Sales Hotline : 09448001653       Download App



အမေရိကန်အင်္ဂလိပ်စာသင်ခန်းစာ အစီအစဉ်မှ ဖိတ်ခေါ်ခြင်း

အမေရိကန်အင်္ဂလိပ်စာသင်ခန်းစာ အစီအစဉ်ကဖိတ်ခေါ်ပါတယ်။ “Teacher Development Series 9” အစီအစဉ်ကို ဒီဇင်ဘာ ၂ ရက်အထိ တစ်ပတ်ခြား ဗုဒ္ဓဟူးနေ့တိုင်း မြန်မာစံတော်ချိန် ညနေ ၆:၃၀ ကနေ ၇:၃၀ အထိတစ်ကြိမ်နဲ့ ည ၁၁:၃၀ ကနေ ၁၂:၃၀ အထိ တစ်ကြိမ် နှစ်ကြိမ်ထုတ်လွှင့်တင်ဆက်သွားတော့မှာဖြစ်တယ်လို့သိရပါတယ်။

ဒီအမေရိကန်အင်္ဂလိပ်စာသင်ခန်းစာ ဝက်ဘီနာ ဖေ့စ်ဘွတ်ခ် တိုက်ရိုက်ထုတ်လွှင့်မှု အစီအစဉ်ကို အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာန၊ ပညာရေးနဲ့ ယဉ်ကျေးမှုရေားရာဗျူရို အင်္ဂလိပ်ဘာသာစကားအစီအစဉ်က စီစဉ်ပြုလုပ်တာဖြစ်ပါတယ်။ 

အင်္ဂလိပ်စာသင်တဲ့ ဆရာ၊ ဆရာမတွေ အနေနဲ့ ဆရာ၊ ဆရာမတို့ရဲ့ အသိပညာတွေ၊ သင်ကြားရေးနည်းစနစ်တွေပိုပြီး တိုးတက်ကောင်းမွန်လိုပါသလား။ ကမ္ဘာတစ်ဝန်းက အင်္ဂလိပ်စာဆရာ၊ ဆရာမတွေအတွက် ဒီကျွမ်းကျင်မှုပညာသင်တန်းကနေပြီး ကျောင်းသူ၊ ကျောင်းသားဗဟိုပြု ပို့ချမှုမှာ ကျောင်းသားနဲ့ ဆရာ၊ ဆရာမအကြား အပြန်အလှန်ထိတွေ့ သင်ကြားသင်ယူနိုင်တဲ့ သင်ကြားရေးနည်းစနစ်ဆိုင်ရာ အကြောင်းအရာတွေကို ပို့ချပေးမှာဖြစ်ပါတယ်။ ဒီသင်ခန်းစာတွေကိုလေ့လာနိုင်ဖို့အတွက် ဆရာ၊ ဆရာမ များအတွက် အမေရိကန် အင်္ဂလိပ်ဘာသာစကားသင်ခန်းစာ ဖေ့စ်ဘွတ်ခ်စာမျက်နှာဖြစ်တဲ့ American English at State ကနေဝင်ရောက်လေ့လာရမှာလို့သိရပါတယ်။

သင်ခန်းစာအစီအစဉ်တစ်ခုချင်းစီပြီးမြောက်တိုင်း ဝင်ရောက်လေ့လာသင်ယူပြီးကြောင်း စစ်ဆေးအတည်ပြုထားတဲ့ ဒစ်ဂျစ်တယ်စနစ်နဲ့အသိအမှတ်ပြုထားတာကိုရရှိမှာပါ။ သင်ခန်းစာ ‌(၆) ကြိမ်မှာ (၄) ကြိမ်တက်ရောက်ခဲ့သူတွေကို အမေရိကန်သံရုံးကနေ အသိအမှတ်ပြုလက်မှတ်ပေးအပ်ချီးမြှင့်မှာဖြစ်ပါတယ်။ 

တက်ရောက်လိုသူတွေအနေနဲ့ စာရင်းပေးသွင်းထားဖို့ အကြံပြုပါတယ်။ သို့မှသာလျှင် စာရင်းပေးသွင်းထားသူတွေအနေနဲ့ သတိပေးနှိုးဆော်တဲ့ အီးမေးလ်တွေနဲ့ သင်ခန်းအတွက်လိုအပ်သလိုပြင်ဆင်ရမှာတွေကို လက်ခံရရှိမှာဖြစ်ပါတယ်။

အောက်ပါလင့်မှတဆင့်စာရင်းပေးသွင်းနိုင်ပါတယ်။
>>>> Register Here <<<<

 

Join American English Live: Teacher Development Series 9 tomorrow and will take place every other Wednesday through December 2nd at two times each night:  6:30pm-7:30pm or 11:30pm-12:30am Myanmar Time. 

The American English Webinar and Facebook Live sessions are hosted by the U.S. Department of State’s Office of English Language Programs in the Bureau of Educational and Cultural Affairs. These professional development sessions for English teachers around the globe address methodological topics that foster interactive, student-centered language instruction. To join these sessions, go to the American English at State.

At the end of each event, you will have the opportunity to earn a digital badge that verifies your participation. The U.S. Embassy will issue e-certificates for those who attend four out of six sessions. 

Registration is recommended so that participants can receive reminder emails and links to materials to prepare for the session.

>>>> Register Here <<<<

U.S. Embassy Rangoon

 

Latest Post Read 381 times