Sales Hotline : 09448001653       Download App



ကိုရီးယား အလုပ်အကိုင်အရည်အချင်းစစ်စာမေးပွဲ ပြုလုပ်မည်

** Unicode **

ကိုရီးယားအလုပ်အကိုင်အရည်အချင်းစစ်စာမေးပွဲ (EPS-TOPIK) ကို မေလတွင် ပြုလုပ်ရန် စီစဉ်ထားကြောင်း ကိုရီးယား လူ့စွမ်းအားအရင်းအမြစ်အဖွဲ့အစည်း (HRD-KOREA) မှစင်တာမှူး Mr Park Woonyoung ကပြောပါတယ်။

၎င်း EPS-TOPIK စာမေးပွဲလျှောက်လွှာများကို မတ်လ (၃၀) ရက်မှ ဧပြီ (၃) ရက်အထိ လက်ခံမည်ဖြစ်ပြီး စာမေးပွဲကို မေလမှ ယခုနှစ်ကုန်အထိ အချိန်ခွဲ၍ ပြုလုပ်ရန်စီစဉ်ထားကြောင်း သိရပါတယ်။

(၁၃) ကြိမ်မြောက် ကုန်ထုတ်နှင့် ဆောက်လုပ်ရေး လုပ်ငန်းအတွက် စာမေးပွဲမပြုလုပ်နိုင်ဘဲ ယခုနှစ်တွင် ပြန်လည်ပြုလုပ်နိုင်ရန် စီစဉ်ခြင်းဖြစ်ပါတယ်။


Read More:>>>  သင့္ကေလးငယ္ကို ဘယ္အ႐ြယ္မွာ မူႀကိဳစထားၾကမလဲ
 

ယခုနှစ်တွင် ပြုလုပ်မည့် EPS-TOPIK စာမေးပွဲတွင် ကုန်ထုတ်လုပ်ငန်းအတွက် (၅,၂၅၈) ဦး၊ ဆောက်လုပ်ရေးလုပ်ငန်းအတွက် (၁,၄၃၆) ဦးနှင့် စိုက်ပျိုးရေး၊ မွေးမြူရေးလုပ်ငန်းအတွက် (၂၂၃) ဦးအောင်မြင်မှုပေးမည်ဟု HRD-KOREA ကအတည်ပြုပါတယ်။

၎င်းလုပ်ငန်းအတွက် ယခင်နှစ်တွင် လူဦးရေ (၁,၀၀၀) အောင်မြင်ရန်သတ်မှတ်ပေးသဖြင့် ဖြေဆိုမည့်အရေအတွက်နှင့် မျှတမှုမရှိခြင်းကြောင့်ဟုဆို၍ ကုန်ထုတ်နှင့် ဆောက်လုပ်ရေးလုပ်ငန်းစာမေးပွဲမပြုလုပ်ခဲ့ခြင်းဖြစ်သည်။

Japanese (437) ဂျပန် စကားပြောသင်တန်းနှင့် ပတ်သက်ပြီး သင်တန်း (၄၃၇) ခုရှာရန်နှိပ်ပါ။

ယခုနှစ်အောင်မြင်မှုပေးသည့်အရေအတွက်သည် ယခင်နှစ်ထက် ခုနှစ်ဆခန့် တိုးမြှင့်ပေးထား၍ ကိုရီးယားနိုင်ငံမှ အလုပ်သမား ခေါ်ယူသည့် (၁၆) နိုင်ငံတွင် အရေအတွက်အများဆုံးဖြစ်ကြောင်း သိရပါတယ်။

စာမေးပွဲဖြေဆိုမည့်သူများနိုင်သဖြင့် စာမေးပွဲဖြေဆိုခွင့်လျှောက်လွှာထုတ်ယူခြင်း၊ လျှောက်လွှာတင်ခြင်းပြုလုပ်ရာတွင် အဆင်ပြေစေရန် ကြိုတင်ပြင်ဆင်ထားပြီးဖြစ်ကြောင်းလည်းသိရပါတယ်။

ကိုရီယားနိုင်ငံသို့ တစ်နှစ်လျှင် မြန်မာလုပ်သားဦးရေ လေးထောင်ခန့်ခေါ်ယူနေပြီး ၎င်းနိုင်ငံက အလုပ်သများခေါ်ယူသည့် (၁၆) နိုင်ငံတွင် မြန်မာနိုင်ငံမှာ အဆင့် (၆) နေရာတွင် ရှိနေပါတယ်။

၎င်းအပြင်ယခင်စာမေးပွဲအောင်မြင်ထားပြီး လုပ်ကိုင်ခွင့်မရရှိသူ လေးထောင်ခန့်ရှိနေသေးကြောင်းလည်းသိရပါတယ်။

(www.edge.com.mm)

** Zawgyi **





Read More:>>>  သင့်ကလေးငယ်ကို ဘယ်အရွယ်မှာ မူကြိုစထားကြမလဲ



Japanese (437) ဂျပန် စကားပြောသင်တန်းနှင့် ပတ်သက်ပြီး သင်တန်း (၄၃၇) ခုရှာရန်နှိပ်ပါ။



ကိုရီယားနိုင်ငံသို့ တစ်နှစ်လျှင် မြန်မာလုပ်သားဦးရေ လေးထောင်ခန့်ခေါ်ယူနေပြီး ၄င်းနိုင်ငံက အလုပ်သများခေါ်ယူသည့် (၁၆) နိုင်ငံတွင် မြန်မာနိုင်ငံမှာ အဆင့် (၆) နေရာတွင် ရှိနေပါတယ်။


(www.edge.com.mm)

Latest Post News Tips Read 2600 times