Sales Hotline : 09448001653       Download App



တက္ကသိုလ်ဝင်တန်းမအောင်မြင်သောလူငယ်များအတွက် အလုပ်အကိုင်အခွင့်အလမ်းကောင်းများစွာ ရရှိစေရန် ဆောင်ရွက်ပေးမည်

တက္ကသိုလ်ဝင်တန်းမအောင်မြင်သောလူငယ်များအတွက် အလုပ်အကိုင်အခွင့်အလမ်းကောင်းများစွာ ရရှိစေရန် ဆောင်ရွက်ပေးမည်

ဆောက်လုပ်ရေးလုပ်ငန်းများနှင့် ချိတ်ဆက်ကာ အလုပ်အကိုင်အခွင့်အလမ်းကောင်းများ ရရှိစေရန် ဆောင်ရွက်ပေးမည်ဖြစ်သည်။

ထိုအစီအစဉ်ဖြစ်မြောက်ရေးအတွက် အဓိကအနေဖြင့် အမေရိကန်၊ ဂျာမနီ၊ ဂျပန်စသော နိုင်ငံများ၏ ဆောက်လုပ်ရေးလုပ်ငန်းများက အဓိကအနေဖြင့် ကူညီမည်ဖြစ်သည်။

AGTI ကျောင်းသားဟောင်းများအသင်းနှင့် ပြည်ပမှ ဆောက်လုပ်ရေးလုပ်ငန်းများ ပူးပေါင်း၍ လုပ်ငန်းများ၌ အသုံးပြုရန် လိုအပ်မည့် အတတ်ပညာများကို သင်တန်းများဖွင့်လှစ်သင်ကြားပေးမည်ဖြစ်သည်။

သင်တန်းပြီးဆုံးပါက အလှည့်ကျပုံစံဖြင့် ၄င်းတို့၏ လုပ်ငန်းများ၌ ထည့်သွင်းအသုံးပြုမည်ဖြစ်၍ ပြည်ပလုပ်ငန်းများမှ အလုပ်ခေါ်ယူရာ တွင် လစာကောင်းကောင်းပေးကာ ခေါ်ယူမည်ဖြစ်သည်။

READ - သားသားမီးမီးတို့ရဲ့ ဖေဖေ၊မေမေတို့ အတွက် သတင်းကောင်း ( နွေရာသီကျောင်းပိတ်ချိန်အတွင်း Reading & Writing Class)

AGTI ကျောင်းသားဟောင်းများအသင်းအနေဖြင့် ရန်ကုန်မြို့၌ သင်တန်းများ ဖွင့်လှစ်သင်ကြားပေးရာတွင် သင်တန်းတက်ရောက်မည့် လူငယ်များထံမှ သင်တန်းစရိတ်အနေဖြင့် သက်သာသော နှုန်းထားသာ ယူမည်ဖြစ်သည်။

ငွေကြေးတချို့ကို သင်တန်းသားများအသုံးပြုရန် သင်ထောက်ကူပစ္စည်းများ ပြန်လည်ဝယ်ယူမည်ဖြစ်သည်။

အဆိုပါသင်တန်းတက်ရောက်လိုသော လူငယ်များအနေဖြင့် ရန်ကုန်တိုင်းဒေသကြီး အင်းစိန်မြို့နယ်၊ အောက်မင်္ဂလာဒုံလမ်းရှိ AGTI ကျောင်းဝင်းအတွင်းရှိ AGTI ကျောင်းသားဟောင်းများအသင်းရုံး၌ လာရောက်စာရင်းပေးသွင်းနိုင်ပြီ ဖြစ်သည်။

မိမိတို့ တက်ရောက်လိုသည့် သင်တန်းကျောင်းများနှင့် ပုဂ္ဂလိက တက္ကသိုလ်များကို ရှာဖွေလိုပါက ဒီ Link မှာရှာဖွေနိုင်ပါသည်။

ပညာရေးလမ်းညွှန် website တွင် ပါဝင်သော သင်တန်းများ ကျောင်းများScholarshipKnowledge များနှင့် ပတ်သက်သော အချက်အလက်များကို ၀င်ရောက်ရှာဖွေ ဖတ်ရှုနိုင်ပါတယ်။

Source: မြ၀တီ

News Read 6666 times