Sales Hotline : 09448001653       Download App



အမေရိကန်ပြည်ထောင်စုမှာ ပညာသင်ယူဖို့စိတ်ဝင်စားပါသလား? 

၂၀၂၁-၂၀၂၂ ပညာသင်နှစ်အတွက် ကမ္ဘာလုံးဆိုင်ရာ ဘွဲ့ကြိုနှီးနှောဖလှယ်ရေးပညာသင်ဆု အစီအစဉ် (Global UGRAD) ကို အမေရိကန်သံရုံးက ဝမ်းမြောက်စွာကြေညာလိုက်ပါတယ်။

ဒီကမ္ဘာလုံးဆိုင်ရာ ဘွဲ့ကြိုနှီးနှောဖလှယ်ရေးပညာသင်ဆု အစီအစဉ်ဆိုတာ အခွင့်အလမ်းနည်းပါးတဲ့ လူမှုအသိုက်အဝန်းတွေက ကျောင်းသူ၊ ကျောင်းသားတွေကို အမေရိကန်ယဉ်ကျေးမှုနဲ့ စံတန်ဖိုးတွေကိုလေ့လာရင်း သူတို့ရဲ့ ခေါင်းဆောင်မှုအရည်အသွေး၊ ပညာရပ်ဆိုင်ရာကျွမ်းကျင်မှုနဲ့ လူမှုရေးလုပ်ငန်းဆောင်ရွက်လိုတဲ့စိတ်ဓာတ်တွေ ပိုမိုအားကောင်းလာစေဖို့အတွက် အမေရိကန်ပြည်ထောင်စုရဲ့ တက္ကသိုလ် ဒါမှမဟုတ် ကောလိပ် တစ်ခုခုမှာ semester တစ်ခုစာ သွားရောက် ပညာသင်ဖို့ ပံ့ပိုးပေးတဲ့အစီအစဉ်ဖြစ်ပါတယ်။

လျှောက်ထားသူတွေအနေနဲ့ သူတို့ရဲ့လျှောက်လွှာတွေကို https://bit.ly/3prbNYi ကတစ်ဆင့် တင်ပေးဖို့လိုအပ်ပြီး ထောက်ခံစာကိုတော့ [email protected] ဆီ အီးမေးလ်နဲ့ပို့ပေးရမှာဖြစ်ပါတယ်။ 
လျှောက်လွှာတင်ရမယ့် နောက်ဆုံးရက်က ဖေဖော်ဝါရီ ၂၈ ရက်၊ ၂၀၂၁ ဖြစ်ပါတယ်။
Global UGRAD ပညာသင်ဆုအကြောင်း ရှင်းလင်းပြောကြားပေးမယ့်ပွဲကို အောက်က အစီအစဉ်အတိုင်းပါဝင်လိုက်ပါ။

နေ့ရက်။ ။ ဇန်နဝါရီ ၁၅၊ ၂၀၂၁
အချိန်။   ။ ညနေ ၄:၀၀ - ၅:၀၀ 
စာရင်းပေးသွင်းရန်:
https://bit.ly/38mG0kq

ဒီဆွေးနွေးဟောပြောပွဲမှာ ပညာသင်ဆုအစီအစဉ်အကြောင်းအသေးစိတ်‌ဆွေးနွေးကြမှာဖြစ်ပြီး ဒီပညာတော်သင်အစီအစဉ်ကနေပြန်လာပြီးကြသူတွေကလည်း သူတို့ရဲ့ အတွေ့အကြုံတွေမျှဝေပေးမှာဖြစ်ပါတယ်။ Zoom ဆွေးနွေးပွဲအတွက် အများဆုံး လက်ခံနိုင်တဲ့ လူဦးရေ (၃၀၀) မပြည့်မချင်း အရင်ဆုံးစာရင်းပေးသွင်းသူတွေက Zoom ထဲကိုဝင်ရမယ့် အချက်အလက်တွေကို ဦးရာလူစနစ်နဲ့ လက်ခံရရှိမှာဖြစ်ပါတယ်။

===================================

The U.S. Embassy is pleased to announce the 2021-2022 Global Undergraduate Exchange Program (Global UGRAD).

The Global UGRAD Program seeks to provide students from under-represented communities with a semester-long educational exchange experience in U.S. colleges or universities to strengthen their leadership, professional skills, and commitment to community service, while exploring U.S. values and culture. 

Applicants need to submit their application to https://bit.ly/3prbNYi and send the recommendation letters to [email protected].
The deadline for applications is February 28, 2021.
Interested in learning more? Please join our Global UGRAD information session.

Date: January 15, 2021
Time: 4:00 – 5:30 p.m. 
Register here:
https://bit.ly/38mG0kq

We will discuss the program in detail and program returnees will share their experiences. Access to the Zoom information session will be granted on a “first come, first served” basis until we reach the 300-person maximum capacity.

Source: U.S. Embassy Rangoon

International Latest Post Read 946 times