Sales Hotline : 09448001653       Download App



ဂျပန် - မြန်မာ အွန်လိုင်းပညာရေး ပွဲတော် ကျင်းပမည်

အိုကာယာမာတက္ကသိုလ်နှင့် ရန်ကုန်မြို့ရှိ Okayama University Japan Education Information Centre, Myanmar (OJEIC) သည်၊ မြန်မာနိုင်ငံ ဂျပန်ပညာသင်ဟောင်းများအသင်း (MAJA) နှင့် The Consortium of Six National Universities in Japan Global Network Project (ASEA) ၏ ပူးပေါင်းပါဝင်ဆောင်ရွက်မှုဖြင့် အွန်လိုင်းဂျပန်ပညာရေးပွဲတော် (မြန်မာ) ကို ကျင်းပမည် ဖြစ်သည်။

ကျင်းပခြင်း၏ ရည်ရွယ်ချက်မှာ မြန်မာကျောင်းသားများအတွက် အကျိုးရှိသည့် ပညာသင်သွား ခြင်းဖြစ်စေရေးအတွက်၊ လိုအပ်သော နောက်ဆုံးရ သတင်းအချက်အလက်သစ်များကို မျှဝေပြီး၊ မြန်မာနိုင်ငံသားများ၊ ဂျပန်နိုင်ငံသို့ ပညာသင်သွားခြင်းကို တိုးပွားလာစေရန် ဖြစ်သည်။ ပညာသင်သွား ပြီးနောက် အလုပ်အကိုင် သတင်းအချက်အလက်များကိုလည်း မျှဝေပေးမည်ဖြစ်သည်။

ယခင်နှစ်က ကျင်းပခဲ့သော ပညာရေးပွဲတော်တွင် စိတ်ပါဝင်စားသူဦးရေ ၂၀၀၀ ယောက် တက်ရောက်ပါသည်။ ယခုနှစ်တွင် ကျင်းပမည့် ပညာရေးပွဲတော်သို့ ဂျပန်တက္ကသိုလ် (၂၃) ကျောင်း၊ သက်မွေးပညာသင် ဥပစာကောလိပ် (၃) ခု၊ ဂျပန်ဘာသာစကား သင်ကျောင်း (၄) ကျောင်းအပြင် စုစုပေါင်း အဖွဲ့အစည်း ၃၁-ဖွဲ့ ပါဝင်သည်။

ပညာရေးပွဲတော်ကို ဇန်နဝါရီ ၃၁ ရက်နေ့ (တနင်္ဂနွေနေ့) မှ ဖေဖေါ်ဝါရီ ၁၃ ရက် (စနေနေ့) အထိ ကျင်းပမည်ဖြစ်ပြီး ပါဝင်တက်ရောက်ဆွေးနွေးလိုသူတို့သည် အောက်ပါ Special website နှင့် Facebook တွင် စာရင်းပေးသွင်းနိုင်ပြီး ဆွေးနွေးပွဲကို Zoom Meeting စနစ်ဖြင့် ကျင်းပ မည်ဖြစ်ကြောင်း သိရသည်။

E-mail             :  torigoeasami@okayama-u-ac-jp

Facebook        :  Click Here

အသေးစိတ်သိလိုပါက -ဂျပန်ဖောင်ဒေးရှင်း (ရန်ကုန်)

 အမှတ် (၇၀) နတ်မောက်လမ်းသွယ် (၁) ပထမထပ်၊

ဗဟန်းမြို့နယ်၊ ရန်ကုန်။ မြန်မာ။

Local News Read 1391 times