Sales Hotline : 09448001653       Download App



DTVET Learning Management System စတင်လွှင့်တင်ခြင်း အခမ်းအနား ကျင်းပခဲ့

Myanmar Digital Education Platform တွင် DTVET Learning Management System  စတင်ဖွင့်လှစ်သည့် အခမ်းအနားကို ပြီးခဲ့သည့် ကြာသပတေးနေ့တွင် နေပြည်တော်ရှိ ပညာရေး ဝန်ကြီးဌာန၏ ရုံးအမှတ်(၁၃) တွင် အွန်လိုင်းမှ တဆင့် ကျင်းပခဲ့ကြောင်း သိရှိရပါသည်။

ရှေးဦးစွာ ပြည်ထောင်စု ဝန်ကြီးမှ Myanmar Digital Education Platform တွင် DTVET Learning Management System လွှင့်တင်ခြင်းနှင့် ပတ်သက်၍ အဖွင့်အမှာစကားပြောကြားခဲ့ကြောင်းသိရသည်။

ဆက်လက်၍ Myanmar Digital Education Platform ကိုအကောင်ထည်ဖော်ဆောင်ရွက် နေသည့် ဦးတင်မောင်မောင်အေး မှ နည်းပညာကိစ္စရပ်များနှင့် စပ်လျဥ်း၍ ရှင်းလင်းတင်ပြခဲ့သည်ကို သိရှိရပါသည်။ 

နည်းပညာ၊ သက်မွေးပညာနှင့် လေ့ကျင့်ရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးအတွက် အစိုးရနည်း ပညာကောလိပ်၊ သိပ္ပံ၊ ကျောင်းနှင့် သင်တန်းဌာနများမှ သင်ကြားသင်ယူမှုလုပ်ငန်းစဉ်များကို Digital Learning Management System စနစ်ဖြင့် Online အသုံးပြု၍ ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများမှ အသုံးပြုဆောင်ရွက်နိုင်ကြစေရန်နှင့် ကျောင်းသား၊ ကျောင်းသူများ အပါအဝင် TVET ကဏ္ဍအား စိတ်ပါဝင်စားသော အများပြည်သူများမှ Myanmar Digital Education Platform တွင်ရှိသည့် နည်းပညာနှင့်သက်မွေးပညာရေးနှင့် လေ့ကျင့်ရေးကဏ္ဍ၌ ထည့်သွင်းတည်ဆောက် ထားသည့် DTVET LMS စနစ်သို့ဝင်ရောက်ပြီး မိမိတို့ လေ့လာသိရှိလိုသည့် ပညာရပ်များကို ကိုယ်တိုင်လေ့လာသင်ယူခြင်းဖြင့် သင်ယူတတ်မြောက် နိုင်စေရန် ရည်ရွယ်၍ Myanmar Digital Education Platform တွင် စတင်လွှင့်တင်ခြင်းဖြစ်ပါသည်။

အဆိုပါ စနစ်၏ ကိုယ်တိုင်လေ့လာသင်ယူနိုင်သော ကဏ္ဍခွဲတွင် အထူးပြု ဘာသာရပ်(၉)ခုနှင့် Workplace Safety ဆိုင်ရာ Knowledge Sharing ဗွီဒီယိုများ အပါအဝင် စုစုပေါင်းသင်ကြားရေးဗွီဒီယို(၄၁)ခုနှင့် သက်ဆိုင်ရာဗွီဒီယိုအလိုက် ဉာဏ်စမ်းမေးခွန်းများ (Quizzes) များ ထည့်သွင်းထားကြောင်း သိရပါသည်။

ဦးစီးဌာနအနေဖြင့် သင်တန်းနှစ်အလိုက် ပြဋ္ဌာန်းစာအုပ်များကို ebook အဖြစ် ဆောင်ရွက်ခြင်း၊ သင်ကြားရေးအရင်းအမြစ်များ (Digitalized Course Videos and Assessments) ထည့်သွင်းခြင်း၊ မွမ်းမံသင်တန်းများအတွက် Digitalized TOT Videos and Teaching Materials များ ထည့်သွင်းခြင်းနှင့် လုပ်ငန်းခွင်အကြိုသင်တန်းများအတွက် Digitalized Pre-TOT Videos and Materials များထည့်သွင်းခြင်းတို့ကို ဆက်လက် လျာထားဆောင်ရွက်သွားမည်ဖြစ်ပါသည်။

အဆိုပါ အခမ်းအနားသို့ ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီး၊ ဒုတိယဝန်ကြီးနှင့် ညွှန်ကြားရေးမှူးချုပ်များ၊ အစိုးရနည်းပညာကောလိပ်၊ သိပ္ပံ၊ ကျောင်းနှင့် သင်တန်းဌာနများမှ ကျောင်းအုပ်ကြီးများနှင့် တာဝန်ခံများ၊ ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများ စုစုပေါင်း(၇၇၇)ဦး ပါဝင်တက်ရောက်ခဲ့ကြကြောင်း သတင်းရရှိပါသည်။

Source: Ministry of Education 

By Myanmar Education Guide (EDGE) 
 

News Read 1477 times