ဗီယက်နမ်နိုနိုင်ငံတွင် COVID-19 ကပ်ရောဂါဖြစ်ပွားမှုကြားထဲမှ နိုင်ငံ ရင်းနှီးမြှုပ်နှံငွေများ ထည့်ဝင်လာမှုနှင့် အစုရှယ်ယာများ ဝယ်ယူမှု တိုးမြင့်လာသောကြောင့် နိုင်ငံ၏ ပညာရေးစနစ်တွင် နိုင်ငံခြား ရင်းနှီးမြုပ်နှံမှုများသည် ၅၈ ရာခိုင်နှုန်းအထိ မြင့်တက်ခဲ့ပြီး ယခုနှစ်၏ ပထမ ကိုးလအတွင်းတွင် အမေရိကန်ဒေါ်လာ ၇၈.၈၉ သန်း အထိ မြှင့်တက်ခဲ့သည် ဟု စီမံကိန်းနှင့်ရင်းနှီးမြှုပ်နှံမှုဝန်ကြီးဌာန၏နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုအေဂျင်စီကဖော်ပြခဲ့သည်။
ဗီယက်နိုင်ငံ၏ပညာရေးတွင် ရင်းနှီးမြှုပ်နှံနေသည့် နိုင်ငံများ နှင့် နယ်မြေများအနက် ဗြိတိန်ဗာဂျင်းကျွန်းစု သည် ဒေါ်လာ ၂၃.၆၈ သန်းခန့် ပါဝင်ခဲ့ပြီး စုစုပေါင်းတန်ဖိုး၏ ၃၀ ရာခိုင်နှုန်း ခန့်ရှိပါသည်။
ထို့နောက်တွင် ကိုရီးယားသမ္မတနိုင်ငံ၊ အမေရိကန် နှင် စင်ကာပူ တို့ အသီးသီး ရပ်တည်လျက်ရှိသည်။ ဗီယက်နမ်ရင်းနှီးမြှုပ်နှံမှုပြန်လည်ဆန်းစစ်ချက်အရ ဗြိတိန်ဗာဂျင်းကျွန်းစု မှ Diamond Crest Global Limited သည် မေလတွင် အမေရိကန်ဒေါ်လာ ၁,၇ သန်း ရင်းနှီးမြှုပ်နှံသည့် ဟနွိုင်း အခြေစိုက် နိုင်ငံတကာပညာရေး ဝန်ဆောင်မှု ကုမ္ပဏီတစ်ခု ဖြစ်လာသည်။
Myanmar Strategic Holdings Co. Ltd ၏ ပိုင်ဆိုင်မှု တစ်ခု ဖြစ်သည့် စင်ကာပူ အခြေစိုက် MS English 2 Pte. Ltd အပြင် Wall Street English Co. Ltd တို့ကို နှစ်လကြာ နှစ်ဦးနှစ်ဖက် ညှိနှိုင်းဆွေးနွေးမှု အပြီးတွင် ပြီးခဲ့သည့် ဇူလိုင်လ ဟိုချီမင်းမြို့တော်တွင် ဝယ်ယူရန် သဘောတူ စာချုပ် ချုပ်ဆိုခဲ့သည်။
ထူးထူးခြားခြားအနေဖြင့် Wall Street English သည် ဒေါ်လာ ၁.၄ သန်းခန့် အရှုံးနှင့် ရင်ဆိုင်နေရသော်လည်း ပြီးခဲ့သည့် ၁၂ လအတွင်း ရရှိခဲ့သည့် တရားဝင် မစစ်ဆေးရသေးသော ဝင်ငွေမှာ အမေရိကန် ဒေါ်လာ ၁၃.၈ သန်း အထိ ရှိနေပြီး ပြီးခဲ့သည့် ၕပြီလ ၃၀ ရက်နေ့အထိ ၎င်းကုမ္ပဏီ ၏ စုစုပေါင်း ပိုင်ဆိုင်မှု ပမာဏမှာ ၃.၄ သန်း အထိ ရောက်ရှိခဲ့ကြောင်း သိရပါသည်။
Myanmar Strategic Holdings၏ အမှုဆောင်အရာရှိချုပ် Enrico Cesenni သည် ဗီယက်နမ် နိုင်ငံ၏ Wall Street English နှင့် ပတ်သက်၍ မှတ်ချက်ပြုခဲ့သည်မှာ ဗီယက်နမ်ကုမ္ပဏီသည် Ho Chi Minh နှင့် Binh Duong ရှိစင်တာ ၇ ခုတွင် ကျောင်းသားပေါင်း ၆၀၀ ကျော် ခန့် ရှိသည့်အကြောင်း ဖြစ်ပါသည်။
အထက်ပါ စင်တာများသည် Wall Street English ၏ နိုင်ငံတကာဆိုင်ရာ လုပ်ငန်းခွဲ များအဖြစ် ၁၀ နှစ်တာ အလုပ်တွဲ လုပ်သွားကြမည် ဖြစ်ပြီး ထိုနည်းတူစွာ မြန်မာနိုင်ငံရှိ Wall Street English ကျောင်းခွဲများသည်လည်း အတူတူပင် ဖြစ်ပါသည်။
By Myanmar Education Guide - EDGE
Ref: SaiGon