Sales Hotline : 09448001653       Download App



တက္ကသိုလ်ဝင်စာမေးပွဲ အောင်လက်မှတ်မူရင်းကို တစ်ကြိမ်သာထုတ်ပေးမည်

တက္ကသိုလ်ဝင်စာမေးပွဲ အောင်လက်မှတ်မူရင်းကို တစ်ကြိမ်သာထုတ်ပေးမည်

၂၀၁၉ တက္ကသိုလ်ဝင် စာမေးပွဲအောင်လက်မှတ်များကို ရန်ကုန်နှင့် နေပြည်တော်ရှိ မြန်မာနိုင်ငံ စာစစ်ဦးစီးဌာနရုံးများတွင် စတင်ထုတ်ပေးနေပြီး အောင်လက်မှတ်မူရင်းကို တစ်ကြိမ်သာ ထုတ်ပေးမည်ဖြစ်ပါတယ်။

 

ယခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ အောင်မြင်သူများ၏ အောင်လက်မှတ်မူရင်းကို မြန်မာနိုင်ငံစာစစ်ဦးစီးဌာန (လှိုင်တက္ကသိုလ်နယ်မြေ) နှင့်မြန်မာနိုင်ငံစာစစ်ဦးစီးဌာန (နေပြည်တော်၊ ရုံးအမှတ်-၅၂) တွင် ဇွန်လ (၂၈) ရက်က စတင်ကာနေ့ချင်းပြီး ထုတ်ပေးနေပါတယ်။

 

အောင်လက်မှတ်မူရင်းကို တစ်ကြိမ်သာ ထုတ်ပေးခြင်းဖြစ်ပျက်စီး၊ ပျောက်ဆုံးပါက တစ်နှစ်ကြာမှသာ မိတ္တူထပ်မံထုတ်ယူ နိုင်မည်ဟု မြန်မာနိုင်ငံစာစစ်ဦးစီးဌာနက အသိပေးထားပါတယ်။

 

အမှတ်စာရင်းကတော့ မူရင်းကိုပဲ ကြိုက်သလောက်ကလာထုတ်လို့ရပါတယ်။ အောင်လက်မှတ်ကတော့ မူရင်းတစ်ကြိမ်ပဲ ထုတ်ပေးတယ်" ဟုမြန်မာနိုင်ငံ စာစစ်ဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးဒေါက်တာသိန်းဇံက ပြောပါတယ်။

 

အောင်လက်မှတ်ယူရာတွင် ကျောင်းသား/သူ ကိုယ်တိုင်ထုတ်ယူပါက ခြောက်လအတွင်း ရိုက်ကူးထားသော ပတ်စ်ပို့ ဓာတ်ပုံ() ပုံ ၊ နိုင်ငံသား စီစစ်ရေးကတ်ပြားမူရင်း၊ အမည်၊ ခုံအမှတ်၊ စာစစ်ဌာန၊ မွေးသက္ကရာဇ်၊ အဘအမည်၊ အမိအမည်၊ နေရပ်လိပ်စာတို့ လိုအပ်ပါတယ်။

 

Read More: ဒဂုံတက္ကသိုလ်စာစဉ် တင်ရက်ကို ဇူလှိုင်လသို့ ထပ်မံရွေ့ဆိုင်းခြင်း

 

ကိုယ်စားထုတ်ယူမည်ဆိုပါက ခြောက်လအတွင်း ရိုက်ကူးထားသော ပတ်စ်ပို့ ဓာတ်ပုံ()ပုံ၊ကိုယ်စားထုတ်ယူခွင့် လျှောက်ထားသူ၏ နိုင်ငံသားစီစစ်ရေးကတ်ပြားမူရင်းနှင့် မိတ္တူတစ်စုံ၊ ကျောင်းသား/သူ၏ နိုင်ငံသားစီစစ်ရေးကတ်ပြားမိတ္တူတစ်စုံ၊ အမည်၊ ခုံအမှတ်၊ စာစစ်ဌာန၊ မွေးသက္ကရာဇ်၊ အဘအမည်၊ အမိအမည်၊ နေရပ်လိပ်စာ တို့လိုအပ်ပါတယ်။

 

တက္ကသိုလ်ဝင်စာမေးပွဲကို ယခင်နှစ်များက အောင်မြင်သူများသည် မြန်မာနိုင်ငံစာစစ်ဦးစီးဌာန (လသာမြို့နယ်) တွင် တံဆိပ်ခေါင်းဖိုးကျပ် (၆၀၀) ပေးသွင်းကာ အောင်လက်မှတ် ထုတ်ယူနိုင်ပါတယ်။ ၂၀၁၉ တက္ကသိုလ်စာမေးပွဲ အောင်စာရင်းကို ဇွန်လ () ရက်ကကြေညာခဲ့ပြီး တစ်နိုင်ငံလုံး အောင်ချက် (၃၁ ဒသမ ၄၄) ရာခိုင်နှုန်းရှိပါတယ်။

 

Source: 7 Day News

 

News Read 2970 times