Sales Hotline : 09448001653       Download App



ပြည်ပတက္ကသိုလ်တွေမှာ တက်ရောက်လိုသူတွေအတွက် ပညာရေးဆွေးနွေးပွဲ

 

ပြည်တွင်း၊ ပြည်ပ တက္ကသိုလ်တွေမှာ တက်ရောက်နိုင်တဲ့ ပညာရေး လမ်းကြောင်းတွေ အကြောင်းနဲ့ အကြံပေးချက်တွေကို ပြောကြားပေးမယ့် နိုင်ငံတကာပညာရေး ဆွေးနွေးပွဲတစ်ခုကို လာမယ့် မေလ (၁၃) ရက်နေ့ မနက် ၁၀ နာရီ British University College မှာ ကျင်းပ ပြုလုပ်သွားမှာ ဖြစ်ပါတယ်။

 

ဒီဆွေးနွေးပွဲကို “ ဆွေးနွေးအဖြေရှာ အနာဂတ်ပညာ “ လို့ ခေါင်းစဉ်တပ်ထားပြီး British University College နဲ့ BUC Education Services တို့က ပူးပေါင်းပြီး ကျင်းပတာပါ။

 

ဆယ်တန်း၊ IGCSE၊ GED ဖြေဆို အောင်မြင်ထားတဲ့ ကျောင်းသား/ သူတွေ အပါအဝင် တက္ကသိုလ်တက်လက်စ ကျောင်းသား/သူတွေနဲ့ HND, ABE Level 5, NCC Advanced Diploma အောင်မြင်ထားတဲ့ ကျောင်းသား/သူတွေအတွက် ပြည်တွင်းပြည်ပ တက္ကသိုလ်တွေမှာ တက်ရောက်နိုင်မယ့် ပညာရေး လမ်းကြောင်းတွေအကြောင်း ပြောကြားသွားမှာ ဖြစ်ပါတယ်။

 

Advertisement

Click Here > Ye' Optical

 

ပညာရေးဆွေးနွေးမှာ နိုင်ငံတကာ အဆင့်မီပညာရေးကို လေ့လာလိုတဲ့ ကျောင်းသား/သူတွေအတွက် British University College ကနေတစ်ဆင့် တက်ရောက်နိုင်တဲ့ နိုင်ငံတကာပညာရေး လမ်းကြောင်းတွေနဲ့ UK, USA, Singapore, Australia, Switzerland, Canada, Thai မှာ ရှိတဲ့ နိုင်ငံတကာ တက္ကသိုလ်ကြီးတွေမှာ တက်ရောက်နိုင်မယ့် ပညာရေးတွေအကြောင်းလည်း ပါဝင်ပါတယ်။

 

နေ့ရက် - မေလ (၁၃) ရက်နေ့၊ စနေနေ့

အချိန် - မနက် (၁၀) နာရီမှ (၁၂) နာရီ

နေရာ - British University College Main Campus

လိပ်စာ - S-25၊ ဦးချစ်မောင်အိမ်ရာ၊ ဦးချစ်မောင်လမ်း၊ တာမွေမြို့နယ်၊ ရန်ကုန်မြို့။

 

တစ်ဦးချင်း အသေးစိတ်ဆွေးနွေးနိုင်မှာ ဖြစ်လို့ နိုင်ငံတကာ ပညာရေးကို စိတ်ပါဝင်စားတဲ့ ကျောင်းသား/သူများနဲ့ လူကြီးမိဘများတွေ သွားရောက် ဆွေးနွေးသင့်တဲ့ ပွဲတစ်ခုဆိုရင်လည်း မမှားပါဘူး။

 

ပွဲတက်ရောက်ချင်တယ်ဆိုရင်တော့ အောက်ကလင့်ခ်မှာ ကြိုတင် စာရင်းပေးသွင်းဖို့ လိုပါတယ်။ 

> https://forms.gle/iX1cg5qFEEAbprfg9

University / College Local News Read 504 times