Sales Hotline : 09448001653       Download App



James Cook University မှ Scholarships Admission Day ပြုလုပ်မည်

**Unicode**

James Cook University Singapore မှပေးအပ်မည့် ၂၀၂၀ မတ်လတွင် ကျောင်းဖွင့်ချိန်အတွက်ပညာသင်ဆုများအကြောင်းများကို ရှင်းလင်းပြောကြားပေးသွားမည် ဖြစ်ပါတယ်။

Scholarships Admission Day ကို (၁၄-၁-၂၀၂၀) ရက်၊ နံနက် (၁၀) နာရီမှ ညနေ (၄) နာရီအထိ STUDY ABROAD Information Centre ရုံးခန်းတွင် ပြုလုပ်မည်ဖြစ်ပါတယ်။ အခမ်းအနားမှာ James Cook University Singapore မှ ကျောင်းတာဝန်ခံကိုယ်တိုင် (၁၀၀ %) ၊ (၅၀ %)၊ (၂၅ %) ပညာသင်ဆုများရယူလျှောက်ထားရန် လိုအပ်သည်များကို ပြောကြားပေးသွားမည်ဖြစ်ပါတယ်။

ပညာသင်ဆုတွေက Bechelor Degree နှင့် Master Degree တိုင်းအတွက် ပေးအပ်မှာဖြစ်ပါတယ်။ 

မိမိတို့စိတ်ဝင်စားသည့် ဘာသာရပ်များကို ရွေးချယ်လျှောက်ထားနိုင်မည်ဖြစ်ပါတယ်။

တက္ကသိုလ်ဝင်တန်းဖြေဆိုအောင်မြင်ထားသူများ၊ IGCSE အောင်မြင်ထားသူများ၊ တက္ကသိုလ်တက်ရောက်နေသူများ၊ HND, NCC, ABE အောင်မြင်ထားသူများ၊ မြန်မာဘွဲ့ရကျောင်းသား/သူများလည်း လျှောက်ထားနိုင်ပါတယ်။

Read More:>>> မိခင်ဘာသာစကားမဟုတ်တဲ့ အင်္ဂလိပ်စာကို လေ့လာရင် ဒီလိုအချက်တွေက သင့်ကိုနှောင့်နှေးစေပါတယ်

အသေးစိတ်သိလိုသော ကျောင်းသား/သူ မိဘညီအကိုမောင်နှမများအတွက် STUDY ABROAD Information Centre (ရန်ကုန်ဖုန်းနံပါတ် ၀၉-၅၁၅၁၀၀၈၊ ၀၉-၇၃၂၄၂၄၀၄) နှင့် (မန္တလေးဖုန်းနံပါတ် ၀၉-၄၂၀၀၉၉၉၉၇) သို့ ဆက်သွယ်မေးမြန်းစုံစမ်းနိုင်ပါတယ်။

(STUDY ABROAD information Centre)
(www.edge.com.mm)
 
**Zawgyi**








(www.edge.com.mm)
 
 

Latest Post International Read 633 times