ပိတ်ထားသည်မှာ (၁) နှစ်ကျော် ကြာပြီဖြစ်သည့် လားရှိုးတက္ကသိုလ်ကို ၂၀၂၅-၂၀၂၆ ပညာသင်နှစ်အမှီ စတင် ဖွင့်လှစ်မည်ဖြစ်ကြောင်း ကျောင်းရှေ့ ကပ်ထားသည့် ကြေညာစာမှတဆင့် သိရသည်။
ယခု ၂၀၂၅ - ၂၀၂၆ ပညာသင်နှစ်အတွက် လားရှိုးတက္ကသိုလ်ရှိ သင်တန်းနှစ်အားလုံးကို ၂၀၂၅ ခုနှစ်၊ နိုင်ဝင်ဘာလ (၂၄) ရက်နေ့တွင် ဖွင့်လှစ်မည်ဖြစ်ပြီး ကျောင်းဝင်မှတ်ပုံတင်ခြင်းကို ၂၀၂၅ ခုနှစ်၊ နိုဝင်ဘာ (၁၇) ရက်နေ့ကတည်းက လက်ခံဆောင်ရွက်ပေးနေကြောင်း သိရသည်။
၂၀၂၅ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲအောင်မြင်သည့် ကျောင်းသား/ကျောင်းသူများအနက် လားရှိုးတက္ကသိုလ်တွင် ပထမနှစ် နေ့သင်တန်းကို မေဂျာအလိုက် တက်ရောက်ခွင့်ရရှိသူ (၂၇) ဦးသာ ရှိကြောင်း တက္ကသိုလ်ဝင်ခွင့်စာရင်းများအရ သိရသည်။