မန္တလေးအဝေးသင်တက္ကသိုလ် အင်္ဂလိပ်စာဌာနမှ ကြီးမှူးပြီး Diploma in English Course (Basic Level-I) သင်တန်းကို စနေ၊ တနင်္ဂနွေ ဖွင့်လှစ်မည်ဖြစ်သည်။
အဆိုပါသင်တန်းကို ဩဂုတ်လ (၁) ရက်နေ့တွင် စတင် ဖွင့်လှစ်မည်ဖြစ်ပြီး (၃) လ တက်ရောက်ရပါမည်။ သင်တန်းအချိန်မှာ အပတ်စဉ် စနေ၊ တနင်္ဂနွေ နံနက် (၉) နာရီမှ (၁၂) နာရီအထိ ဖြစ်သည်။
သင်တန်းကို တက္ကသိုလ်ဝင်တန်းအောင်မြင်ပြီးသူများ လျှောက်ထားနိုင်ပြီး ဇူလိုင် (၂၀) ရက်နေ့မှ (၃၁) ရက်နေ့အထိ အောင်ပင်လယ်ဆောင်၊ အင်္ဂလိပ်စာဌာန၊ မန္တလေးအဝေးသင်တက္ကသိုလ်တွင် လျှောက်လွှာဝယ်ယူ လျှောက်ထားနိုင်သည်။
လက်ခံမည့်သင်တန်းသားဦးရေမှာ (၁ဝဝ) ဦးဖြစ်ပြီး လျှောက်လွှာယူရာတွင် တက္ကသိုလ်ဝင်တန်းအောင်လက်မှတ် မူရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်မူရင်းတို့ကို ယူဆောင်သွားရပါမည်။
သင်တန်းနှင့်ပတ်သက်၍ အသေးစိတ်သိရှိလိုပါက အောင်ပင်လယ်ဆောင်၊ အင်္ဂလိပ်စာဌာန၊ မန္တလေးအဝေးသင်တက္ကသိုလ်သို့ ရုံးချိန်အတွင်း သွားရောက် စုံစမ်းနိုင်သည်။
=========================================
ပညာရေးဆိုင်ရာ သတင်းအချက်အလက် အစုံအလင်ကို
Telegram နှင့် Viber မှာလည်း အလွယ်တကူ ဖတ်ရှုနိုင်ပါတယ်။
> https://t.me/eudcationguide (Telegram)
> https://invite.viber.com/? (Viber)
နှစ်ပတ်တစ်ကြိမ် ပေးပို့နေတဲ့ Education Bulletin ကို
ရယူဖို့လည်း Subscribe လုပ်ထားနိုင်ပါတယ်။