Sales Hotline : 09448001653       Download App



Industry 4.0 နှင့်အညီ အမှီလိုက်ရမည့် နည်းပညာနှင့် သက်မွေးပညာရေး (TVET)

TVET - Technical and Vocational Education and Training သည်   သာတူညီမျှသော၊  ရေရှည်တည်တံ့သော လူမှုဝန်းကျင် တိုးတက်ဖွံ့ဖြိုးမှု ရရှိစေရေးအတွက် အရေးပါသော နည်းပညာနှင့် အသက်မွေးဝမ်းကျောင်းဆိုင်ရာ ကျွမ်းကျင်မှုများကို လေ့ကျင့်ပေးသော ပညာရေး ဖြစ်ပါသည်။

ပညာရေးဝန်ကြီးဌာနရှိ နည်းပညာ၊သက်မွေးပညာနှင့် လေ့ကျင့်ရေးဉီးစီးဌာနသည် ပြောင်းလဲထားသော အခြေခံပညာကဏ္ဍ၏ သင်ရိုးသစ် KG+12 နှင့် လိုက်လျောညီထွေရှိစေရန်အတွက် သင်ရိုးညွန်းတမ်းများကိုလည်း စတင်ပြင်ဆင်လျက်ရှိပါသည်။ 

အစိုးရစက်မှုလက်မှုသိပ္ပံ၊ အစိုးရနည်းပညာ အထက်တန်းကျောင်းများအတွက် လက်ရှိသင်ရိုးညွှန်းတမ်းများကို ခေတ်နှင့်အညီ မွမ်းမံခြင်း၊ အဆင့်မြှင့်တင်ခြင်းများဖြင့် အဆင့်လိုက် ပြင်ဆင်လျက်ရှိသည့်အပြင် ကျောင်းများတွင် ခေတ်မှီကိရိယာများအသုံးပြု အစားထိုးခြင်း၊ အခြေခံအဆောက်အဉီးများ တိုးချဲ့ဆောင်ရွက်ခြင်းများကိုလည်း ဆောင်ရွက်လျက်ရှိပါသည်။

ယနေ့ မျက်မှောက်ကာလ စတုတ္ထစက်မှုတော်လှန်ရေး (Industry 4.0) တွင် ဒီဂျစ်တယ်နည်းပညာကို အခြေခံပြီး အင်တာနက်ကွန်ယက်အသုံးပြုပစ္စည်းများဖြင့် အလိုအလျောက်ထိန်းချုပ်မောင်းနှင်မှုများအသုံးပြုလာကြပါသည်။ 

သို့ပါ၍ အထက်ပါ ပြုပြင်ပြောင်းလဲမှုများဖြင့် ခေတ်မီနည်းပညာသုံးသက်မွေးသင်တန်းကျောင်းများသည်သာလျင် Industry 4.0 ကို အမှီလိုက်နိုင်မည့် အရည်အသွေးမီ ကျွမ်းကျင်လုပ်သားများအား မွေးထုတ်ပေးနိုင်မည်ဖြစ်ပါသည်။

By Myanmar Education Guide - EDGE

Latest Post News Read 706 times