တစ်နိုင်ငံလုံးအတိုင်းအတာအရ တက္ကသိုလ်ဝင်စာမေးပွဲအတွက် စာစစ်ဌာန ၅၀ ကျော် တိုးမြှင့်ဖွင့်လှစ်မည်

တစ်နိုင်ငံလုံးအတိုင်းအတာအရ တက္ကသိုလ်ဝင်စာမေးပွဲအတွက် စာစစ်ဌာန ၅၀ ကျော် တိုးမြှင့်ဖွင့်လှစ်မည်

စာစစ်ဌာနတွေ ဖွင့်ဖို့ ဒီနှစ်မှာ လျှောက်တာတွေ ပိုများတယ်၊ နယ် မြေလုံခြုံရေး အခြေအနေတွေ ကြည့်ပြီးမှ ဖွင့်ခွင့်ပေးတာပါ၊ တချို့ နေရာတွေကတော့ ညှိနေတုန်းပဲ ဖြစ်ပါတယ်။

စာစစ်ဌာနတွေ ဖွင့်လှစ်ခွင့်ပြုတဲ့ အခါမှာ စာမေးပွဲမေးခွန်း၊  အဖြေ လွှာလုံခြုံရေးအတွက် အဓိကထား စဉ်းစားတာဖြစ်ပြီး လုံခြုံရေးအားနည်းတဲ့ နေရာတွေကိုတော့ ဖွင့်လှစ်ခွင့် မပြုဘူးလို့ သိရပါတယ်။

ပြည်တွင်းက အခုထိ  စာရင်းမငြိမ်သေးတာရှိတယ်၊ မေးခွန်းတိုက်တို့ ဘာတို့  လုံခြုံမှုအတွက် မချပေးသေးတာ ရှိတယ်၊ တိုင်းဒေသကြီး အစိုးရရဲ့ ထောက်ခံချက်၊  မပြတ်သေးဘူးဆိုရင် ပေးသင့် မပေးသင့် အဲလိုမျိုးပေါ့၊ လုံခြုံရေးက အရေးကြီးတယ်လေ၊ လုံခြုံရေး မပိုင်ရင်တော့ ပေးလို့ မရဘူး ဖြစ်ပါတယ်။

အခုနှစ်အတွက် စာစစ်ဌာနဖွင့်လှစ်ခွင့်ပြုဖို့ လျှောက်ထားတဲ့ နေရာ ၁၃၀ ခန့် ရှိပြီး လုံခြုံရေးစနစ်တွေကို စိစစ်ပြီး ဖွင့်လှစ်ခွင့်ပြုမယ်လို့ သိရပါတယ်။

စာစစ်ဌာနအသစ်ဖွင့်လှစ်ခွင့်အတွက် အခြေခံ စည်းကမ်းချက်   ၁၈ ချက် သတ်မှတ်ထားပြီး အဓိကနေနဲ့ မေးခွန်းနဲ့ အဖြေလွှာတွေ ထိန်းသိမ်းမှုစနစ် အဆင်ပြေမှု  ရှိမရှိ ကို စိစစ်တာ ဖြစ်တယ်လို့ သိရ ပါတယ်။

စာစစ်ဌာနတစ်ခုမှာ စာမေးပွဲဖြေဆိုမယ့် ကျောင်းသူ၊ ကျောင်းသားဦးရေ ၁၂၀ဝ သတ်မှတ်ထား ပြီး သတ်မှတ်ဦးရေထက် ကျော်လွန်ပြီး ဖြေဆိုခွင့်မပြုပါဘူး။

စာမေးပွဲဖြေဆိုသူ  အင်အား ၈၀ဝ ကို တွဲဖက်ကြီးကြပ်ရေးမှူး တစ်ဦး ခန့်  ထားခွင့် ပြုပြီး စာမေးပွဲဖြေဆိုသူ အင်အား ၈၀ဝ ထက်ကျော်လွန်တဲ့ စာစစ်ဌာနရှိပါက တွဲဖက်ကြီးကြပ် ရေးမှူး တစ်ဦး ထပ်မံခန့်ထားခွင့် ပြုတယ်လို့  သိရပါတယ်။

ပြီးခဲ့တဲ့  ၂၀၁၆ ခုနှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲမှာ မြန်မာတစ်နိုင်ငံလုံးအတိုင်းအတာအရ  စာစစ်ဌာန ၁၄၅၁ ခု ဖွင့်လှစ်ခဲ့ပြီး  တက္ကသိုလ်ဝင်တန်းစာမေးပွဲဝင် ရောက်ဖြေဆိုသူဦးရေ   ၆၃၆၂၃၇ ဦး ရှိတယ်လို့  မြန်မာနိုင်ငံ စာစစ် ဦး စီးဌာန စာရင်းတွေအရသိရပါ တယ်။

အခုနှစ်မှာ  ပြည်တွင်း  စာစစ်ဌာနအနေနဲ့ ၁၅၀ဝ ကျော်  အထိ တိုးချဲ့ ဖွင့်လှစ်ထားတယ်လို့  သိရပါ တယ်။

Source: kumudra journal

News Read 2548 times