Sales Hotline : 09448001653   Find A Tutor     Download App



ရတနာပုံတက္ကသိုလ်မှ လူတွေ့နှုတ်ဖြေ စာမေးပွဲ ဖြေဆိုရမည့်သူများ စာရင်း 

၁။အဆင့်မြင့်ပညာဦးစီးဌာန၏ (၂၂-၁၂-၂၀၂၀)ရက်စွဲပါစာအမှတ်၊ အဆင့်မြင့်/ရုံးချုပ်စီမံ/လူတွေ့ ၂၀၂၀/(၁၆၀၈၅)အရ ရတနာပုံတက္ကသိုလ်မှ လ/ထကထိက၊ အားကစားမှူး၊ ရုံးအုပ်၊ စာရင်းကိုင်(၁)နှင့် ပစ္စည်းထိန်း(၁)ရာထူးများသို့ လျှောက်ထားကြသူများ၏ လူတွေ့နှုတ်ဖြေစာမေးပွဲ ဖြေဆိုရမည့် နေ့ရက်များ နှင့် ခုံအမှတ်စာရင်းကို ပူးတွဲပါအတိုင်း ကြေညာလိုက်သည်။ 

၂။ စာမေးပွဲဖြေဆိုကြမည့်သူများအားလုံးသည် ဝန်ထမ်းကတ်များ တစ်ပါတည်းယူဆောင်ချိတ်ဆွဲထား ရမည်။

၃။လူတွေ့နှုတ်ဖြေစာမေးပွဲကို zoom ဖြင့် ဖြေဆိုရမည်ဖြစ်ပြီး မိမိတို့တွင်ရှိသော Smart Phone တွင်လည်းကောင်း၊ Computer တွင်လည်းကောင်း zoom application ကို ကြိုတင် Installed ပြုလုပ်ထားရန် တစ်ပါတည်း ကြေညာလိုက်သည်။

ဒေါက်တာအောင်အောင်မင်း
ပါမောက္ခချုပ်
ရတနာပုံတက္ကသိုလ် 

By Myanmar Education Guide (EDGE) 

Latest Post Government School News Read 1609 times