မြန်မာနိုင်ငံမွေးမြူရေးလုပ်ငန်းအဖွဲ့ချုပ်သည် School of Industrial Training and Education – SITE နှင့် ပူးပေါင်းကာ “မွေးမြူရေးအခြေပြု စက်မှုကျွမ်းကျင်ရေး အခြေခံသင်တန်း” ကို ဖွင့်လှစ်မည်ဖြစ်သည်။
မွေးမြူရေးနှင့် ဆက်စပ်လုပ်ငန်းကဏ္ဍများတွင် ခေတ်မီနည်းပညာများကို ထိရောက်ကျယ်ပြန့်စွာ အသုံးပြုနိုင်ရေးအတွက် စက်မှုကျွမ်းကျင် လူ့စွမ်းအားအရင်းအမြစ်များ မွေးထုတ်နိုင်ရန် ရည်ရွယ်၍ ဖွင့်လှစ်ခြင်းဖြစ်သည်။
ပထမဆုံးအကြိမ် ဖွင့်လှစ်မည့် အဆိုပါသင်တန်းတွင် သင်တန်းသား/သင်တန်းသူ (၂၀) ဦးအား လက်ခံသင်ကြားပေးသွားမည် ဖြစ်ပါသည်။
သင်တန်းသို့ ခေတ်မီအအေးပေးအလုံပိတ်စနစ် မွေးမြူရေးခြံများ၊ အစာစပ်စက်ရုံများနှင့် စက်ပစ္စည်းအသုံးပြုထုတ်လုပ်ရသည့် Processing လုပ်ငန်းများမှ (အနည်းဆုံး အခြေခံပညာအထက်တန်းအဆင့် ရောက်ရှိထားသူ) ဝန်ထမ်းများ တက်ရောက်နိုင်မည်။
သင်တန်းကို ၂၀၂၆ ခုနှစ် မေလ (၁၁) ရက်မှ (၂၃) ရက်အထိ ဖွင့်လှစ်ပို့ချသွားရန် စီစဉ်ထားပြီး အဆောင်လည်း စီစဉ်ပေးမည်ဖြစ်ကြောင်း သိရသည်။
သင်တန်းတွင် Electrical Technology ဘာသာရပ်အတွက် သင်ခန်းစာ (၈) ခု၊ Machinery and Plant Equipment ဘာသာရပ်အတွက် သင်ခန်းစာ (၄) ခု၊ IoT Basic ဘာသာရပ်အတွက် သင်ခန်းစာ (၄) ခုနှင့် မွေးမြူရေးခြံတွင် လက်တွေ့အသုံးချမှုဆိုင်ရာ ဖြည့်စွက်သင်ခန်းစာများကို သင်ကြားပေးမည်ဖြစ်သည်။
အဆိုပါသင်ခန်းစာများကို SITE သင်တန်းကျောင်း (အမှတ် ၁၂၃၊ နတ်မောက်လမ်း၊ ဗဟန်းမြို့ နယ်၊ ရန်ကုန်မြို့) ရှိ စာသင်ခန်းများနှင့် Electrical and Electronic Lab ၊ Machinery and Plant Equipment Lab ၊ IoT Lab နှင့် Electrical Wiring Lab များတွင် စာတွေ့လက်တွေ့ သင်ကြားပို့ချပေးမည် ဖြစ်ပါသည်။
သင်တန်းတက်ရောက်လိုသူများ၊ သင်တန်းသား စေလွှတ်လိုသည့် မွေးမြူရေးလုပ်ငန်းရှင်များအနေဖြင့် မြန်မာနိုင်ငံမွေးမြူရေးလုပ်ငန်းအဖွဲ့ချုပ် ဖုန်း (၀၉-၄၄၇၇၃၀၈၀၇) သို့ ဆက်သွယ်စုံစမ်းကာ ဧပြီ (၃၀) အထိ၊ ညနေ (၄) နာရီ နောက်ဆုံးထားကာ သင်တန်းအပ်နှံနိုင်ပါသည်။
=========================================
ပညာရေးဆိုင်ရာ သတင်းအချက်အလက် အစုံအလင်ကို
Telegram နှင့် Viber မှာလည်း အလွယ်တကူ ဖတ်ရှုနိုင်ပါတယ်။
> https://t.me/eudcationguide (Telegram)
> https://invite.viber.com/? (Viber)
နှစ်ပတ်တစ်ကြိမ် ပေးပို့နေတဲ့ Education Bulletin ကို
ရယူဖို့လည်း Subscribe လုပ်ထားနိုင်ပါတယ်။