Sales Hotline : 09448001653       Download App



"Management Role of Kaizen and Waste Elimination Course" Online သင်တန်းသို့ဖိတ်ခေါ်ခြင်း

SME members များအတွက် အလွန်ကောင်းမွန်တဲ့သင်တန်းလေးနဲ့ မိတ်ဆက်ပေးလိုက်ပါတယ်။ မိမိလုပ်ငန်းခွင်မှာ လက်တွေ့ကျကျ စီမံခန့်ခွဲနိုင်ဖို့ လေ့ကျင့်သင်ကြားပေးတဲ့ သင်တန်းလေးပဲဖြစ်ပါတယ်။ တကယ်အကျိုးရှိလို့ info sharing လုပ်ပေးခြင်းဖြစ်ပါတယ်။

စက်မှုကြီးကြပ်ရေးနှင့် စစ်ဆေးရေးဦးစီးဌာနမှ ကျင်းပပြုလုပ်မည့် Management Role of Kaizen and Waste Elimination Course Online သင်တန်းသို့ တက်ရောက်ရန် ဖိတ်ခေါ်ခြင်းဟုသိရပါတယ်။

COVID-19 ကာလအတွင်းမှာ MSMEs  လုပ်ငန်းတော်တော်များများ ရပ်ဆိုင်းခြင်း၊ ကျဆင်းခြင်း တွေနဲ့ရင်ဆိုင်နေရတယ်။ အခုလို ရပ်ဆိုင်း၊ ကျဆင်းနေဖို့ဆိုတာလဲ ရေရှည်အတွက်လည်း မဖြစ်နိုင်ပါ သာမန်အခြေအနေနဲ့မတူတဲ့အချိန် ပုံမှန်မဟုတ် သည့်အချိန်တစ်ခုမှာ Management Role ယူထားသည့်သူများအနေဖြင့် လုပ်ငန်းတစ်ခုအတွင်း ဘယ်လို ပြောင်းလဲကျင့်သုံးမှာလဲနှင့် မိမိလုပ်ငန်းအတွင်း အလေအလွင့် ဆုံးရှုံးမှုနည်းပြီး မိမိလုပ်ငန်းအတွင်းမှမလိုအပ်သည့် အလေအလွင့်များကြောင့် ကုန်ကျစရိတ်များခြင်း၊ အရည်အသွေးမကောင်းခြင်း၊ အချိန်အလေအလွင့်ဖြစ်ခြင်း လုပ်ငန်းခွင် safety မဖြစ်မှုတို့ကြောင့် ငွေကုန်၊ အချိန်ကုန်မှုများမဖြစ်စေနိုင်သည့် စီမံခန့်ခွဲမှုကို ပြုလုပ်ရန် လိုအပ်နေပါသည်။

ထို့ကြောင့် Japan နိုင်ငံ ၏  Kaizen နည်းစနစ်တွေမှ   Management Role  of Kaizen and Waste Elimination Online သင်တန်းကို တက်ရောက်ရန်ဖိတ်ခေါ်ပါတယ်။
ထိုသင်တန်းမှာပါဝင်မဲ့အကြောင်းအရာများကတော့-
၁။ ဂျပန်နိုင်ငံ၏နာမည်ကြီးစီမံခန့်ခွဲမှု ကိုင်ဇင်ဆိုတာဘာလဲ?
၂။ စီမံခန့်ခွဲသူတစ်ယောက်အနေနဲ့ဘယ်လိုပြောင်းလဲကျင့်သုံးရမလဲ?
၃။ လုပ်ငန်းခွင်အတွင်းဖြစ်နေသည့်ပြဿနာကိုအဖြေရှာသောနည်းလမ်းများနှင့်အလေအလွင့်လျော့ချသောနည်းလမ်းများနှင့် လုပ်ငန်းခွင်တိုးတက်ရန်အဓိက အခြေခံလိုအပ်ချက် 5s အကြောင်းအရာများပါဝင်မှာဖြစ်ပါတယ်။  
၎င်းသင်တန်းဟာ လေ့လာမှုအတွက်သာမကပဲ မိမိလုပ်ငန်းခွင်အတွင်း မလိုလားအပ်သည့် အလေအလွင့်များကို လျော့ချခြင်းဖြင့် ကုန်ကျစရိတ်သက်သာပြီး ဝင်ငွေတိုးစေနိုင်သည့် အကြောင်းအရာများကို အဖွဲ့လိုက်ဆွေးနွေးခြင်းများ၊ success stories များပါဝင်မှာဖြစ်သည့်အတွက် မိမိလုပ်ငန်းအတွက် အမှန်တကယ်လက်တွေ့အသုံးဝင်သည့် အစီအစဉ်များကို လည်းသိရှိနိုင်မည်ဟုသိရပါတယ်။

သင်ကြားမည့်ဆရာမ
ဒေါ်မူမူအေး (ILO SIYB Certified, UNIDO Certified Trainer, MPC Kaizen Consultant, Covid -19 Safety for SMEs trainer)

သင်တန်းကြေး
အခမဲ့

သင်ထောက်ကူကြေး 
၁၁,၀၀၀ ကျပ်/ person (သင်ကြားရန်လိုအပ်သည့် facilitiesများအတွက်)
သင်ထောက်ကူကြေးပေးသွင်းရန် - KBZ pay & Wave Money - (၀၉၅၁၄၂၉၁၂)
သင်တန်းပြီးမြောက်ပါက စက်မှုကြီးကြပ်ရေးနှင့်စစ်ဆေးရေးဦးစီးဌာနမှ အသိအမှတ်ပြု Electronic-Certificate ကို ပေးအပ်သွား မည်ဖြစ်ပါသည်။ 

သင်တန်းတက်ရမည့်နေ့ရက်
၂၀၂၀ ခုနှစ်၊ နိုဝင်ဘာလ (၂၁၊ ၂၂၊ ၂၃)ရက်

သင်တန်းတက်ရမည့်အချိန်
ညညနေ ၅:၃၀ မှ ည ၈:၃၀ အထိ

သင်တန်းတက်ရမည့်နေရာ 
Platform - Online Zoom Meeting

သင်တန်းတက်ရောက်ရန် စုံစမ်းမေးမြန်းလိုပါက
ဆက်သွယ်ရန်ဖုန်း  (၀၉၇၉၈၂၉၀၈၀၂)

သင်တန်းတက်ရောက်လိုသူများအနေဖြင့် အောက်ဖော်ပြပါသော Link ကိုနိပ်ပြီး စာရင်းပေးသွင်းရမည်ဖြစ်သည်။
>>>> Click Here <<<<
မှတ်ချက်။  ။တက်ရောက်မည့်သင်တန်းသားဦးရေ ကန့်သတ်ထားပါသည်။

Taryar Lin (facebook)

Latest Post Local Read 607 times