ကျောင်းလခနှင့် နေထိုင်စားသာက်စရိတ်အပြင် လေယာဉ်အသွားအပြန်စရိတ်အထိပါ ၁၀၀% အပြည့်အ၀ ထောက်ပံ့ပေးသွားမယ့် Chulalongkorn University ရဲ့ ISE Scholarship ကို ၂၀၂၆ ခုနှစ် မေလ (၁) ရက်နေ့ နောက်ဆုံးထား လျှောက်ထားနိုင်ပါတယ်။
ISE Schoarship ဆိုတာ Chulalongkorn University အောက်က International School of Engineering က ပေးအပ်တဲ့ ပညာသင်ဆုဖြစ်ပြီး အောက်ပါ Engineering ပရိုဂရမ် (၆) ခုကို ရွေးချယ် တက်ရောက်နိုင်ပါတယ်။
ပညာသင်ဆုအမျိုးအစား (၂) မျိုး
Full Scholarship မှာ ပါဝင်မယ့် အကျိုးခံစားခွင့်
Tution Scholarship မှာ ပါဝင်မယ့် အကျိုးခံစားခွင့်
ISE Scholarship ကို လျှောက်ထားနိုင်သူများ
- (၁၂) တန်းပညာရေး ပြီးဆုံးထားသူဖြစ်ရပါမယ်။ (GED သို့ IGCSE A Level သို့ IB ပြီးထားသူများလည်း လျှောက်ထားနိုင်)
- အသက် (၂၅) နှစ်ထက်ကြီးသူမဖြစ်ရပါ။
- ကျန်းမာရေးကောင်းမွန်သူဖြစ်ရပါမယ်။
- အင်ဂျင်နီယာပရိုဂရမ်တစ်ခုခုမှာ ဝင်ခွင့်လျှောက်ထားသူဖြစ်ရပါမယ်။
- အောက်ဖော်ပြပါလင့်ခ်မှ အနိမ့်ဆုံးအမှတ်တွေကို ပြည့်မီသူဖြစ်ရပါမယ်။
(http://www.ise.eng.chula.ac.th/document/Admission/AY2026/)
လိုအပ်တဲ့စာရွက်စာတမ်းများ
- အွန်လိုင်းလျှောက်လွှာ (https://admission.ise.eng.chula.ac.th/Inter/)
- CU-ATC က အသိအမှတ်ပြု ထုတ်ပေးမယ့် အထက်တန်းအောင်လက်မှတ် (https://hsces.atc.chula.ac.th/)
- G10 မှ G12 အထိ အမှတ်စာရင်း (GPA (4.00) စနစ်ရှိတဲ့ အမှတ်စာရင်း ဖြစ်ရမယ်၊ မရှိပါက CU-ATC ကနေ တောင်းပါ)
- IELTS (သို့) TOEFL (သို့) Duolingo စတဲ့ အင်္ဂလိပ်အရည်အချင်းစစ်စာမေးပွဲအမှတ်စာရင်း
- SAT (သို့) ACT တို့ရဲ့ အမှတ်စာရင်း (မရှိသူတွေက Portfolio Section မှာ ဖြည့်ပါ)
- ပတ်စ်ပို့
- ကျန်းမာရေးဆေးစစ်ချက်
- ဝင်ခွင့်လျှောက်လွှာကြေး (ဘတ် ၁ ထောင်)
ဒီပညာသင်ဆုက ဝင်ခွင့်လျှောက်ထားသူတိုင်းအတွက် အကျုံးဝင်မှာဖြစ်ပြီး ပညာသင်ဆုအတွက် သီးသန့်ထပ်လျှောက်စရာ မလိုပါဘူး။ လျှောက်ထားသူရဲ့ အရည်အချင်းအပေါ်မူတည်ပြီး Full scholarship ဖြစ်စေ၊ Tuition Scholarship ဖြစ်စေ သင့်တော်သလို ရွေးချယ်ပေးအပ်မှာ ဖြစ်ပါတယ်။
ပညာသင်ဆုအကြောင်း အသေးစိတ်ဖတ်ရှုရန်
> https://admission.ise.eng.chula.ac.th/Inter/
==========================
ပညာရေးဆိုင်ရာ သတင်းအချက်အလက် အစုံအလင်ကို
Telegram နှင့် Viber မှာလည်း အလွယ်တကူ ဖတ်ရှုနိုင်ပါတယ်။
> https://t.me/eudcationguide (Telegram)
> https://invite.viber.com/? (Viber)
နှစ်ပတ်တစ်ကြိမ် ပေးပို့နေတဲ့ Education Bulletin ကို
ရယူဖို့လည်း Subscribe လုပ်ထားနိုင်ပါတယ်။