားရမည့်မေးလ် > [email protected]

 

လျှောက်ထားနိုင်သည့် နောက်ဆုံးရက်ကတော့ (Deadline) ၂၀၂၃ ခုနှစ် မေလ ၃၁ ရက်နေ့ ဖြစ်ပါတယ်။

 

အသေးစိတ်အချက်တွေကိုတော့ ဟားဗတ်ဒ်တက္ကသိုလ်ရဲ့ Official Website မှာ ဝင်ရောက်ကြည့်ရှုနိုင်ပါတယ်။

 

Official Link > 

https://boustany-foundation.org/scholarship-programmes/mba-harvard/ 

 

Harvard Official Site >> https://www.harvard.edu/ 


Boustany Foundation Official Site >> https://boustany-foundation.org/

Latest Post International Read 1132 times