IB UoPeople ပညာသင်ဆုဆိုတာ IB အဖွဲ့အစည်းက UoPeople အွန်လိုင်းတက္ကသိုလ်နဲ့ ပူးပေါင်းပြီး ပညာရေးဆိုင်ရာ မဟာဘွဲ့ဆက်တက်ဖို့ ငွေကြေးအခက်အခဲရှိတဲ့သူတွေကို ထောက်ပံ့ပေးမယ့် ပညာသင်ဆုအမျိုးအစား ဖြစ်ပါတယ်။
Uopeople ဆိုတာ ကျောင်းလခ မယူဘဲ ပညာသင်ကြားပေးနေတဲ့ အမေရိကန်နိုင်ငံအသိအမှတ်ပြု အခမဲ့ အွန်လိုင်းတက္ကသိုလ်ဖြစ်ပါတယ်။ Uopeople မှာ သင်တန်းတက်ရောက်မယ်ဆိုရင် Tuition Fee အခမဲ့ဖြစ်ပြီး Assessement Fee နဲ့ Application Fee သာ ကုန်ကျမှာ ဖြစ်ပါတယ်။
ဒါကြောင့် IB အဖွဲ့အစည်းက Uopeople ရဲ့ Master of Education in Advanced Teaching (M.Ed.) အွန်လိုင်းသင်တန်းအတွက် ကုန်ကျမယ့် အောက်ပါ Extra Charges တွေကို ထောက်ပံ့ပေးသွားမယ့် အစီအစဉ်ဖြစ်ပါတယ်။
လျှောက်လွှာတင်ရန် လိုအပ်ချက်များ
- အွန်လိုင်းလျှောက်လွှာ (https://accounts.submittable.com/u/login)
- Resume (ကိုယ်ရေးရာဇဝင်)
- (၃) မိနစ်စာ မိတ်ဆက်ဗီဒီယို (အွန်လိုင်းလျှောက်လွှာတွင် အသေးစိတ် ဖော်ပြထားသည်။)
- သုတေသနစာတမ်း (အွန်လိုင်းလျှောက်လွှာတွင် အသေးစိတ် ဖော်ပြထားသည်။)
- လုပ်ငန်းခွင်မှ ထောက်ခံစာ
လျှောက်ထားနိုင်သည့်နောက်ဆုံးရက်
၂၀၂၆ ခုနှစ်၊ မေလ (၂၄) ရက်နေ့အထိ လျှောက်ထားနိုင်ပါတယ်။ ဇူလိုင်လမှာ ပညာသင်ဆုရရှိသူတွေကို အကြောင်းပြန်ပေးမှာဖြစ်ပါတယ်။ တစ်ဖက်မှာလည်း Uopeople မှာ Master of Education in Advanced Teaching (M.Ed.) သင်တန်းဝင်ခွင့် လျှောက်ထားရပါမယ်။ ဩဂုတ်လမှာ ဝင်ခွင့်ရရှိထားရမှာဖြစ်ပြီး သင်တန်းကို စက်တင်ဘာလမှာ စတင် တက်ရောက်ရမှာ ဖြစ်ပါတယ်။
IB UoP Master of Education (M.Ed.) Degree Calendar 2026
04 May 2026 Application opens
24 May 2026 Application closes
24 May 2026 Deadline for professional letter of recommendation
July 2026 IB scholarship recipients announced
July 2026 Online webinar for IB scholarship recipients
Aug 2026 UoP admissions deadline
3 September 2026 First day of Term 1
သတိထားရမယ့်အချက်ကတော့ ပညာရေးဘွဲ့အပြင် တခြားဘွဲ့တစ်ခုခုရရှိပြီးသူများလည်း အခု M.Ed. ဘွဲ့ကို လျှောက်ထားနိုင်ပေမဲ့ UoPeople မှာ M.Ed. သင်တန်း တက်ရောက်နေဆဲသူတွေကတော့ ဒီပညာသင်ဆုကို လျှောက်ထားခွင့် မရှိပါဘူး။
အသေးစိတ် ဖတ်ရှုရန်
> university-of-the-people-med-in-advanced-teaching/ib-scholarships/
===================================
ပညာရေးဆိုင်ရာ သတင်းအချက်အလက် အစုံအလင်ကို
Telegram နှင့် Viber မှာလည်း အလွယ်တကူ ဖတ်ရှုနိုင်ပါတယ်။
> https://t.me/eudcationguide (Telegram)
> https://invite.viber.com/? (Viber)
နှစ်ပတ်တစ်ကြိမ် ပေးပို့နေတဲ့ Education Bulletin ကို
ရယူဖို့လည်း Subscribe လုပ်ထားနိုင်ပါတယ်။