Sales Hotline : 09448001653       Download App



အောက်စဖို့ဒ်နှင့် ဥရောပသမဂ္ဂမှပေးအပ်သည့် ပညာသင်ဆု

** Unicode **

**အောက်စဖို့ဒ်**
မြန်မာနိုင်ငံအပါအဝင်နိုင်ငံအချို့တွင် ငွေကြေးအခက်အခဲရှိသည့် ကျောင်းသား/သူများအတွက် ဗြိတိန်နိုင်ငံ အောက်စဖို့ဒ်တက္ကသိုလ်က Reach Oxford Scholarship ဘွဲ့ကြိုပညာသင်ဆုများပေးရန် ဇန်နဝါရီအတွင်း လျှောက်လွှာစတင်ခေါ်ယူမည်ဟု ကြေညာထားပါတယ်။

ကျောင်းလခ၊ ကျူရှင်ကြေး၊ နေထိုင်စားသောက်စရိတ်နှင့် တစ်နှစ် (၁) ကြိမ်မိခင်နိုင်ငံသို့ အလည်အပတ်ပြန်နိုင်ရန် လေယာဉ်စရိတ်တို့ကို ပညာသင်ဆုအဖြစ် ရရှိမည်ဖြစ်ပါတယ်။

မိမိတက်ရောက်သော ဘာသာရပ်၏ ဘွဲ့ကြိုသင်တန်းကာလအလိုက် (၃) နှစ်မှ (၄) နှစ်အထိ ပညာသင်ဆုပေးအပ်မည်ဖြစ်ပါတယ်။

ပညာသင်ဆုပေးအပ်ရန် သတ်မှတ်ထားသည့် ဗြိတိန်နိုင်ငံတစ်ဝန်းရှိ ကောလိပ်များတွင် ရှေးဟောင်းသုတေသန၊ ဇီဝနည်းပညာ၊ အင်ဂျင်နီယာနှင့် ဘာသာစကားဆိုင်ရာ ဘာသာရပ်များကွန်ပျူတာနှင့် ကွန်ပျူတာသိပ္ပံ၊ ဥပဒေ၊ သမိုင်းနှင့် ရူပဗေဒဆိုင်ရာ ဘာသာရပ်များ၊ စီးပွားရေးဆိုင်ရာဘာသာရပ်များနှင့် ဂီတအပါအဝင်ဘာသာရပ်ပေါင်း (၄၇) ခုကိုရွေးချယ်သင်ယူခွင့်ရမည်ဖြစ်ပါတယ်။

ယခင်ကဘွဲ့ကြိုသင်တန်း မတက်ရောက်ဖူးသူများကို ဦးစားပေးမည်ဖြစ်ပြီး အထက်တန်းအဆင့်ပညာအရည်အချင်းအဆင့် ပညာအရည်အချင်းအဆင့်မြင့်သူများကိုသာ ပညာသင်ဆုပေးမည်ဖြစ်ပါတယ်။

ပညာဆက်လက်သင်ယူရန် ငွေကြေးအခက်အခဲရှိသူများကို ပညာသင်ဆုစာရင်းတွင် အဓိကထည့်သွင်းစဉ်းစားမည်ဖြစ်၍ ကျောင်းပြီးပါက မိခင်နိုင်ငံသို့ ပြန်လာကာ အလုပ်လုပ်မည်ဟု ကတိပြုရမည်ဖြစ်ပါတယ်။

ပညာသင်ဆု ရရှိသူသည် တက္ကသိုလ်တက်ရောက်စဉ်အတွင်း ကြုံတွေ့ရသော ပညာသင်ဆုများနှင့် လူမှုရေးလှုပ်ရှားမငများအကြောင်း နှစ်စဉ်အစီရင်ခံစာတင်သွင်ရမည်ဖြစ်၍ ပညာသင်ဆုအတွက် http://www.ox.ac.uk/ Link တွင်လျှောက်ထားနိုင်ပါတယ်။

**ဥရောပသမဂ္ဂ**
မြန်မာနိုင်ငံအပါအဝင်နိုင်ငံတကာမှ ကျောင်းသား/သူများအား ဥရောပသမဂ္ဂက ပေးအပ်သည့် Eramus Mundus Full Scholarship (အပြည့်အဝပညာသင်ဆု) ဖြစ်ပါတယ်။

ဥရောပတစ်ဝန်းရှိ တက္ကသိုလ်များတွင် မဟာတန်းနှင့် ပါရဂူတန်း တက်ရောက်မည့် မြန်မာကျောင်းသား/သူများအတွက် ပညာသင်ဆုပံ့ပိုးမည်ဖြစ်ပြီး www.eacea.ec.europe.eu မှတစ်ဆင့်ပညာသင်ဆုလျှောက်ထားနိုင်မည်ဖြစ်ပါတယ်။

စိုက်ပျိုးမွေးမြူရေးနှင့် တိရစ္ဆာန်ကုသရေးဆိုင်ရာ ဘာသာရပ်များ၊ အင်ဂျင်နီယာ၊ ကုန်ထုတ်လုပ်မှုနှင့် အဆောက်အအုံတည်ဆောက်ရေးဆိုင်ရာ ဘာသာရပ်များ၊ ကျန်းမာရေးနှင့်လူမှုကူညီထောက်ပံ့ရေးဆိုင်ရာ ဘာသာရပ်များ၊ အနုပညာဘာသာရပ်များ၊ လူမှုရေးသိပ္ပံ၊ စီးပွားရေး၊ ဥပဒေပညာရပ်ဆိုင်ရာ ဘာသာရပ်များ၊ သိပ္ပံ၊ သင်္ချာနှင့် ကွန်ပျူတာပညာရပ်ဆိုင်ရာ ဘာသာရပ်များအတွက် ဘွဲ့ကြို၊ ဘွဲ့လွန်သင်တန်းများ လျှောက်ထားနိုင်မည်ဖြစ်ပါတယ်။

ပညာသင်ဆုအစီအစဉ်တွင် ရွေးချယ်ခံရပါက လစဉ်နေထိုင်စရိတ်၊ ကျောင်းလခ၊ ခရီးစရိတ်နှင့် အာမခံကြေးများ ရရှိမည်ဖြစ်ပြီး သင်တန်းဝင်ခွင့်လိုအပ်ချက်ကို မိမိတက်ရောက်မည့် တက္ကသိုလ်မှ သတ်မှတ်ချက်များဖြင့် ပြည်စုံရမည်ဖြစ်ပါတယ်။

၂၀၂၀-၂၁ ပညာသင်နှစ်အတွက် ဘာသာရပ်အများစု၏ ပညာသင်ဆုလျှောက်ထားနိုင်သည့် ကာလကို ၂၀၂၀ ဇန်နဝါရီလကုန်အထိ သတ်မှတ်ထားပါတယ်။
Credit: 7Day News
 

** Zawgyi **

**ေအာက္စဖို႔ဒ္**
ျမန္မာႏိုင္ငံအပါအဝင္ႏိုင္ငံအခ်ိဳ႕တြင္ ေငြေၾကးအခက္အခဲရွိသည့္ ေက်ာင္းသား/သူမ်ားအတြက္ ၿဗိတိန္ႏိုင္ငံ ေအာက္စဖို႔ဒ္တကၠသုိလ္က Reach Oxford Scholarship ဘြဲ႔ႀကိဳပညာသင္ဆုမ်ားေပးရန္ ဇန္နဝါရီအတြင္း ေလ်ွာက္လႊာစတင္ေခၚယူမည္ဟု ေၾကညာထားပါတယ္။

ေက်ာင္းလခ၊ က်ဴရွင္ေၾကး၊ ေနထိုင္စားေသာက္စရိတ္ႏွင့္ တစ္ႏွစ္ (၁) ႀကိမ္မိခင္ႏုိင္ငံသို႔ အလည္အပတ္ျပန္ႏိုင္ရန္ ေလယာဥ္စရိတ္တို႔ကို ပညာသင္ဆုအျဖစ္ ရရွိမည္ျဖစ္ပါတယ္။

မိမိတက္ေရာက္ေသာ ဘာသာရပ္၏ ဘြဲ႔ႀကိဳသင္တန္းကာလအလိုက္ (၃) ႏွစ္မွ (၄) ႏွစ္အထိ ပညာသင္ဆုေပးအပ္မည္ျဖစ္ပါတယ္။

ပညာသင္ဆုေပးအပ္ရန္ သတ္မွတ္ထားသည့္ ၿဗိတိန္ႏိုင္ငံတစ္ဝန္းရွိ ေကာလိပ္မ်ားတြင္ ေရွးေဟာင္းသုေတသန၊ ဇီဝနည္းပညာ၊ အင္ဂ်င္နီယာႏွင့္ ဘာသာစကားဆိုင္ရာ ဘာသာရပ္မ်ားကြန္ပ်ဴတာႏွင့္ ကြန္ပ်ဴတာသိပၸံ၊ ဥပေဒ၊ သမိုင္းႏွင့္ ရူပေဗဒဆိုင္ရာ ဘာသာရပ္မ်ား၊ စီးပြားေရးဆိုင္ရာဘာသာရပ္မ်ားႏွင့္ ဂီတအပါအဝင္ဘာသာရပ္ေပါင္း (၄၇) ခုကိုေရြးခ်ယ္သင္ယူခြင့္ရမည္ျဖစ္ပါတယ္။

ယခင္ကဘြဲ႔ႀကိဳသင္တန္း မတက္ေရာက္ဖူးသူမ်ားကို ဦးစားေပးမည္ျဖစ္ၿပီး အထက္တန္းအဆင့္ပညာအရည္အခ်င္းအဆင့္ ပညာအရည္အခ်င္းအဆင့္ျမင့္သူမ်ားကိုသာ ပညာသင္ဆုေပးမည္ျဖစ္ပါတယ္။

ပညာဆက္လက္သင္ယူရန္ ေငြေၾကးအခက္အခဲရွိသူမ်ားကို ပညာသင္ဆုစာရင္းတြင္ အဓိကထည့္သြင္းစဥ္းစားမည္ျဖစ္၍ ေက်ာင္းၿပီးပါက မိခင္နိုင္ငံသို႔ ျပန္လာကာ အလုပ္လုပ္မည္ဟု ကတိျပဳရမည္ျဖစ္ပါတယ္။

ပညာသင္ဆု ရရွိသူသည္ တကၠသိုလ္တက္ေရာက္စဥ္အတြင္း ႀကံဳေတြ႔ရေသာ ပညာသင္ဆုမ်ားႏွင့္ လူမႈေရးလႈပ္ရွားမငမ်ားအေၾကာင္း ႏွစ္စဥ္အစီရင္ခံစာတင္သြင္ရမည္ျဖစ္၍ ပညာသင္ဆုအတြက္ http://www.ox.ac.uk/ Link တြင္ေလ်ွာက္ထားႏိုင္ပါတယ္။

**ဥေရာပသမဂၢ**
ျမန္မာႏိုင္ငံအပါအဝင္ႏိုင္ငံတကာမွ ေက်ာင္းသား/သူမ်ားအား ဥေရာပသမဂၢက ေပးအပ္သည့္ Eramus Mundus Full Scholarship (အျပည့္အဝပညာသင္ဆု) ျဖစ္ပါတယ္။

ဥေရာပတစ္ဝန္းရွိ တကၠသုိလ္မ်ားတြင္ မဟာတန္းႏွင့္ ပါရဂူတန္း တက္ေရာက္မည့္ ျမန္မာေက်ာင္းသား/သူမ်ားအတြက္ ပညာသင္ဆုပံ့ပိုးမည္ျဖစ္ၿပီး www.eacea.ec.europe.eu မွတစ္ဆင့္ပညာသင္ဆုေလ်ွာက္ထားႏိုင္မည္ျဖစ္ပါတယ္။

စိုက္ပ်ိဳးေမြးျမဴေရးႏွင့္ တိရစာၦန္ကုသေရးဆိုင္ရာ ဘာသာရပ္မ်ား၊ အင္ဂ်င္နီယာ၊ ကုန္ထုတ္လုပ္မႈႏွင့္ အေဆာက္အအံုတည္ေဆာက္ေရးဆိုင္ရာ ဘာသာရပ္မ်ား၊ က်န္းမာေရးႏွင့္လူမႈကူညီေထာက္ပံ့ေရးဆိုင္ရာ ဘာသာရပ္မ်ား၊ အႏုပညာဘာသာရပ္မ်ား၊ လူမႈေရးသိပၸံ၊ စီးပြားေရး၊ ဥပေဒပညာရပ္ဆိုင္ရာ ဘာသာရပ္မ်ား၊ သိပၸံ၊ သခ်ၤာႏွင့္ ကြန္ပ်ဴတာပညာရပ္ဆိုင္ရာ ဘာသာရပ္မ်ားအတြက္ ဘြဲ႔ႀကိဳ၊ ဘြဲ႔လြန္သင္တန္းမ်ား ေလ်ွာက္ထားႏိုင္မည္ျဖစ္ပါတယ္။

ပညာသင္ဆုအစီအစဥ္တြင္ ေရြးခ်ယ္ခံရပါက လစဥ္ေနထိုင္စရိတ္၊ ေက်ာင္းလခ၊ ခရီးစရိတ္ႏွင့္ အာမခံေၾကးမ်ား ရရွိမည္ျဖစ္ၿပီး သင္တန္းဝင္ခြင့္လိုအပ္ခ်က္ကို မိမိတက္ေရာက္မည့္ တကၠသိုလ္မွ သတ္မွတ္ခ်က္မ်ားျဖင့္ ျပည္စံုရမည္ျဖစ္ပါတယ္။

၂၀၂၀-၂၁ ပညာသင္ႏွစ္အတြက္ ဘာသာရပ္အမ်ားစုုုုုုု၏ ပညာသင္ဆုေလ်ွာက္ထားႏိုင္သည့္ ကာလကို ၂၀၂၀ ဇန္နဝါရီလကုန္အထိ သတ္မွတ္ထားပါတယ္။
Credit: 7Day News
 

Latest Post International Read 1375 times