Sales Hotline : 09448001653       Download App



GBA ဖွံ့ဖြိုးတိုးတက်ရန် ဟောင်ကောင်ကျောင်းများကို ပြည်မကြီးမှ ထောက်ပံ့မည်

ဂွမ်ဒေါင်း၊ ဟောင်ကောင်၊ မကာအိုဂလားပင်လယ်အော်ဧရိယာ (GBA) တွင် ပူးပေါင်းဆောင်ရွက်မှု စီမံကိန်းများ အကောင်အထည်ဖော်ရာတွင် ဟောင်ကောင်တက္ကသိုလ်များအား ထောက်ပံ့ရန်တရုတ်၏ ပညာရေးအာဏာပိုင်များက ကတိပြုပြောကြားခဲ့သည်ဟု သိရသည်။ မဟာဗျူဟာကျွမ်းကျင်သူတစ်ဦးက ဟောင်ကောင်ပညာရေး၏ နိုင်ငံတကာအမြင်နှင့် အရည်အသွေးမြင့်သင်ကြားမှု၏ အားသာချက်များကို ထပ်မံ၍ အသုံးချနိုင်သည်ဟုပြောကြားခဲ့သည်။

ပညာရေးဝန်ကြီးဌာန (MOE) သည် အရည်အချင်းပြည့်ဝသော GBA ရှိ ကျောင်းများဖွင့်လှစ်ခြင်းနှင့် သမဝါယမတက္ကသိုလ်များဖြင့် စီမံကိန်းများ တည်ဆောက်ခြင်းတို့တွင် ပူးပေါင်းဆောင်ရွက်မှုများ ပြုလုပ်ရန် ကူညီမည်ဟုသိရသည်။

MOE သည် ဟောင်ကောင်၏ အကောင်းဆုံး အဆင့်မြင့်ပညာရေး အရင်းအမြစ်များကို ပြည်မသို့ တင်ပြရန်နှင့် နှစ်ဖက်စလုံးမှ တက္ကသိုလ်များအား နိုင်ငံ၏ မဟာဗျူဟာ လိုအပ်ချက်များကိုဖြည့်ဆည်းရန် နည်းအမျိုးမျိုးဖြင့် ပူးပေါင်းဆောင်ရွက်ရန် တွန်းအားပေးလိမ့်မည်ဟုသိရသည်။

ဟောင်ကောင်၏ သိပ္ပံနှင့် နည်းပညာတက္ကသိုလ် (ကွမ်ကျိုး)ကို အစီအစဉ်အတိုင်း တည်ဆောက်ရန် အတည်ပြုခဲ့ပြီ ယခုအခါပြင်ဆင်နေကြောင်း MOE ကပြောကြားခဲ့သည်။ 

အဆိုပါစီမံကိန်းသည် တရုတ်ပြည်တောင်ပိုင်း ကွမ်တုန်ပြည်နယ်၏မြို့တော် ကွမ်ကျိုးတွင် ဒေတာသိပ္ပံ၊ စက်ရုပ်၊ ကိုယ်ပိုင်မောင်းနှင်မှု၊ ဇီဝဆေးဝါး၊ အတုထောက်လှမ်းရေးနှင့် အခြားနယ်ပယ်များတွင် ၎င်းပညာရေးများတွင် ပါရမီရှိသူများကို ကူညီလိမ့်မည်ဟု thepaper.cn ကဖော်ပြခဲ့သည်ကိုတွေ့ရသည်။

ထိုဝန်ကြီးဌာနသည် ဟောင်ကောင်ကျောင်းသားများအတွက် ပြည်မကြီးရှိ ကျောင်းများ၏ တံခါးများကို ထပ်မံဖွင့်လှစ်သွားမည် ဖြစ်ကြောင်းသိရသည်။

စစ်တမ်းများအရ ဟောင်ကောင်ကျောင်းသား ၁၆,၂၀၀ ခန့်သည် ပြည်မကြီးတွင် ပညာသင်ကြားနေသောကျောင်းသား ၈၀၀၀ နီးပါးသည် ဂွမ်ဒေါင်းတွင် ပညာသင်ကြသည်ဟုသိရသည်။ ဇူလိုင်လအထိ ပြည်မတက္ကသိုလ် ၃၈၀ သည် ဟောင်ကောင်၊ မကာအိုနှင့် ထိုင်ဝမ်မှ အရည်အချင်းပြည့်မီသော ကျောင်းသားများကို စာရင်းသွင်းခဲ့သည်ဟုသိရသည်။

MOE သည် ဟောင်ကောင်နှင့် မကာအိုမှ မူလတန်းနှင့် အထက်တန်းကျောင်းသားများကို ပြည်မတွင် ပညာသင်ပေးရန် ကူညီပေးမည်ဟုသိရသည်။ ဟောင်ကောင်နှင့် မကာအိုတွင် နေထိုင်သူများ၏ ကလေးများအား  ပေကျင်း၊ ရှန်ဟိုင်းနှင့် ဂွမ်ဒေါင်းတွင် ပညာသင်ပေးရန် အသေးစိတ်စည်းမျဉ်းများ ထုတ်ပြန်ကြေငြာခဲ့သည်ဟု သိရသည်။

MOE နှင့် အခြားဌာနများသည် ဟောင်ကောင်လူငယ်များအတွက် ပြည်မတွင် ပညာလေ့လာသင်ယူခြင်း၊ အလုပ်လုပ်ခြင်းနှင့် နေထိုင်ခြင်းတို့က ပိုမိုအဆင်ပြေစေရန်ဖြစ်သည်ဟု သိရသည်။

အမျိုးသားပြည်သူ့ကွန်ဂရက်က အမြဲတမ်းကော်မတီမှ ဟောင်ကောင်လက်ထောက် တမ်ယီချွန်းက ဟောင်ကောင်၏ ပညာရေးအရင်းအမြစ်များသည် ပြည်မကြီးတွင် အလွန်လိုအပ်ကြောင်း Global Times သို့ပြောကြားခဲ့သည်။

ပြည်မကြီးတွင် ဘဏ်ခွဲများဖွင့်လှစ်ခြင်းသည် ဟောင်ကောင်တက္ကသိုလ်များအတွက် ကြီးမားသော အခွင့်အလမ်းတစ်ခု Jဖစ်သည်ဟုသိရသည်။ ဟောင်ကောင်နှင့် ပြည်မအနေဖြင့် ထိုဒေသရှိလူတစ်ဦးချင်းစီကို ကူညီနိုင်ကြောင်း တမ်ကပြောသည်။

ဟောင်ကောင်တက္ကသိုလ်များသည် နိုင်ငံတကာမှ ကျောင်းသားပိုမိုများပြားသောကြောင့် ထိုအချက်သည် ပြည်မမှ ကျောင်းသားများကို ဆွဲဆောင်နိုင်သည်ဟုသိရသည်။ ထိုအတောအတွင်း ပြည်မသည် ဟောင်ကောင်နှင့် နှိုင်းယှဉ်လျှင် နိုင်ငံရေးအရ ပိုမိုလုံခြုံစိတ်ချရမှုရှိသည်ဟု ဟောင်ကောင်ရှိ Heung To Secondary School မှ ကျောင်းအုပ်ကြီး Tang Fei က Global Times သို့ပြောကြားခဲ့သည်ဟုသိရသည်။ ဟောင်ကောင်၏ နိုင်ငံတကာနှင့် ပွင့်လင်းမြင်သာမှုကို ပြည်မကိုသိသာထင်ရှားအောင်ပြသသည်ကို တွေ့ရသည်။

Tang က ပြီးခဲ့သည့်နှစ်က ဖြစ်ပွားခဲ့သော အဓိကရုဏ်းများအရ ဟောင်ကောင်ကျောင်းသားများသည် ပြည်မကြီးရှိ တက္ကသိုလ်များသို့ လျှောက်ထားမှုများ မြင့်တက်လာကြောင်းသိရသည်။

တရုတ်နိုင်ငံ ပေကျင်းမြို့ရှိ  Renmin တက္ကသိုလ်မှ ဘွဲ့ရခဲ့သော ၂၄ နှစ်ရှိပြီဖြစ်သော ဟောင်ကောင်တွင်နေထိုင်သူ Eric သည် ထိုသို့ပြောကြားခဲ့သည်။ သူသည်ပြည်မကြီး၏ အနာဂတ်တွင် ဟောင်ကောင်တွင်ပိုမိုနီးကပ်စွာ ရပ်တည်ရလိမ့်မည်ဟုယုံကြည်သောကြောင့် ပြည်မတွင် လေ့လာရန် ရွေးချယ်ခဲ့သည်ဟု ပြောကြားခဲ့သည်ဟုသိရသည်။ ဟောင်ကောင်လူငယ်များသည် ပြည်မတွင် နေသားကျရန်နှင့် ထိုနေရာတွင် တစ်ကိုယ်တည်းရပ်တည်မှုကို တည်ဆောက်နိုင်ရန်ဖြစ်သည်ဟုသိရသည်။

လမ်က ပြည်မကြီးမှ ကျောင်းသားများကို သူ၏ အပြန်အလှန်ဆွေးနွေးမှုပြုလုပ်ရန် ၎င်းအား ဆုံးဖြတ်ချက်ချရန် တွန်းအားပေးခဲ့သည်ဟုဆိုသည် “ပြည်မကြီးမှာ လေ့လာဖို့ ဆုံးဖြတ်ချက်မချခင် တရုတ်နိုင်ငံ၊ Renmin တက္ကသိုလ်က ကျောင်းသားအတော်များများနဲ့ တွေ့ဆုံမေးမြန်းခဲ့တယ်ဟုသိရသည်။  သူတို့သည် ငါ့ကို သူတို့ရဲ့ ဗဟုသုတနဲ့ ကမ္ဘာကြီးရဲ့ ထင်မြင်ချက်ကို သဘောကျခဲ့တယ် ဟုပြောကြားခဲ့ပါသည်။

Ref: globaltimes
By Yu Khine

Latest Post Read 309 times


Fatal error: Uncaught Elastica\Exception\PartialShardFailureException: {"total":4,"successful":1,"failed":2,"failures":[{"shard":1,"index":"edge2_domain","status":"INTERNAL_SERVER_ERROR","reason":{"type":"flush_failed_engine_exception","reason":"Flush failed","shard":"1","index":"edge2_domain","caused_by":{"type":"already_closed_exception","reason":"translog is already closed"}}}]} in /var/edge2/edirectory/vendor/ruflin/elastica/lib/Elastica/Transport/Http.php:176 Stack trace: #0 /var/edge2/edirectory/vendor/ruflin/elastica/lib/Elastica/Request.php(171): Elastica\Transport\Http->exec(Object(Elastica\Request), Array) #1 /var/edge2/edirectory/vendor/ruflin/elastica/lib/Elastica/Client.php(662): Elastica\Request->send() #2 /var/edge2/edirectory/vendor/ruflin/elastica/lib/Elastica/Index.php(518): Elastica\Client->request('edge2_domain/_f...', 'POST', Array, Array) #3 /var/edge2/edirectory/vendor/ruflin/elastica/lib/Elastica/Index.php(487): Elastica\Index->request('edge2_domain/_f...', 'POST', Array, Array) #4 /var/edge2/edire in /var/edge2/edirectory/vendor/ruflin/elastica/lib/Elastica/Transport/Http.php on line 176