Sales Hotline : 09448001653       Download App



ဒေသသင်ရိုး(Local Curriculum) ဆိုတာဘာလဲ? 

အမျိုးသားပညာရေး ဥပဒေပါ ပြဌာန်းချက်များအတိုင်း ဒေသအလိုက် သက်ဆိုင်ရာ တိုင်းရင်းသားဘာသာစကားနဲ့ဒေသသင်ရိုး (Local Curriculum) များ ပေါ်ထွန်းလာရေးဆိုသည်မှာ ပညာရေးဝန်ကြီးဌာနအနေနဲ့ တိုင်းရင်းသားရေးရာ ဝန်ကြီးဌာန၊ သက်ဆိုင်ရာ တိုင်းဒေသကြီး/ပြည်နယ်အစိုးရများ၊ တိုင်းရင်းသား စာပေနဲ့ ယဉ်ကျေးမှုကော်မတီများ၊ ဘာသာရပ်ကျွမ်းကျင်ပညာရှင်များ၊ ပညာရေးမှုးများ၊ ဖွံ့ဖြိုးရေး မိတ်ဘက်အဖွဲ့အစည်းများ နဲ့ပူးပေါင်းဆောင်ရွက် အကောင်ထည်ဖော်နေတဲ့ လုပ်ငန်းစဉ်တစ်ရပ်ပဲ ဖြစ်ပါတယ်။

တိုင်းရင်းသား ကျောင်းသားလူငယ်များအနေနဲ့ ပညာဗဟုသုတ၊ အတွေးအခေါ်များ ရင့်ကျက်ဖွံ့ဖြိုးသူများ ဖြစ်စေဖို့ ကိုယ့်ရဲ့ ကိုယ်ပိုင်ဘာသာစကားနဲ့ ဒေသဆိုင်ရာ အချက်အလက်တွေ၊  ထင်ရှားသူတို့ရဲ့ အတ္ထုပတ္တိတွေ၊ ဓလေ့ထုံးတမ်းအစဉ်အလာတွေကို သင်ကြားရမည့်အပြင် သက်ဆိုင်ရာဘာသာစကားသာမက နိုင်ငံသုံး ဘာသာစကား၊ကမ္ဘာသုံး ဘာသာစကားနဲ့ ခေတ်သစ် အိုင်စီတီနည်းပညာ ဆိုင်ရာများနဲ့လည်း  ကျွမ်းကျင်ရင်းနှီးလာအောင်သင်ကြားသွားရမှာ ဖြစ်ပါတယ်။ 

သို့မှသာ တိုင်းရင်းသား ဘာသာစကား၊ စာပေ၊ ယဉ်ကျေးမှု၊ အနုပညာ၊ ရိုးရာဓလေ့၊ သမိုင်းအမွေအနှစ်နဲ့ သဘာဝဝန်းကျင်ကို တန်ဖိုးထား ထိန်းသိမ်းမြှင့်တင်နိုင်ပြီး လက်ဆင့်ကမ်းပေးနိုင်သော နိုင်ငံသားကောင်းများ ဖြစ်နိုင်မည်ဖြစ်ပါတယ်။

Myanmar Digital Education Platform
By Myanmar Education Guide - EDGE

News Read 2182 times